သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခုခံချေပဖို့ ဆုံးဖြတ်ချက် ရုရှားကြိုဆို


 ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov
ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov

(Zawgyi/Unicode)

ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီး ခုခံချေပဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာအနေနဲ့ အရေးယူတာ၊ ဖိအားပေးတာတွေထက် အပြုသဘော မဆောင်ဘဲ အကူအညီတွေပေးဖို့ လိုမယ်လို့လည်း ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း နှစ်တရာပြည့် အခမ်းအနားမှာ VOA ကိုပြောဆိုခဲ့တာပါ။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ (OIC) အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံတွေကိုယ်စား ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာပါ။

ဒီအမှုကို လာမယ့် ဒီဇင်ဘာလမှာ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ICJ နိုင်ငံတကာတရားရုံးက စတင်ကြားနာမှာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံးဘက်က လျှောက်လဲချက်တွေ ပေးရမှာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်က အကျိုးဆောင်အဖွဲ့အဖြစ် ငှားရမ်းထားတဲ့ ဝါရှင်တန်မြို့တော်အခြေစိုက် Foley Hoag အကျိုးဆောင်လုပ်ငန်းက ရှေ့နေ Paul Reichler ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ အပေါ် မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တဲ့ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတဲ့အကြောင်း RFA လွတ်လပ်တဲ့အာရှအသံကို ပြောဆိုပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင် ခုခံချေပမှာကို တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း မြန်မာတပ်မတော် ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG