သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ တရားရံုးေရွ႕ ျပည္ပေရာက္ ျမန္မာေတြ ဆႏၵျပ


နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ၿမဳိ႕ ICJ တရားရုံးေရွ႕ သြားေရာက္ကန္႔ကြက္ ဆႏၵျပၾကသည့္ ျမန္မာႏိုင္ငံသားမ်ား ( Photo: Ko GarGuu, 25 FEB 2022)

ICJ တရားရံုးေရွ႕ ျပည္ပေရာက္ ျမန္မာေတြ ဆႏၵျပ

{{Zawgyi/Unicode}}

နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ျမဳိ႕ ICJ တရား႐ုံးမွာ ျမန္မာစစ္ေကာင္စီ ကိုယ္စားလွယ္ေတြ ေသာၾကာေန႔က ခုခံေခ်ပ ေလွ်ာက္လွဲေနခ်ိန္မွာပဲ နယ္သာလန္နဲ႔ ေနာ္ေဝႏိုင္ငံေရာက္ ျမန္မာေတြက ICJ တရား႐ုံးေရွ႕ သြားေရာက္ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

႐ိုဟင္ဂ်ာေတြကို မ်ိဳးတုံးေစမယ့္ Genocide က်ဴးလြန္မႈ စြပ္စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားတဲ့အမႈအတြက္ စစ္ေကာင္စီရဲ႕ ႏိုင္ငံတကာဆက္ဆံေရးဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္တဲ့အဖြဲ႔က ICJ တရား႐ုံးမွာ ခုခံ ေလွ်ာက္လွဲေနတာပါ။

ဒီအမႈအတြက္ တရားမွ်တမႈ ရေစခ်င္တယ္လို႔ ICJ ေရွ႕ ဆႏၵဖေၚထုတ္ပြဲမွာပါတဲ့ ေနာ္ေဝႏိုင္ငံကလာေရာက္သူ အရွင္ ထာဝရက မိန္႔ပါတယ္။

" ဒီလိုအၾကမ္းဖက္သမားေတြ ဒီလိုေနရာကို လာၿပီးေတာ့ ေျဖရွင္းတာကိုက တရားမွ်တမႈမရွိဘူးလို႔ ခံစားရတဲ့အတြက္ေၾကာင့္ တရားမွ်တမႈရရွိေအာင္လို႔ ဘုန္းဘုန္းဒီေနရာကို ေရာက္ရွိရျခင္းျဖစ္ပါတယ္ ။ ဒီေတာ္လွန္ေရးဟာ ျပည္သူသာအဓိကျဖစ္တဲ့အတြက္ေၾကာင့္ ျပည္သူရဲ႕အဆုံးအျဖတ္ကိုသာလွ်င္ ဒီတရားရုံးကလည္း လက္ခံသင့္ပါတယ္ "

ဒီအမႈမွာ စစ္ေကာင္စီအစိုးရကို အေရးယူအျပစ္ေပးႏိုင္ေရးအတြက္ လာေရာက္ေတာင္းဆိုတာလို႔ နယ္သာလန္ႏိုင္ငံက ႐ိုဟင္ဂ်ာအေရးလႈပ္ရွားသူ ကိုလွျမင့္က ေျပာပါတယ္။

" ဂမ္ဘီယာ က ရိုဟင္ဂ်ာနဲ႔ ပတ္သက္ၿပီး တရားစြဲေပမယ့္ ျမန္မာတျပည္လုံးမွာရွိတဲ့ ျပည္သူလူထုအတြက္ အဲဒီရက္စက္ သတ္ျဖတ္ေနတာကို တရားစြဲျခင္းျဖစ္တယ္လို႔ ဂမ္ဘီယာ ရဲ႕ Justic Minister က ၂၃ ရက္ေန႔ ေျပာသြားပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တု႔ိဝိုင္းဝန္းစုစည္းၿပီးေတာ့ ဂန္ဘီယာဖက္က ရပ္တည္ၿပီးေတာ့ ျမန္မာစစ္ေကာင္စီ စစ္အစိုးရကို အျပစ္ေပးႏိုင္ေရးအတြက္ ဒီကိုလာရျခင္း အားေပးလာျခင္းျဖစ္ပါတယ္ "

ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာေတြအေပၚမွာသာမက အျခား တိုင္းရင္းသားေတြအေပၚမွာပါ အၾကမ္းဖက္မႈေတြ က်ဴးလြန္ေနတာအတြက္ အေရးယူေစခ်င္တယ္လို႔ နယ္သာလန္ႏိုင္ငံက မျမင့္ျမင့္ၾကည္ကလည္း တိုက္တြန္းသြားပါတယ္။

" အခုလက္ရွိ ICJ ကေနၿပီး ျမန္မာႏိုင္ငံကို တရားစြဲထားတဲ့ကိစၥက ဒါက အစိုးရကိုစြဲတာလည္းမဟုတ္ဘူး၊ အဖြဲ႔အစည္းတခုကုိ စြဲတာလည္းမဟုတ္ဘူး၊ လူပုဂၢိုလ္တဦးတည္းကို စြဲတာလည္းမဟုတ္ဘူး။ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီးစြဲတာ ၊ ျမန္မာျပည္မွာလည္း ရိုဟင္ဂ်ာေတြကို မွ Genocide လုပ္တာမဟုတ္ဘူး။ ျပည္တြင္းမွာရွိတဲ့ ဗမာနဲ႔တကြ အားလုံးေသာတိုင္းရင္းသား၊ ျမန္မာႏိုင္ငံမွာ မွီတင္းေနထုိင္ၾကကုန္တဲ့ အားလုံး တိုင္းရင္းသား ညီအကိုေမာင္ႏွမေတြအကုန္လုံးမွာလည္း လက္ရွိမွာလည္း Genocide ပုံစံမ်ဳိး ရြာေတြကို ဗုံးႀကဲ၊ အၾကမ္းဖက္နည္းနဲ႔ ႏိုမ္နင္းၿပီးေတာ့ ဗမာေတြနဲ႔ေကာ တုိင္းရင္းသားေတြေကာ အကုန္လုံးကို လုပ္ေနတဲ့အတြက္ေၾကာင့္ ဒီမွာလာၿပီး ဆႏၵေဖာ္ထုတ္တာပါ "

ျမန္မာျပည္သူေတြ လက္ရွိရင္ဆိုင္ေနရတဲ့ ႏိုင္ငံေရးအက်ပ္တည္း ေက်ာ္လႊားႏိုင္ဖို႔ ျပည္တြင္းျပည္ပ ပူးေပါင္းလုပ္ေဆာင္သြားဖို႔ အမ္စတာဒမ္မွာ သတင္းသုံးတဲ့ အရွင္စႏၵာဝရက မိန္႔ပါတယ္။

" ျမန္္မာျပည္သူျပည္သားေတြအတြက္ Justic ဆိုတဲ့ တရားမွ်တေရး ရရွိဖို႔အတြက္ ဦးဇင္း တို႔ေရာက္လာၾကတာပါ။ ညီညီညာညာ ပူးေပါင္းေဆာင္ရြက္ရင္ တေန႔ ဒီစစ္ေကာင္စီကို တရားရုံးကို ပို႔ႏိုင္မွာပါ။ သူတို႔မိုက္ျပစ္ေတြကို တရားမွ်တမႈရရွိေစမယ္လို႔ ဦးဇင္း တို႔ယုံၾကည္ပါတယ္ "

ျပည္ပေရာက္ ျမန္မာေတြက ေဖေဖၚဝါရီ(၂၁)(၂၃) (၂၅)ရက္ေန႔ေတြမွာ ICJ ေရွ႕ဆႏၵျပခဲ့ၾကၿပီး လာမယ့္ (၂၈)ရက္ေန႔မွာလည္း ဆႏၵျပၾကဦးမယ္လို႔ ဆိုပါတယ္။

ICJ တရားရံုးေရွ႕ ျပည္ပေရာက္ ျမန္မာေတြ ဆႏၵျပ
please wait

No media source currently available

0:00 0:03:20 0:00
တိုက္႐ိုက္ လင့္ခ္

............................................

ICJ တရားရုံးရှေ့ ပြည်ပရောက် မြန်မာတွေ ဆန္ဒပြ

{{Unicode}}
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေ သောကြာနေ့က ခုခံချေပ လျှောက်လှဲနေချိန်မှာပဲ နယ်သာလန်နဲ့ နော်ဝေနိုင်ငံရောက် မြန်မာတွေက ICJ တရားရုံးရှေ့ သွားရောက်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို မျိုးတုံးစေမယ့် Genocide ကျူးလွန်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုအတွက် စစ်ကောင်စီရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က ICJ တရားရုံးမှာ ခုခံ လျှောက်လှဲနေတာပါ။

ဒီအမှုအတွက် တရားမျှတမှု ရစေချင်တယ်လို့ ICJ ရှေ့ ဆန္ဒဖေါ်ထုတ်ပွဲမှာပါတဲ့ နော်ဝေနိုင်ငံကလာရောက်သူ အရှင် ထာဝရက မိန့်ပါတယ်။

" ဒီလိုအကြမ်းဖက်သမားတွေ ဒီလိုနေရာကို လာပြီးတော့ ဖြေရှင်းတာကိုက တရားမျှတမှုမရှိဘူးလို့ ခံစားရတဲ့အတွက်ကြောင့် တရားမျှတမှုရရှိအောင်လို့ ဘုန်းဘုန်းဒီနေရာကို ရောက်ရှိရခြင်းဖြစ်ပါတယ် ။ ဒီတော်လှန်ရေးဟာ ပြည်သူသာအဓိကဖြစ်တဲ့အတွက်ကြောင့် ပြည်သူရဲ့အဆုံးအဖြတ်ကိုသာလျှင် ဒီတရားရုံးကလည်း လက်ခံသင့်ပါတယ် "

ဒီအမှုမှာ စစ်ကောင်စီအစိုးရကို အရေးယူအပြစ်ပေးနိုင်ရေးအတွက် လာရောက်တောင်းဆိုတာလို့ နယ်သာလန်နိုင်ငံက ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုလှမြင့်က ပြောပါတယ်။

" ဂမ်ဘီယာ က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး တရားစွဲပေမယ့် မြန်မာတပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအတွက် အဲဒီရက်စက် သတ်ဖြတ်နေတာကို တရားစွဲခြင်းဖြစ်တယ်လို့ ဂမ်ဘီယာ ရဲ့ Justic Minister က ၂၃ ရက်နေ့ ပြောသွားပါတယ်။ အဲဒါကြောင့် ကျနော်တု့ိဝိုင်းဝန်းစုစည်းပြီးတော့ ဂန်ဘီယာဖက်က ရပ်တည်ပြီးတော့ မြန်မာစစ်ကောင်စီ စစ်အစိုးရကို အပြစ်ပေးနိုင်ရေးအတွက် ဒီကိုလာရခြင်း အားပေးလာခြင်းဖြစ်ပါတယ် "

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ်မှာသာမက အခြား တိုင်းရင်းသားတွေအပေါ်မှာပါ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာအတွက် အရေးယူစေချင်တယ်လို့ နယ်သာလန်နိုင်ငံက မမြင့်မြင့်ကြည်ကလည်း တိုက်တွန်းသွားပါတယ်။

" အခုလက်ရှိ ICJ ကနေပြီး မြန်မာနိုင်ငံကို တရားစွဲထားတဲ့ကိစ္စက ဒါက အစိုးရကိုစွဲတာလည်းမဟုတ်ဘူး၊ အဖွဲ့အစည်းတခုကို စွဲတာလည်းမဟုတ်ဘူး၊ လူပုဂ္ဂိုလ်တဦးတည်းကို စွဲတာလည်းမဟုတ်ဘူး။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးစွဲတာ ၊ မြန်မာပြည်မှာလည်း ရိုဟင်ဂျာတွေကို မှ Genocide လုပ်တာမဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ ဗမာနဲ့တကွ အားလုံးသောတိုင်းရင်းသား၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြကုန်တဲ့ အားလုံး တိုင်းရင်းသား ညီအကိုမောင်နှမတွေအကုန်လုံးမှာလည်း လက်ရှိမှာလည်း Genocide ပုံစံမျိုး ရွာတွေကို ဗုံးကြဲ၊ အကြမ်းဖက်နည်းနဲ့ နိုမ်နင်းပြီးတော့ ဗမာတွေနဲ့ကော တိုင်းရင်းသားတွေကော အကုန်လုံးကို လုပ်နေတဲ့အတွက်ကြောင့် ဒီမှာလာပြီး ဆန္ဒဖော်ထုတ်တာပါ "

မြန်မာပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်တည်း ကျော်လွှားနိုင်ဖို့ ပြည်တွင်းပြည်ပ ပူးပေါင်းလုပ်ဆောင်သွားဖို့ အမ်စတာဒမ်မှာ သတင်းသုံးတဲ့ အရှင်စန္ဒာဝရက မိန့်ပါတယ်။

" မြန်မာပြည်သူပြည်သားတွေအတွက် Justic ဆိုတဲ့ တရားမျှတရေး ရရှိဖို့အတွက် ဦးဇင်း တို့ရောက်လာကြတာပါ။ ညီညီညာညာ ပူးပေါင်းဆောင်ရွက်ရင် တနေ့ ဒီစစ်ကောင်စီကို တရားရုံးကို ပို့နိုင်မှာပါ။ သူတို့မိုက်ပြစ်တွေကို တရားမျှတမှုရရှိစေမယ်လို့ ဦးဇင်း တို့ယုံကြည်ပါတယ် "

ပြည်ပရောက် မြန်မာတွေက ဖေဖေါ်ဝါရီ(၂၁)(၂၃) (၂၅)ရက်နေ့တွေမှာ ICJ ရှေ့ဆန္ဒပြခဲ့ကြပြီး လာမယ့် (၂၈)ရက်နေ့မှာလည်း ဆန္ဒပြကြဦးမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG