သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ကန်နိုင်ငံခြားရေးဝန်ကြီး ဂုဏ်ပြုမည်

နိုင်ငံခြားရေးဝန်ကြီး Antony Blinken
နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ရရှိသူတွေထဲ မြန်မာနိုင်ငံကလည်း ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ကြေညာပါတယ်။ မြန်မာနဲ့အတူ Azerbaijan ၊ Bolivia ၊ Colombia ၊ Eswatini ၊ Ghana ၊ Kuwait, Kyrgyz ပြည်ထောင်စုနိုင်ငံတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပမယ့် ဒီအခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တက်ရောက် အမှာစကား ပြောကြားမှာဖြစ်ပြီး အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Uzra Zeya လည်း တက်ရောက်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆုရရှိသူ လူပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကိုတော့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။

ဒီဆုကို မြန်မာနိုင်ငံက လူရွှင်တော် ဇာဂနာနဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ကိုဇော်မင်းထွန်းတို့ ၂၀၁၁ ခုနှစ်က လက်ခံ ရရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG