သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါဆိုင်ရာ သံအမတ်ကြီးကို အိန္ဒိယပြန်ခေါ်


အိန္ဒိယနဲ့ ကနေဒါအလံများ။ (ဝဲမှယာ)
အိန္ဒိယနဲ့ ကနေဒါအလံများ။ (ဝဲမှယာ)

ဆစ်ခ်အမျိုးသားရေး တက်ကြွလှုပ်ရှားသူ မနှစ်က လုပ်ကြံခံရမှုနဲ့ဆက်နွယ်ပြီး ကနေဒါဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးကိုပတ်သက်နိုင်သူတယောက်အဖြစ် ကနေဒါက ပြောလိုက်ပြီးတဲ့နောက် အိန္ဒိယအစိုးရက သူ့ရဲ့ သံအမတ်ကြီးနဲ့ အခြားဝန်ထမ်းသံတမန်တွေကို ကနေဒါကနေ အိန္ဒိယကို တနင်္လာနေ့က ပြန်ခေါ်လိုက်ပါတယ်။

အိန္ဒိယသံအမတ်ကြီးနဲ့ တခြားသံတမန်တွေကို အ‌ခြေအမြစ်မရှိ ပစ်မှတ်ထားတာဟာ လုံးဝ လက်ခံနိုင် စရာမရှိဘူးလို့ နယူးဒေလီမှာရှိတဲ့ ကနေဒါသံရုံး တာဝန်ရှိသူကို အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ် ပြောဆိုလိုက်ကြောင်းဝန်ကြီးဌာန ကြေညာချက်မှာ ပြောပါတယ်။ သူတို့ လုံခြုံရေးအတွက် လက်ရှိကနေဒါ အစိုးရက ကတိကဝတ်ထားနိုင်မယ်လို့ မယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆစ်ခ် အရေး တက်ကြွလှုပ်ရှားသူ Hardeep Singh Nijjar ကနေဒါနိုင်ငံမှာ လုပ်ကြံခံခဲ့ရာမှာ အိန္ဒိယ အစိုးရ ပတ်သက်ဖွယ်ရှိကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေ ရှိတယ်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က မနှစ် စက်တင်ဘာလကပြောဆိုခဲ့ပါတယ်။ ဒီ စွပ်စွဲချက်က အဓိပ္ပါယ်မရှိဘူးလို့ အိန္ဒိယက အဲဒီအခါတုန်းက ပယ်ချခဲ့တာပါ။ နောက်ဆုံးသတင်းအရ ကနေဒါကရော၊ အိန္ဒိယကပါ သံတမန် ၆ ယောက်စီကို အပြန်အလှန် နှင်ထုတ်လိုက်ကြတယ်လို့ အေပီသတင်းက ဆိုပါတယ်။

ကနေဒါဆိုင်ရာ သံအမတ်ကြီးကို အိန္ဒိယပြန်ခေါ်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG