သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ အိမ္ၿခံေျမ ေစ်းကြက္ အေရြ႕


(Zawgyi/ Unicode)
ရန္ကုန္တိုင္း လွည္းကူးမွာ ဒီဇင္ဘာလ အတြင္း ကိုရီးယား - ျမန္မာ စက္မႈဇုန္ကို စၿပီး အုတ္ျမစ္ခ်မယ့္ ကိစၥ အပါအ၀င္ တျခား အစိုးရ စီမံကိန္းႀကီးေတြလည္း ရွိေနပါတယ္။ ဒီအခ်က္ေၾကာင့္ ရန္ကုန္ အတြင္း အိမ္ျခံေျမ ေစ်းကြက္ အတြင္း လႈပ္ရွားမႈ ရွိလာပါသလား။ အိမ္ျခံေျမ အက်ိဳးေဆာင္ ေဒၚေအးသီတာေဆြကို ေမးျမန္းၿပီး ဒီသတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထို္က္ တင္ျပထားပါတယ္။

“ က်မတို႔မွာ ႏုိင္ငံေတာ္ စီမံကိန္းႀကီးေတြလည္း အမ်ားႀကီး စီစဥ္ထားတာ ရွိပါတယ္။ ဥပမာ ဆိုလို႔ ရွိရင္ ေနာက္လ ဒီဇင္ဘာလမွာ ကိုရီးယား -ျမန္မာ စက္မႈဇုန္ကို လွည္းကူးမွာ အုတ္ျမစ္ခ်ပါမယ္။ ေနာက္ မၾကာမီ ကာလမွာ ျမန္မာ - စကာၤပူ စက္မႈဥယ်ာဥ္ေပါ့ေနာ္ အဲဒါလည္း လွည္းကူးမွာပါဘဲ။ ဒီဟာကိုလည္း က်မတို႔ စၿပီး အေကာင္အထည္ ေဖာ္ပါမယ္။

ေနာက္ၿပီးေတာ့ ဒဂံုၿမိဳ႕သစ္ဘက္မွာ ဆိုရင္လည္း Smart and Eco City Project ေပါ့ေနာ္။ နည္းပညာ တိုးတက္မႈနဲ႔ ျပည့္၀တဲ႔ ၿမိဳ႕ တခု စီမံကိန္း တခုကိုလည္း က်မတို႔ စၿပီး အေကာင္အထည္ ေဖာ္ဖို႔ ရွိပါတယ္။ အဲေတာ့ ဒီလို စီမံကိန္းႀကီးေတြ အေကာင္အထည္ ေဖာ္တဲ႔ ေနရာမွာ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ ေငြေတြ ၀င္လာရံုတင္ မကဘဲ က်မတို႔ ျပည္သူေတြ အတြက္ အလုပ္အကိုင္ ဖန္တီးမႈဘက္မွာ အင္မတန္မွ အေရး ပါပါတယ္။
အလုပ္အကိုင္ ဖန္တီးျခင္း အားျဖင့္ က်မတို႔ COVID ေနာက္ပိုင္း ကာလမွာ ျပည္သူေတြ တဦးခ်င္း တဦးခ်င္းရဲ႕ စီးပြားေရး အေျခအေန ဦးေမာ့လာေအာင္လို႔ ဒါေတြဟာ အေထာက္အကူ ျဖစ္ပါလိမ့္မယ္။”
ႏို၀င္ဘာလ ၂၀ ရက္ေန႔က ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

သိဂၤ ီထိုက္။ ။ ၿပီးခဲ႔တဲ႔ ၂၀ ရက္ေန႔တုန္းက ေဒၚေအာင္ဆန္းစုၾကည္ ေျပာသြားတာေပါ့ေနာ္။ ကိုရီးယား စက္မႈဇုန္တို႔ လွည္းကူးမွာ စီမံကိန္း ၂ ခု လုပ္ဖို႔ ရွိၿပီးေတာ့ ဒဂံုၿမိဳ႕သစ္မွာလည္း Smart City တခု လုပ္ဖို႔ ရွိတယ္ဆိုေတာ့ အဲဒီ သတင္းေတြေၾကာင့္ အိမ္ျခံေျမ ေလာကမွာ လႈပ္လႈပ္ရွားရွားမ်ား ျဖစ္ပါလား။

ေဒၚေအးသီတာေဆြ။ ။ ဟုတ္ကဲ႔။ ကိုရီးယား စက္မႈဇုန္ လုပ္မယ္ ဆိုေတာ့ေပါ့ေနာ္ အဲဒါတုန္းက တခါ။ အဲဒီနားမွာ ေျမကြက္ေလးေတြက ေစ်းတက္သြားတယ္ေပါ့ေနာ္။ အခု အသံၾကားတာ လႈပ္တာကေတာ့ အဲဒီ ကိုရီးယား စက္မႈဇုန္ နားမွာ ေျမေစ်းေတြ ၂၀၀- ၃၀၀ (သိန္း) တန္ေလးေတြက အခု ၈၀၀(သိန္း) ေလာက္ ျဖစ္သြားတယ္ေပါ့ေနာ္။ အဲဒီ တခုကေတာ့ ေစ်းကေတာ့ ေခၚေနတာေပါ့။ အဲဒီ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ေတာ့ ကိုရီးယား စက္မႈဇုန္ တခုဘဲ အနားက ေျမကြက္ေတြ ေစ်းတက္တယ္လို႔ဘဲ ၾကားတယ္ရွင့္။ ဒဂံုၿမိဳ႕သစ္ဘက္ကေတာ့ မၾကားဘူး။

သိဂၤ ီထိုက္။ ။ အေရာင္းအ၀ယ္ ေစ်းကြက္ ဘယ္လို ရွိပါလဲရွင့္။

ေဒၚေအးသီတာေဆြ။ ။ အခု ဗဟန္းမွာက ေရာင္းတဲ႔သူကို မရွိဘူး ျဖစ္ေနတာ။ ေရာင္းဖို႔ ထြက္လိုက္တာနဲ႔ တလ အတြင္းဆိုရင္ ပါသြားတာဘဲ။ မေန႔က ဆိုရင္ သံလြင္လမ္းမွာ တလံုးေပါ့ေနာ္။ တေပပတ္လည္ သံုးသိန္းခြဲ ေစ်းေပါ့ေလ။ အဲဒါ ၁၈,၀၀၀ (သိန္း) ဆိုတာ အခု ၁၇,၀၀၀ (သိန္း) နဲ႔ စရံခ်တယ္။ အဲဒါ တလဘဲ ရွိေသးတယ္ ေရာင္းဖို႔ ထြက္တာ။ ေနာက္ အဲဒီထဲမွာဘဲ ေနာက္တျခံ COVID ဒုတိယလိႈင္း မလာခင္က ဆိုင္ထားတာ ထြက္သြားတယ္ေပါ့ေနာ္။ ၁၁,၀၀၀ (သိန္း) ေပါ့။ သူက အႀကီးႀကီးေတြ မျဖစ္ေပမယ့္ ၂၀,၀၀၀ (သိန္း) တန္ေလာက္ ထိေတာ့ အေရာင္းအ၀ယ္က ျဖစ္တယ္။

သိဂၤ ီထိုက္။ ။ သိန္း ၂ ေသာင္းေပါ့ေနာ္။

ေဒၚေအးသီတာေဆြ။ ။ ဟုတ္ကဲ႔ သိန္း ၂ ေသာင္း။ အဲဒီ ပတ္ခ်ာလည္ေတာ့ ေတာ္ေတာ္မ်ားမ်ား လိုက္ရွာေနတယ္။ ၁ ေသာင္းနဲ႔ ၂ ေသာင္းၾကား။ အခုလည္း လိုက္ရွာ ခိုင္းေနတယ္ ၁ ေသာင္းခြဲေလာက္ သံုးမယ္ေပါ့ေနာ္။ အဲလိုမ်ိဳးေတြေပါ့ေနာ္။ ရွာေနတာေပါ့။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔။ ရင္းႏွီးျမွဳပ္ႏွံမႈ အေနနဲ႔လည္း ေနဖို႔လားရွင့္။

ေဒၚေအးသီတာေဆြ။ ။ ရင္းႏွီးျမွဳပ္ႏွံမႈ မဟုတ္ဘူး။ ၀ယ္ ေရာင္းေတြ အခု ေကာက္တာက။ ေနဖို႔ ၀ယ္တဲ႔သူေတြလည္း တေယာက္စ ႏွစ္ေယာက္စ ရွိပါတယ္။ ပိုက္ဆံ ပိုေနလို႔ေပါ့ေနာ္။ လာ၀ယ္တာကေတာ့။ တခ်ိဳ႕က်ေတာ့ ျပန္ငွားစားမွာေပါ့။ အိမ္ပါမွေပါ့။ တခ်ိဳ႕က်လည္း ေျမႀကီးနဲ႔ေပါ့။ အိမ္ေဆာက္မွာေပါ့။ အဲလိုမ်ိဳး။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔။ ဆိုေတာ့ ေလာေလာဆယ္မွာ အေျပာင္းအလဲ ျဖစ္လာတာလားရွင့္။ အခု COVID ကာလႀကီးထဲမွာ ဒီလို ျဖစ္တယ္ ဆိုေတာ့ေလ။

ေဒၚေအးသီတာေဆြ။ ။ ဟုတ္တယ္။ COVID ကာလႀကီးထဲမွာ ဒီတလထဲမွာ။ ဘယ္လို ျဖစ္လို႔ ၀ယ္တဲ႔သူေတြ ေပၚလာတာလဲ မသိဘူး။ ေအးေနတာ ၾကာၿပီေလ။ ကိုယ္ဆို ျပေနရတာ တရက္ျခား တခါေလာက္ကို ျပေနရတာ။ အခုဟာက အိမ္ထဲ ၀င္ၾကည့္လို႔ မရရင္ ၿခံထဲ၀င္ၾကည့္ေပါ့။ အဲလိုမ်ိဳးေတြေပါ့ အခုက။ ၿပီးရင္ ေစ်းေပးေပါ့။ အဲလိုေတြ ျဖစ္ေနတာ။ ေစ်းကေတာ့ ေအာက္ေစ်း ေပးတာ မ်ားတယ္။ အရမ္းကို ေရာင္းခ်င္တဲ႔သူနဲ႔မွ တည့္မွာ။ ေပါက္ေစ်းက တေပပတ္လည္ကို ၂ သိန္းေလာက္ ေပါက္ရင္ ၁ သိန္းခြဲေလာက္ ရမလား။ ၁ သိန္း ၂ ေသာင္း၊ တခ်ိဳ႕ဆို အရမ္း ေစ်းစစ္တာ။ အဲလိုမ်ိဳးေတြနဲ႔ ပါဘဲ။ အဲဒီၾကားထဲမွာ တည့္သြားတယ္။ အေရာင္း ထြက္သြားတာေပါ့။

သိဂၤ ီထိုက္။ ။ဟုတ္ကဲ႔။ ဆိုလိုတဲ႔ သေဘာက အိမ္ေစ်း ေျမေစ်းက တက္လာတာ မဟုတ္ဘဲနဲ႔ လူေတြက လိုခ်င္တဲ႔ ေစ်းအနိမ့္ ရရင္ေတာ့ ၀ယ္မယ္ဆိုတဲ႔ ပံုစံမ်ဳိးပါလား။

ေဒၚေအးသီတာေဆြ။ ။ ဟုတ္ပါတယ္။ အဲလို ျဖစ္ေနတာ။ တန္တာေလး ဘာရွိလဲ။ ေရာင္းတဲ႔သူေတြကလည္း ေစ်းခ် ေရာင္းၾကတယ္။ အခု ျဖစ္ေနတာကေလ။ ေပါက္ေစ်းထက္။ တခ်ိဳ႕ဆို ၂ သိန္းခြဲေလာက္ ေခၚရမွာကို ၂ သိန္းနဲ႔ လာခဲ႔ဆိုၿပီး ပါးပါးေလွ်ာ့ၿပီး ထုတ္လုိက္တာေပါ့။

သိဂၤ ီထိုက္။ ။ ဆိုေတာ့ သူေဌးေတြက ထုတ္ေရာင္းေနတာလား။ ေနတဲ႔ဟာေတြကို ေရာင္းေနတာလား။ သူတို႔ ရင္းႏွီးျမွဳပ္ႏွံတာေတြကို ထုတ္ေရာင္းေနတာလားရွင့္။

ေဒၚေအးသီတာေဆြ။ ။ အခု ေတာ္ေတာ္မ်ားမ်ား ေရာင္းေနတာကေတာ့ မူလ ပိုင္ရွင္ေတြ။

သိဂၤ ီထိုက္။ ။ စက္မႈဇုန္ေတြ ဘက္မွာမ်ား လႈပ္လာသလားေပါ့။ လူေတြက အဲဒီဘက္ကိုမ်ား ဒီဟာေတြ ေရာင္းၿပီး ယူကုန္ၾကၿပီလား။

ေဒၚေအးသီတာေဆြ။ ။ စက္မႈဇုန္ ဘက္မွာ လႈပ္တယ္။ သီလ၀ါ ဘက္မွာ လႈပ္တယ္။ သီလ၀ါ ဘက္မွာ ၀ယ္ၾကတယ္။ စက္မႈဇုန္ကေတာ့ သီလ၀ါ။ ဒါေပမယ့္ ေရာင္းတဲ႔ သူေတြက စက္မႈဇုန္ကေလ အေၾကာတင္းတင္။ မေလွ်ာ့ဘူး။ စက္မႈဇုန္ ေစ်းႏႈန္းက မက်ဘူး။

သိဂၤ ီထိုက္။ ။စက္မႈဇုန္က ဘယ္ေလာက္ ေပါက္ပါလဲရွင္႔။

ေဒၚေအးသီတာေဆြ။ ။ တဧကေပါ့။ သူက တယူနစ္မွာ ၁ ဒသမ ၈ ဧက ရွိတယ္။ တယူနစ္ကို သိန္း ၇,၅၀၀ - ၈,၀၀၀ ေပါ့ေလ။ အဲဒါဆို ၂ ဧက နီးနီးေပါ့ေလ။ တဧကကို သိန္း ၄,၅၀၀ ေပါ့။ ေပါတယ္ ဆိုရင္ေပါ့။ ေစ်းအေပါေပါ့။ ဖြံ႔ၿဖိဳးေရး လမ္းမႀကီးေပါ့ တေန႔က သူေဌး တေယာက္ ဆိုင္တာ ကိုယ္ဘဲ မရလိုက္တာ။ လမ္းမတန္းကို သူက ဘယ္ေလာက္ေခၚလဲ ဆိုေတာ့ တဧကကို သိန္း ၇,၀၀၀ ေခၚတယ္။ ဆိုေတာ့ ၁ ဒသမ ၈ ဆိုရင္ သိန္း ၁ ေသာင္းခြဲေလာက္ ေခၚၿပီးေတာ့သူ ေစ်းေလွ်ာ့ေရာင္းတာေပါ့။ လမ္း အထဲမွာေတာ့ တဧကကို သိန္း ၄,၅၀၀ ၊ ဖြံ႔ၿဖိဳးေရး လမ္းမႀကီးရဲ႕ ေနာက္မွာ ဆိုရင္ေတာ့ သိန္း ၄,၃၀၀ အဲေလာက္။ ပ်မ္းမွ်ကေတာ့ ၄,၅၀၀ ေပါ့ေလ။

သိဂၤ ီထိုက္။ ။ ဒီ ၀ယ္ေရာင္း ေလာကမွာ ၀ယ္လိုသူေတြ ေရာင္းလိုသူေတြ ဘာမ်ား သတိထားဖို႔ သင့္ပါသလဲ။

ေဒၚေအးသီတာေဆြ။ ။ အခုေပါ့ေနာ္ ေရာင္းတာ ၀ယ္တာကေတာ့ အခုအခ်ိန္မွာေတာ့ သူတို႔က ေစ်းတက္မယ္ဘဲ ထင္ေနၾကတာေပါ့။ နည္းနည္း တက္လာမယ္ေပါ့ေနာ္။ ဒါေပမယ့္ အရမ္းႀကီးေတာ့ မတက္ေလာက္ေတာ့ဘူးေပါ့ေလ။

သိဂၤ ီထိုက္။ ။ အိမ္ျခံေျမ အက်ိဳးေဆာင္ ေဒၚေအးသီတာေဆြ အထူးဘဲ ေက်းဇူးတင္ပါတယ္။

ရန္ကုန္ အိမ္ၿခံေျမ ေစ်းကြက္ အေရြ႕
please wait

No media source currently available

0:00 0:07:20 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အရွေ့

ရန်ကုန်တိုင်း လှည်းကူးမှာ ဒီဇင်ဘာလ အတွင်း ကိုရီးယား - မြန်မာ စက်မှုဇုန်ကို စပြီး အုတ်မြစ်ချမယ့် ကိစ္စ အပါအဝင် တခြား အစိုးရ စီမံကိန်းကြီးတွေလည်း ရှိနေပါတယ်။ ဒီအချက်ကြောင့် ရန်ကုန် အတွင်း အိမ်ခြံမြေ ဈေးကွက် အတွင်း လှုပ်ရှားမှု ရှိလာပါသလား။ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်အေးသီတာဆွေကို မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

“ ကျမတို့မှာ နိုင်ငံတော် စီမံကိန်းကြီးတွေလည်း အများကြီး စီစဉ်ထားတာ ရှိပါတယ်။ ဥပမာ ဆိုလို့ ရှိရင် နောက်လ ဒီဇင်ဘာလမှာ ကိုရီးယား -မြန်မာ စက်မှုဇုန်ကို လှည်းကူးမှာ အုတ်မြစ်ချပါမယ်။ နောက် မကြာမီ ကာလမှာ မြန်မာ - စကာၤပူ စက်မှုဥယျာဉ်ပေါ့နော် အဲဒါလည်း လှည်းကူးမှာပါဘဲ။ ဒီဟာကိုလည်း ကျမတို့ စပြီး အကောင်အထည် ဖော်ပါမယ်။ နောက်ပြီးတော့ ဒဂုံမြို့သစ်ဘက်မှာ ဆိုရင်လည်း Smart and Eco City Project ပေါ့နော်။

နည်းပညာ တိုးတက်မှုနဲ့ ပြည့်ဝတဲ့ မြို့ တခု စီမံကိန်း တခုကိုလည်း ကျမတို့ စပြီး အကောင်အထည် ဖော်ဖို့ ရှိပါတယ်။ အဲတော့ ဒီလို စီမံကိန်းကြီးတွေ အကောင်အထည် ဖော်တဲ့ နေရာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေတွေ ဝင်လာရုံတင် မကဘဲ ကျမတို့ ပြည်သူတွေ အတွက် အလုပ်အကိုင် ဖန်တီးမှုဘက်မှာ အင်မတန်မှ အရေး ပါပါတယ်။

အလုပ်အကိုင် ဖန်တီးခြင်း အားဖြင့် ကျမတို့ COVID နောက်ပိုင်း ကာလမှာ ပြည်သူတွေ တဦးချင်း တဦးချင်းရဲ့ စီးပွားရေး အခြေအနေ ဦးမော့လာအောင်လို့ ဒါတွေဟာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။”

နိုဝင်ဘာလ ၂၀ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


သိင်္ဂ ီထိုက်။ ။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပေါ့နော်။ ကိုရီးယား စက်မှုဇုန်တို့ လှည်းကူးမှာ စီမံကိန်း ၂ ခု လုပ်ဖို့ ရှိပြီးတော့ ဒဂုံမြို့သစ်မှာလည်း Smart City တခု လုပ်ဖို့ ရှိတယ်ဆိုတော့ အဲဒီ သတင်းတွေကြောင့် အိမ်ခြံမြေ လောကမှာ လှုပ်လှုပ်ရှားရှားများ ဖြစ်ပါလား။

ဒေါ်အေးသီတာဆွေ။ ။ ဟုတ်ကဲ့။ ကိုရီးယား စက်မှုဇုန် လုပ်မယ် ဆိုတော့ပေါ့နော် အဲဒါတုန်းက တခါ။ အဲဒီနားမှာ မြေကွက်လေးတွေက ဈေးတက်သွားတယ်ပေါ့နော်။ အခု အသံကြားတာ လှုပ်တာကတော့ အဲဒီ ကိုရီးယား စက်မှုဇုန် နားမှာ မြေဈေးတွေ ၂၀၀- ၃၀၀ (သိန်း) တန်လေးတွေက အခု ၈၀၀(သိန်း) လောက် ဖြစ်သွားတယ်ပေါ့နော်။ အဲဒီ တခုကတော့ ဈေးကတော့ ခေါ်နေတာပေါ့။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့တော့ ကိုရီးယား စက်မှုဇုန် တခုဘဲ အနားက မြေကွက်တွေ ဈေးတက်တယ်လို့ဘဲ ကြားတယ်ရှင့်။ ဒဂုံမြို့သစ်ဘက်ကတော့ မကြားဘူး။

သိင်္ဂ ီထိုက်။ ။ အရောင်းအဝယ် ဈေးကွက် ဘယ်လို ရှိပါလဲရှင့်။

ဒေါ်အေးသီတာဆွေ။ ။ အခု ဗဟန်းမှာက ရောင်းတဲ့သူကို မရှိဘူး ဖြစ်နေတာ။ ရောင်းဖို့ ထွက်လိုက်တာနဲ့ တလ အတွင်းဆိုရင် ပါသွားတာဘဲ။ မနေ့က ဆိုရင် သံလွင်လမ်းမှာ တလုံးပေါ့နော်။ တပေပတ်လည် သုံးသိန်းခွဲ ဈေးပေါ့လေ။ အဲဒါ ၁၈,၀၀၀ (သိန်း) ဆိုတာ အခု ၁၇,၀၀၀ (သိန်း) နဲ့ စရံချတယ်။ အဲဒါ တလဘဲ ရှိသေးတယ် ရောင်းဖို့ ထွက်တာ။ နောက် အဲဒီထဲမှာဘဲ နောက်တခြံ COVID ဒုတိယလှိုင်း မလာခင်က ဆိုင်ထားတာ ထွက်သွားတယ်ပေါ့နော်။ ၁၁,၀၀၀ (သိန်း) ပေါ့။ သူက အကြီးကြီးတွေ မဖြစ်ပေမယ့် ၂၀,၀၀၀ (သိန်း) တန်လောက် ထိတော့ အရောင်းအဝယ်က ဖြစ်တယ်။

သိင်္ဂ ီထိုက်။ ။ သိန်း ၂ သောင်းပေါ့နော်။

ဒေါ်အေးသီတာဆွေ။ ။ ဟုတ်ကဲ့ သိန်း ၂ သောင်း။ အဲဒီ ပတ်ချာလည်တော့ တော်တော်များများ လိုက်ရှာနေတယ်။ ၁ သောင်းနဲ့ ၂ သောင်းကြား။ အခုလည်း လိုက်ရှာ ခိုင်းနေတယ် ၁ သောင်းခွဲလောက် သုံးမယ်ပေါ့နော်။ အဲလိုမျိုးတွေပေါ့နော်။ ရှာနေတာပေါ့။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ ရင်းနှီးမြှုပ်နှံမှု အနေနဲ့လည်း နေဖို့လားရှင့်။

ဒေါ်အေးသီတာဆွေ။ ။ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူး။ ဝယ် ရောင်းတွေ အခု ကောက်တာက။ နေဖို့ ဝယ်တဲ့သူတွေလည်း တယောက်စ နှစ်ယောက်စ ရှိပါတယ်။ ပိုက်ဆံ ပိုနေလို့ပေါ့နော်။ လာဝယ်တာကတော့။ တချို့ကျတော့ ပြန်ငှားစားမှာပေါ့။ အိမ်ပါမှပေါ့။ တချို့ကျလည်း မြေကြီးနဲ့ပေါ့။ အိမ်ဆောက်မှာပေါ့။ အဲလိုမျိုး။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ ဆိုတော့ လောလောဆယ်မှာ အပြောင်းအလဲ ဖြစ်လာတာလားရှင့်။ အခု COVID ကာလကြီးထဲမှာ ဒီလို ဖြစ်တယ် ဆိုတော့လေ။

ဒေါ်အေးသီတာဆွေ။ ။ ဟုတ်တယ်။ COVID ကာလကြီးထဲမှာ ဒီတလထဲမှာ။ ဘယ်လို ဖြစ်လို့ ဝယ်တဲ့သူတွေ ပေါ်လာတာလဲ မသိဘူး။ အေးနေတာ ကြာပြီလေ။ ကိုယ်ဆို ပြနေရတာ တရက်ခြား တခါလောက်ကို ပြနေရတာ။ အခုဟာက အိမ်ထဲ ဝင်ကြည့်လို့ မရရင် ခြံထဲဝင်ကြည့်ပေါ့။ အဲလိုမျိုးတွေပေါ့ အခုက။ ပြီးရင် ဈေးပေးပေါ့။ အဲလိုတွေ ဖြစ်နေတာ။ ဈေးကတော့ အောက်ဈေး ပေးတာ များတယ်။ အရမ်းကို ရောင်းချင်တဲ့သူနဲ့မှ တည့်မှာ။ ပေါက်ဈေးက တပေပတ်လည်ကို ၂ သိန်းလောက် ပေါက်ရင် ၁ သိန်းခွဲလောက် ရမလား။ ၁ သိန်း ၂ သောင်း၊ တချို့ဆို အရမ်း ဈေးစစ်တာ။ အဲလိုမျိုးတွေနဲ့ ပါဘဲ။ အဲဒီကြားထဲမှာ တည့်သွားတယ်။ အရောင်း ထွက်သွားတာပေါ့။

သိင်္ဂ ီထိုက်။ ။ဟုတ်ကဲ့။ ဆိုလိုတဲ့ သဘောက အိမ်ဈေး မြေဈေးက တက်လာတာ မဟုတ်ဘဲနဲ့ လူတွေက လိုချင်တဲ့ ဈေးအနိမ့် ရရင်တော့ ဝယ်မယ်ဆိုတဲ့ ပုံစံမျိုးပါလား။

ဒေါ်အေးသီတာဆွေ။ ။ ဟုတ်ပါတယ်။ အဲလို ဖြစ်နေတာ။ တန်တာလေး ဘာရှိလဲ။ ရောင်းတဲ့သူတွေကလည်း ဈေးချ ရောင်းကြတယ်။ အခု ဖြစ်နေတာကလေ။ ပေါက်ဈေးထက်။ တချို့ဆို ၂ သိန်းခွဲလောက် ခေါ်ရမှာကို ၂ သိန်းနဲ့ လာခဲ့ဆိုပြီး ပါးပါးလျှော့ပြီး ထုတ်လိုက်တာပေါ့။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ သူဌေးတွေက ထုတ်ရောင်းနေတာလား။ နေတဲ့ဟာတွေကို ရောင်းနေတာလား။ သူတို့ ရင်းနှီးမြှုပ်နှံတာတွေကို ထုတ်ရောင်းနေတာလားရှင့်။

ဒေါ်အေးသီတာဆွေ။ ။ အခု တော်တော်များများ ရောင်းနေတာကတော့ မူလ ပိုင်ရှင်တွေ။

သိင်္ဂ ီထိုက်။ ။ စက်မှုဇုန်တွေ ဘက်မှာများ လှုပ်လာသလားပေါ့။ လူတွေက အဲဒီဘက်ကိုများ ဒီဟာတွေ ရောင်းပြီး ယူကုန်ကြပြီလား။

ဒေါ်အေးသီတာဆွေ။ ။ စက်မှုဇုန် ဘက်မှာ လှုပ်တယ်။ သီလဝါ ဘက်မှာ လှုပ်တယ်။ သီလဝါ ဘက်မှာ ဝယ်ကြတယ်။ စက်မှုဇုန်ကတော့ သီလဝါ။ ဒါပေမယ့် ရောင်းတဲ့ သူတွေက စက်မှုဇုန်ကလေ အကြောတင်းတင်။ မလျှော့ဘူး။ စက်မှုဇုန် ဈေးနှုန်းက မကျဘူး။

သိင်္ဂ ီထိုက်။ ။စက်မှုဇုန်က ဘယ်လောက် ပေါက်ပါလဲရှင့်။

ဒေါ်အေးသီတာဆွေ။ ။ တဧကပေါ့။ သူက တယူနစ်မှာ ၁ ဒသမ ၈ ဧက ရှိတယ်။ တယူနစ်ကို သိန်း ၇,၅၀၀ - ၈,၀၀၀ ပေါ့လေ။ အဲဒါဆို ၂ ဧက နီးနီးပေါ့လေ။ တဧကကို သိန်း ၄,၅၀၀ ပေါ့။ ပေါတယ် ဆိုရင်ပေါ့။ ဈေးအပေါပေါ့။ ဖွံ့ဖြိုးရေး လမ်းမကြီးပေါ့ တနေ့က သူဌေး တယောက် ဆိုင်တာ ကိုယ်ဘဲ မရလိုက်တာ။ လမ်းမတန်းကို သူက ဘယ်လောက်ခေါ်လဲ ဆိုတော့ တဧကကို သိန်း ၇,၀၀၀ ခေါ်တယ်။ ဆိုတော့ ၁ ဒသမ ၈ ဆိုရင် သိန်း ၁ သောင်းခွဲလောက် ခေါ်ပြီးတော့သူ ဈေးလျှော့ရောင်းတာပေါ့။ လမ်း အထဲမှာတော့ တဧကကို သိန်း ၄,၅၀၀ ၊ ဖွံ့ဖြိုးရေး လမ်းမကြီးရဲ့ နောက်မှာ ဆိုရင်တော့ သိန်း ၄,၃၀၀ အဲလောက်။ ပျမ်းမျှကတော့ ၄,၅၀၀ ပေါ့လေ။

သိင်္ဂ ီထိုက်။ ။ ဒီ ဝယ်ရောင်း လောကမှာ ဝယ်လိုသူတွေ ရောင်းလိုသူတွေ ဘာများ သတိထားဖို့ သင့်ပါသလဲ။

ဒေါ်အေးသီတာဆွေ။ ။ အခုပေါ့နော် ရောင်းတာ ဝယ်တာကတော့ အခုအချိန်မှာတော့ သူတို့က ဈေးတက်မယ်ဘဲ ထင်နေကြတာပေါ့။ နည်းနည်း တက်လာမယ်ပေါ့နော်။ ဒါပေမယ့် အရမ်းကြီးတော့ မတက်လောက်တော့ဘူးပေါ့လေ။

သိင်္ဂ ီထိုက်။ ။ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်အေးသီတာဆွေ အထူးဘဲ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG