သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ အလွတ်သဘောဆွေးနွေး


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် အဆောက်အဦ (ဇွန် ၈၊ ၂၀၂၁)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် အဆောက်အဦ (ဇွန် ၈၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေး ကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်က ECOSOC စီးပွားရေးနဲ့ လူမှုရေးကောင်စီ ခန်းမမှာ ဒီကနေ့ ကျင်းပပါတယ်။ နယူးရောက်စံတော်ချိန် နံနက် ၁၀ နာရီမှာ စတင်တဲ့ အရေးပေါ်အစည်းအဝေးကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံက အလွတ်သဘော ခေါ်ယူပြုလုပ်တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂ လူသားချင်းကူညီမှုဆိုင်ရာ ညှိုနှိုင်းဆောင်ရွက်ရေးရုံး OCHA က တာဝန်ရှိသူတဦးနဲ့ မြန်မာအမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအဖြစ် မဝေဝေနုနဲ့ မမေစပယ်ဖြူတို့က လက်ရှိ မြန်မာနိုင်ငံအခြေအနေတွေကို တင်ပြကြပါတယ်။ ကုလသမဂ္ဂဆိုင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်နေပါတယ်။


အင်အားပြင်း မိုခါ ဆိုင်ကလုန်မုန်းတိုင်းကို အလူးအလဲခံလိုက်ရတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အရေးပေါ်အကူအညီတွေ အလုံးအရင်းလိုအပ်နေတဲ့ ကိစ္စအပါဝင် စစ်ကောင်စီအကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ အခြေအနေတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။

အခုလိုမျိုး ကုလသမဂ္ဂရဲ့ ECOSOC ခန်းမမှာ မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို အရေးအစည်းအဝေး ခေါ်ယူကျင်းပတာဟာ ထူးခြားတယ်လို့ ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်အစည်းအဝေးကို တရုတ်အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG