သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO ညီလာခံမှာ မြန်မာကိုယ်စားပြုမှုချန်လှပ်


အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) က ၁၁၁ ကြိမ်မြောက်ညီလာခံ
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) က ၁၁၁ ကြိမ်မြောက်ညီလာခံ

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး (ILO) က ၁၁၁ ကြိမ်မြောက်ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကိုမှလက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၂၃ ဇွန်လ ၁၀ ရက်နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ ILO ရဲ့ မှတ်တမ်းစာမျက်နှာ ၆ ကနေ ၈ အထိမှာခုလို ဖော်ပြထားတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကလည်း ခုအတိုင်းပဲဆုံးဖြတ်ခဲ့တာကိုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကိုကိုယ်စားပြုတက်ရောက်ဖို့ စစ်ကောင်စီအလုပ်သမား၀န်ကြီးဦးပွင့်ဆန်းနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးနိုင်သုဝဏ္ဏတို့က မေလထဲမှာကိုယ်စားလှယ်အဖွဲ့ အသီးသီးကိုအဆိုပြု တင်ပြခဲ့ကြတာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်၊ ဒီနှစ်ထဲမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီး ရဲ့ ညီလာခံ ဆုံးဖြတ်ချက် အစရှိတဲ့ အလားတူ ဆုံးဖြတ်ခဲ့တဲ့ အစဥ်အလာတွေ ကို မြန်မာ ကိစ္စ စဥ်းစားရာမှာ ထည့်သွင်းစဥ်းစားခဲ့တယ်လို့ ILO က ဆိုပါတယ်။

ကိုယ်စားပြုမှု နဲ့ ပတ်သက်ပြီး အစိုးရတဖွဲ့ထက်မက များနေတဲ့အခြေအနေတွေမှာ ကုလသမဂ္ဂရဲ့ အခြား အဖွဲ့အစည်းတွေဟာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘောထားကို ထည့်သွင်းစဥ်းစားရမယ်ဆိုတဲ့ ၁၉၅၀ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ကိုးကားပြီး ILO က ခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ မှတ်တမ်းမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG