သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔စီးပြားေရး တိုးတက္မႈ က်ဆင္းႏိုင္ေၾကာင္း IMF ခန္႔မွန္း


국제통화기금(IMF) 로고가 IMF 본부 건물 앞에 걸려 있다. (자료사진)

ယူကရိန္းအေပၚ ႐ုရွားက ဆက္လက္ တိုက္ခိုက္ေနတာ၊ ေငြေၾကးေဖာင္းပြတာ၊ စီးပြားေရး လုပ္ငန္းေတြနဲ႔ စားသုံးသူေတြအတြက္ အတိုးႏႈန္းေတြ ျမင့္လာတာေတြေၾကာင့္၊ လာမယ့္ ၂၀၂၃ ခုႏွစ္ ကမာၻ႔စီးပြားေရး ဖြံ႔ၿဖိဳးမႈ ခန္႔မွန္းခ်က္ကို အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖဲြ႕ IMF က ေလွ်ာ့ခ်လိုက္ပါတယ္။   

ကမာၻ႔စီးပြားေရး တိုးတက္မႈ က်ဆင္းႏိုင္ေၾကာင္း IMF ခန္႔မွန္း

{{Zawgyi/Unicode}}
ယူကရိန္းအေပၚ ႐ုရွားက ဆက္လက္ တိုက္ခိုက္ေနတာ၊ ေငြေၾကးေဖာင္းပြတာ၊ စီးပြားေရး လုပ္ငန္းေတြနဲ႔ စားသုံးသူေတြအတြက္ အတိုးႏႈန္းေတြ ျမင့္လာတာေတြေၾကာင့္၊ လာမယ့္ ၂၀၂၃ ခုႏွစ္ ကမာၻ႔စီးပြားေရး ဖြံ႔ၿဖိဳးမႈ ခန္႔မွန္းခ်က္ကို အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖဲြ႕ IMF က ေလွ်ာ့ခ်လိုက္ပါတယ္။

IMF က လာမယ့္ႏွစ္အတြက္ ကမာၻ႔ ႀကီးထြားမႈႏႈန္းကို ဇူလိုင္လတုန္းက ၂.၉ % ရွိမယ္လို႔ ခန္႔မွန္းထားရာကေန အခုေတာ့ ၂.၇ % ေလာက္ပဲ ရွိေတာ့မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းေျပာပါတယ္။ ဒါေပမယ့္ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ ကိုေတာ့ IMF က မေျပာင္းလဲပဲ ၃.၂ % ေလာက္ရွိမယ္လို႔ ခန္႔မွန္းထားတာ ျဖစ္ၿပီး မႏွစ္က ၆ % တိုးတက္ခဲ့တာထက္ေတာ့ ထက္ဝက္ေလာက္ ေလ်ာ့နည္းေနဆဲျဖစ္ပါတယ္။

ကမာၻ႔စီးပြားေရးဟာ ၂၀၀၁ ခုႏွစ္ ကစလို႔ ဖြံ႔ၿဖိဳးမႈ အနည္းဆုံး အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီး၊ လာမယ့္ ၂၀၂၃ ခုႏွစ္ကေတာ့ အဆိုးဆံုး ျဖစ္ဖို႔ရွိေနၿပီး လူအမ်ားအတြက္ စီးပြားေရး ကပ္ဆိုက္သလို ခံစားရမယ့္ႏွစ္ ျဖစ္လာႏိုင္တယ္လို႔လည္း IMF က သတိေပးပါတယ္။ လာမယ့္ ႏွစ္ရဲ႕ ပထမ ၃ လပတ္ ၂ ခုမွာ ကမာၻ႔စီးပြားေရး ၃ ပုံ ၁ ပုံေက်ာ္ဟာ အႏႈတ္လကၡဏာ ျပလိမ့္မယ္လို႔လည္း IMF က ခန္႔မွန္းပါတယ္။

ဥေရာပက စီးပြါးေရးအခ်က္ခ်ာက်တဲ့ ႏိုင္ငံေတြ ေငြေၾကး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ကမာၻ႔စီးပြါးေရးအင္အား အႀကီးဆံုးျဖစ္တဲ့ အေမရိကန္နဲ႔ တ႐ုတ္တို႔ စီးပြါးေရး က်ဆင္းေနတဲ့ အတြက္ IMF ရဲ႕ အခုလို ခန္႔မွန္းခ်က္က အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ဒီၾကားထဲ ၈ လထဲ ဝင္လာၿပီျဖစ္တဲ့ ႐ုရွားရဲ႕ ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္ ႐ုရွားအေပၚ အေမရိကန္နဲ႔ အေနာက္မဟာမိတ္ေတြရဲ႕ စီးပြါးေရး ဒဏ္ခတ္ အေရးယူမႈကိုလည္း ႐ုရွားက ခါးစည္းခံေနရတာ ျဖစ္ပါတယ္။ ကမာၻတလႊား စီးပြါးေရးကပ္ဆိုက္မယ့္ အႏၲရာယ္ၾကံဳေနရသလို ကမာၻ႔စီးပြါးေရးကလည္း သမိုင္းမွာ မၾကံဳစဖူး မခိုင္မာပဲ အားနည္းေနခ်ိန္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဝါရွင္တန္ဒီစီမွာ ကမာၻ႔ဘဏ္နဲ႔ ေတြ႕ဆံုခဲ့တဲ့ IMF အႀကီးအကဲ Kristalina Georgieva က သတိေပးပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................

ကမ္ဘာ့စီးပွားရေး တိုးတက်မှု ကျဆင်းနိုင်ကြောင်း IMF ခန့်မှန်း

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ရုရှားက ဆက်လက် တိုက်ခိုက်နေတာ၊ ငွေကြေးဖောင်းပွတာ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် အတိုးနှုန်းတွေ မြင့်လာတာတွေကြောင့်၊ လာမယ့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လျှော့ချလိုက်ပါတယ်။

IMF က လာမယ့်နှစ်အတွက် ကမ္ဘာ့ ကြီးထွားမှုနှုန်းကို ဇူလိုင်လတုန်းက ၂.၉ % ရှိမယ်လို့ ခန့်မှန်းထားရာကနေ အခုတော့ ၂.၇ % လောက်ပဲ ရှိတော့မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၂၂ ခုနှစ် ကိုတော့ IMF က မပြောင်းလဲပဲ ၃.၂ % လောက်ရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပြီး မနှစ်က ၆ % တိုးတက်ခဲ့တာထက်တော့ ထက်ဝက်လောက် လျော့နည်းနေဆဲဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ၂၀၀၁ ခုနှစ် ကစလို့ ဖွံ့ဖြိုးမှု အနည်းဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ လာမယ့် ၂၀၂၃ ခုနှစ်ကတော့ အဆိုးဆုံး ဖြစ်ဖို့ရှိနေပြီး လူအများအတွက် စီးပွားရေး ကပ်ဆိုက်သလို ခံစားရမယ့်နှစ် ဖြစ်လာနိုင်တယ်လို့လည်း IMF က သတိပေးပါတယ်။ လာမယ့် နှစ်ရဲ့ ပထမ ၃ လပတ် ၂ ခုမှာ ကမ္ဘာ့စီးပွားရေး ၃ ပုံ ၁ ပုံကျော်ဟာ အနှုတ်လက္ခဏာ ပြလိမ့်မယ်လို့လည်း IMF က ခန့်မှန်းပါတယ်။

ဥရောပက စီးပွါးရေးအချက်ချာကျတဲ့ နိုင်ငံတွေ ငွေကြေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာ့စီးပွါးရေးအင်အား အကြီးဆုံးဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ စီးပွါးရေး ကျဆင်းနေတဲ့ အတွက် IMF ရဲ့ အခုလို ခန့်မှန်းချက်က အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီကြားထဲ ၈ လထဲ ဝင်လာပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားအပေါ် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေရဲ့ စီးပွါးရေး ဒဏ်ခတ် အရေးယူမှုကိုလည်း ရုရှားက ခါးစည်းခံနေရတာ ဖြစ်ပါတယ်။ ကမ္ဘာတလွှား စီးပွါးရေးကပ်ဆိုက်မယ့် အန္တရာယ်ကြုံနေရသလို ကမ္ဘာ့စီးပွါးရေးကလည်း သမိုင်းမှာ မကြုံစဖူး မခိုင်မာပဲ အားနည်းနေချိန်နဲ့ ရင်ဆိုင်နေရတယ်လို့ ဝါရှင်တန်ဒီစီမှာ ကမ္ဘာ့ဘဏ်နဲ့ တွေ့ဆုံခဲ့တဲ့ IMF အကြီးအကဲ Kristalina Georgieva က သတိပေးပါတယ်။

XS
SM
MD
LG