၂၀၂၃ ခုႏွစ္မွာ ကမာၻ႔စီးပြားေရး က်ပ္တည္းႏိုင္ေၾကာင္း IMF အႀကီးအကဲခန္႔မွန္း
{{Zawgyi/Unicode}}
ကမာၻ႔စီးပြားေရး ဖြံ႔ၿဖိဳးမႈမွာ အဓိကတြန္းအားျဖစ္တဲ့ အေမရိကန္၊ ဥေရာပနဲ႔ တ႐ုတ္ႏုိင္ငံေတြမွာ စီးပြားေရး အားနည္းမႈေတြေၾကာင့္ ဒီႏွစ္ ၂၀၂၃ ခုနွစ္ ကမာၻ႔စီးပြားေရးဟာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အခက္အခဲေတြနဲ႔ ရင္ဆုိင္ရလိမ့္မယ္လို႔ အျပည္ျပည္ဆုိင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႔ IMF အႀကီးအကဲက ေျပာလိုက္ပါတယ္။
ကုန္လြန္ခဲ့တဲ့ ႏွစ္ထက္စာရင္ ဒီႏွစ္ထဲမွာ အခက္အခဲေတြနဲ႔ ပိုၿပီးရင္ဆုိင္ၾကရလိမ့္မယ္လို႔ IMF ညႊန္ၾကားေရးမွဴး Kristalina Georgieva က CBS ႐ုပ္သံရဲ ႔ "Face the Nation" တနဂၤေႏြေန႔ အစီအစဥ္မွာ ေျပာဆိုသြားတာပါ။
စီးပြားေရးအင္အားႀကီး အေမရိကန္၊ ဥေရာပနဲ႔ တ႐ုတ္ႏုိင္ငံေတြမွာ တၿပိဳင္နက္တည္း ဖြံ႔ၿဖိဳးမႈေတြ အားနည္းေနတာက အဓိက အေၾကာင္းရင္း အျဖစ္နဲ႔လည္း ေျပာဆိုသြားပါတယ္။ ေအာက္တိုဘာလထဲ IMF ရဲ ႔ထုတ္ျပန္ခ်က္မွာေတာ့ ယူကရိန္းစစ္ပြဲ၊ ေငြေၾကးေဖာင္းပြမႈနဲ႔ အေမရိကန္ ဗဟိုဘဏ္က ဘဏ္တိုးႏႈန္းေတြ တိုးလိုက္တာမ်ိဳးလို ျဖစ္ရပ္ေတြရဲ ႔ရို္က္ခတ္မႈေတြေၾကာင့္ ဒီႏွစ္ ၂၀၂၃ ခုႏွစ္အတြက္ ကမာၻ႔စီးပြားေရး ဖြံ႔ျဖဳိးမႈႏႈန္းကို ေလွ်ာ့ခ်ခန္႔မွန္းထားပါတယ္။
၂၀၂၂ ခုနွစ္မွာ တရုတ္နုိင္ငံရဲ ႔စီးပြါးေရးဖြံ႔ၿဖိဳးတိုးတက္မႈနႈန္းဟာ နွစ္ေပါင္း ၄၀ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ကမၻာ့စီးပြါးဖြံ႔ၿဖိဳးမႈႈႏႈန္း တဝိုက္ေလာက္မွာသာ ရွိႏိုင္ေၾကာင္းလည္း IMF အႀကီးအကဲ ကေျပာပါတယ္။ တရုတ္မွာ လာမယ့္လေတြအတြင္း ကိုဗစ္ပိုး ကူးစက္မႈလႈိင္းႀကီးေပၚေပါက္လာမယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြရွိေနတာေၾကာင့္ ဒီႏွစ္ထဲ တရုတ္ႏုိင္ငံကိုေရာ ကမၻာ့စီးပြါးေရးအေပၚမွာပါ သက္ေရာက္မႈရွိလာႏုိ္င္တယ္လို႔လည္း သတိေပးခဲ့ပါတယ္။
၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ကျပ်တည်းနိုင်ကြောင်း IMF အကြီးအကဲခန့်မှန်း
{{Zawgyi/Unicode}}
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိကတွန်းအားဖြစ်တဲ့ အမေရိကန်၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာ စီးပွားရေး အားနည်းမှုတွေကြောင့် ဒီနှစ် ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဟာ နေရာတော်တော်များများမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲက ပြောလိုက်ပါတယ်။
ကုန်လွန်ခဲ့တဲ့ နှစ်ထက်စာရင် ဒီနှစ်ထဲမှာ အခက်အခဲတွေနဲ့ ပိုပြီးရင်ဆိုင်ကြရလိမ့်မယ်လို့ IMF ညွှန်ကြားရေးမှူး Kristalina Georgieva က CBS ရုပ်သံရဲ့ "Face the Nation" တနင်္ဂနွေနေ့ အစီအစဉ်မှာ ပြောဆိုသွားတာပါ။
စီးပွားရေးအင်အားကြီး အမေရိကန်၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာ တပြိုင်နက်တည်း ဖွံ့ဖြိုးမှုတွေ အားနည်းနေတာက အဓိက အကြောင်းရင်း အဖြစ်နဲ့လည်း ပြောဆိုသွားပါတယ်။ အောက်တိုဘာလထဲ IMF ရဲ့ထုတ်ပြန်ချက်မှာတော့ ယူကရိန်းစစ်ပွဲ၊ ငွေကြေးဖောင်းပွမှုနဲ့ အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတွေ တိုးလိုက်တာမျိုးလို ဖြစ်ရပ်တွေရဲ့ရိုက်ခတ်မှုတွေကြောင့် ဒီနှစ် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို လျှော့ချခန့်မှန်းထားပါတယ်။
၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့စီးပွါးဖွံ့ဖြိုးမှုှုနှုန်း တဝိုက်လောက်မှာသာ ရှိနိုင်ကြောင်းလည်း IMF အကြီးအကဲ ကပြောပါတယ်။ တရုတ်မှာ လာမယ့်လတွေအတွင်း ကိုဗစ်ပိုး ကူးစက်မှုလှိုင်းကြီးပေါ်ပေါက်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေတာကြောင့် ဒီနှစ်ထဲ တရုတ်နိုင်ငံကိုရော ကမ္ဘာ့စီးပွါးရေးအပေါ်မှာပါ သက်ရောက်မှုရှိလာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။