သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မဟာရာချ်ထရာ ပြည်နယ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ယာဉ်တွေ ပိတ်ပင်ရေး စူးစမ်း


အိန္ဒိယနိုင်ငံက လေထုညစ်ညမ်းမှုမြင်ကွင်း
အိန္ဒိယနိုင်ငံက လေထုညစ်ညမ်းမှုမြင်ကွင်း

အိန္ဒိယ နိုင်ငံ အနောက်ပိုင်း ပြည်နယ် တခု ဖြစ်တဲ့ မဟာရာချ်ထရာ ပြည်နယ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီသုံး မော်တော်ယာဉ်တွေ မောင်းနှင်ခွင့် ပိတ်ပင်ဖို့ အဆိုပြုချက် အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ မွန်ဘိုင်းမြို့မှာ လေထု အရည်အသွေး ဆိုးရွားလာတာကြောင့် ဓာတ်ငွေ့ရည်သုံး ဒါမှမဟုတ် လျှပ်စစ်ကားတွေသာ မောင်းခွင့် ပြုဖို့ လေ့လာတာ ဖြစ်ပါတယ်။ တကယ်လို့ အခုလို ဓာတ်ဆီနဲ့ ဒီဇယ်ဆီသုံး ကာတွေကို မောင်းနှင်ခွင့် ပိတ်ပင်လိုက်မယ်ဆိုရင် လျှပ်စစ်ယာဉ်တွေ အတွက် ဓါတ်အားဖြည့်တိုင်တွေ လုံလုံလောက်လာက်မရှိသေးပဲ ရထားပို့ဆောင်ရေး သိပ်မဖွံ့ဖြိုးသေးတဲ့ စီးပွားရေး မြို့တော်မှာ ကားလုပ်ငန်းရှင်တွေကို သာမက မြို့နေ လူထုနဲ့ ယာဉ်တွေကို မှီခိုနေရတဲ့ လုပ်ငန်းရှင်တွေ အတွက် ထိခိုက်မှု တွေ ရှိလာနိုင်တာပါ။

မွန်ဘိုင်း မြို့ဟာ အိန္ဒိယ နိုင်ငံရဲ့ အစုရှယ်ယာ ဈေးကွက်တွေ၊ နိုင်ငံတကာဘဏ်တွေ အများအပြား တည်ရှိပြီး လေထု အရည်အသွေးဟာ တနေ့တခြား ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ မဟာရာချ်ထရာ ပြည်နယ် အစိုးရက အခု အစီအစဉ် အတွက် အဖွဲ့ဝင် ၇ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဒီကြေညာချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြည်နယ် အစိုးရက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မွန်ဘိုင်းရဲ့ လေထု အရည်အသွေး ဟာ ၂၀၂၀ ပြည့်နှစ်က စလို့ တဖြည်းဖြည်း တနေ့တခြား ဆိုးရွားလာနေတာ ဖြစ်ပြီး လေထု အရည်အသွေး အညွှန်းကိန်းဟာ ၁၂ ရာခိုင်နှုန်းလောက် တိုးမြင့်လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG