သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ ဥပေဒေရးရာကိုယ္စားလွယ္ေတြနဲ႔ IIMM ဒီေန႔ေတြ႔ဆံုဖို႔ရွိ


၄၂ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ အစီရင္ခံတင္ျပေနတဲ့ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈ ယႏၱရား အဖဲြ႔ ဥကၠဌ Nicholas Koumjian

{{Zawgyi/Unicode}}

ျမန္မာႏုိ္င္ငံ ဥပေဒေရးရာကိုယ္စားလွယ္ေတြနဲ႔ ျမန္မာႏိုင္ငံအတြက္ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးမႈ ဆိုင္ရာ ယႏၲယား IIMM အဖြဲ႕ အႀကီးအကဲတို႔ ဒီကေန႔ ဧၿပီလ ၇ ရက္ေန႔မွာ ေတြ႕ဆုံသြားဖို႔ရွိတယ္လို႔ CRPH ရဲ႕ ကုလသမဂၢဆိုင္ရာ အထူးသံတမန္ ေဒါက္တာဆာဆာက ထုတ္ျပန္ထားပါတယ္။

ဒီလိုေတြ႔ဆံုမႈကို CRPH ကတဆင့္ ေဆာင္ရြက္တာလို႔လည္း ေဖာ္ျပထားပါတယ္။ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဆႏၵျပပြဲေတြကိုၿဖိဳခြဲႏွိမ္ႏွင္းတာမွာ စစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ ပတ္သက္ၿပီး CRPH နဲ႔ IIMM တို႔ၾကား ပူးေပါင္းေဆြးေႏြး အေျဖရွာၾကဖို႔ ရည္႐ြယ္ထားတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း က်ဳးလြန္ခဲ့တဲ့ လူ႔အခြင့္အရးခ်ဳိးေဖါက္မႈ၊ ႏွိပ္စက္ၫွဥ္းပန္းမႈေတြနဲ႔ တရားလက္လြတ္ သတ္ျဖတ္မႈ သက္ေသအေထာက္အထား ၁၈၀,၀၀၀ ကို စုေဆာင္းထားတယ္လို႔လည္း ေဒါက္တာဆာဆာရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရအဖြဲ႔ကို ဖယ္ရွားၿပီး စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာရယူခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း လူ ၆၀၀ ေလာက္ အသတ္ခံခဲ့ရတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေျပာပါတယ္။

မွတ္တမ္း ၁၈၀,၀၀၀ ထဲမွာ ဥပေဒမဲ့သတ္ျဖတ္မႈ ၅၄၀ ေက်ာ္၊ အက်ဥ္းေထာင္အတြင္း ေသဆုံးမႈ ၁၀ မႈ အျပင္ ႏွိပ္စက္ၫွဥ္းပန္းတာ၊ တရားမ၀င္ ဖမ္းဆီးတာနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲေတြအေပၚ အင္အားအလြန္အကြ်ံသုံး ႏွိမ္ႏွင္းမႈေတြ ပါ၀င္တယ္လို႔ ေဒါက္တာဆာဆာရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံ ဥပဒေရေးရာကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ဆိုင်ရာ ယန္တယား IIMM အဖွဲ့ အကြီးအကဲတို့ ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ထုတ်ပြန်ထားပါတယ်။

ဒီလိုတွေ့ဆုံမှုကို CRPH ကတဆင့် ဆောင်ရွက်တာလို့လည်း ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြပွဲတွေကိုဖြိုခွဲနှိမ်နှင်းတာမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး CRPH နဲ့ IIMM တို့ကြား ပူးပေါင်းဆွေးနွေး အဖြေရှာကြဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရးချိုးဖေါက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ တရားလက်လွတ် သတ်ဖြတ်မှု သက်သေအထောက်အထား ၁၈၀,၀၀၀ ကို စုဆောင်းထားတယ်လို့လည်း ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်အုပ်ချုပ်ရေးကောင်စီ အာဏာရယူခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူ ၆၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်တမ်း ၁၈၀,၀၀၀ ထဲမှာ ဥပဒေမဲ့သတ်ဖြတ်မှု ၅၄၀ ကျော်၊ အကျဉ်းထောင်အတွင်း သေဆုံးမှု ၁၀ မှု အပြင် နှိပ်စက်ညှဉ်းပန်းတာ၊ တရားမဝင် ဖမ်းဆီးတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေအပေါ် အင်အားအလွန်အကျွံသုံး နှိမ်နှင်းမှုတွေ ပါဝင်တယ်လို့ ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG