သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*အကျပ်အတည်းကြုံနေရတဲ့မြန်မာ့အရေး ICG ဆွေးနွေးသုံးသပ်မှု*


မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ လက်ရှိအခြေအနေမှာ ရှေ့မတိုးသာ နောက်ဆုတ်မရ အခြေအနေဖြစ်နေပြီး၊ ရွေးကောက်ပွဲ ထွက်ပေါက်ကလည်း အသွားနှစ်ဖက်နဲ့ ဓားသွားလို သူ့အတွက် အန္တရာယ်ရှိနေတယ်လို့ ICG ပဋိပက္ခလေ့လာရေးအဖွဲ့က သုံးသပ်ပါတယ်။ တဘက်မှာနိုင်ငံတကာချည်းကပ်မှုက အဖြေထွက်ဖို့ အားနည်းနေတာကို ထောက်ပြထားပါတယ်။

အကျပ်အတည်းကြုံနေရတဲ့မြန်မာ့အရေး ICG ဆွေးနွေးသုံးသပ်မှု

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ လက်ရှိအခြေအနေမှာ ရှေ့မတိုးသာ နောက်ဆုတ်မရ အခြေအနေ ဖြစ်နေပြီး၊ ရွေးကောက်ပွဲ ထွက်ပေါက်ကလည်း အသွားနှစ်ဖက်နဲ့ ဓားသွားလို သူ့အတွက် အန္တရာယ်ရှိနေတယ်လို့ ICG ပဋိပက္ခလေ့လာရေးအဖွဲ့က သုံးသပ်ပါတယ်။ တဘက်မှာလည်း ပဋိပက္ခဖြေရှင်းရေး နိုင်ငံတကာ ချည်းကပ်မှုတွေက အဖြေထွက်ဖို့ အားနည်းနေတာကိုလည်း ထောက်ပြထားပါတယ်။ မေလ ၁၇ ရက်နေ့ကလုပ်တဲ့ International Crisis Group (ICG) နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ အွန်လိုင်းဆွေးနွေးပွဲ သုံးသပ်ချက်တွေကို ကိုငြိမ်းချမ်းအေးက တင်ဆက်ပေးမှာပါ။


မြန်မာနိုင်ငံမှာ စစ်တပ်က ဆန့်ကျင်သူတွေကို ဖိနှိပ် အကြမ်းဖက်မှု တိုးလုပ်လာပေမယ့် တော်လှန်ရေး အင်အားစုတွေဘက်က ဆက်ပြီး ပြင်းပြန်းထန်ထန် ခုခံနေဆဲဖြစ်လို့ ပဋိပက္ခအရှိန် လျော့ကျသွားဖို့ မရှိဘူးလို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ International Crisis Group (ICG) လေ့လာသူတွေက သုံးသပ်ပါတယ်။ စစ်တပ်ဟာ နောက်ကြောင်းလည်း ပြန်မလှည့်နိုင်၊ ရှေ့လည်းမတိုးသာ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး စစ်ခေါင်းဆောင် အနေနဲ့ ထွက်ပေါက် ပျောက်နေတယ်လို့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေး (Richard Horsey) က ဒီဆွေးနွေးပွဲမှာ သုံးသပ်ပါတယ်။

" ရွေးကောက်ပွဲက အသွားနှစ်ဖက်ပါတဲ့ ဓားလိုပဲ သူ့အတွက် အန္တရာယ်ရှိပါတယ်။ ရှေ့ဆက်သွားပြီး ရွေးကောက်ပွဲလုပ်၊ စစ်တပ်က အနိုင်ယူ၊ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်တဲ့ ပုံစံမျိုး လုပ်ချင်ပေမယ့် တဘက်မှာလည်း ရွေးကောက်ပွဲက သူ့ အာဏာတည်မြဲရေးအတွက် အန္တရာယ်ဆိုတာ သူသိနေပါတယ်။ ဒါက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ နိုင်သွားမှာကြောင့် ဆိုတာမျိုး မဟုတ်ပါဘူး။ စစ်တပ်က ဒါမျိုး ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဘာကြောင့် သူ့ အတွက် အန္တရာယ်ရှိလဲဆိုတော့ စစ်တပ်ထဲမှာ တခြား စစ်ဗိုလ်ချုပ်ကြီးတွေက အခွင့်ကောင်း စောင့်နေကြတာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကန့်အသတ်မရှိ ဆက်အုပ်ချုပ်မှာမျိုးကို သူတို့ လိုလားချင်မှ လိုလားမှာပါ။ သူ့ကို စစ်တပ်ထဲမှာ ကြိုက်လှချည်ရဲ့ မဟုတ်ပါဘူး။ တပ်ထဲမှာ သူ့ကို လူကြိုက်များ ထောက်ခံတာမျိုး မရှိလှပါဘူး။ "

XS
SM
MD
LG