သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်လာရောက်သူ မြန်မာ ၁၅၀ ကျော် ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

၂၀၁၆ နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ်ထဲ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို Cox’s Bazar အရပ်တွင် ဖမ်းမိစဉ်
၂၀၁၆ နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ်ထဲ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို Cox’s Bazar အရပ်တွင် ဖမ်းမိစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅၂ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီ လူတွေကို Gazipur ခရိုင်၊ Tongi ဒေသက Ijtema အရပ်မှာ ဖမ်းဆီးမိလိုက်တာလို့ ဆိုပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေ ရောက်နေတဲ့အကြောင်း ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေက သတင်းပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောတာကို ကိုးကားပြီး The Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့အားလုံးထံမှာ ခိုင်လုံတဲ့ အထောက်အထား ပါလာတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို တရားမဝင် ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ သူတို့အထဲက ၁၂၆ ယောက်ဟာ Cox’s Bazar ကတဆင့် ခိုးဝင်လာခြင်း ဖြစ်ကြောင်း အဲဒီလူတွေက ထွက်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ခိုးဝင်လာသူတွေထဲက ၁၃ ယောက်ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကတဆင့် တခြားနိုင်ငံတခုခုကို ထွက်ပြေးဖို့ဆိုတဲ့ အစီအစဉ်နဲ့ အဲဒီလို ခိုးဝင်လာခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲမှူးကြီး Harun-ar-Rashid က ပြောတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိသူတွေကို စစ်ဆေး မေးမြန်းပြီးတဲ့နောက် ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

တရားမဝင်လာရောက်သူ မြန်မာ ၁၅၀ ကျော် ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG