သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Fani ဆိုင်ကလုံး Odisha ကတဆင့် အနောက်ဘင်္ဂလားကို ဦးတည်


အိန္ဒိယနိုင်ငံ Odisha ပြည်နယ်မှာ Fani ဆိုင်ကလုံး မုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်ရှိ ပျက်စီးသွားသော ဆိုင်းဘုတ် (မေ၊ ၀၃၊ ၂၀၁၉)

အိန္ဒိယနိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဖွန်နီဆိုင်ကလုံး မုန်တိုင်းကြောင့် သေဆုံးသူအနည်းဆုံး ၃ ဦး သေဆုံးရှိပြီး Odisha ပြည်နယ် ကမ်းရိုးတန်း တလျှောက်မှာ မနေ့တုန်းက မိုးပြင်းလေပြင်းတွေ ကျခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဒဏ်ရာရသူပေါင်း ၁၆၀ ကျော်ရှိတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။ မုန်တိုင်း ကြိုတင်သတိပေးချက်တွေအရ ဘေးလွတ်ရာကို ကြိုတင်ပြောင်းရွှေ့ပေးထားသူပေါင်း ၁ သန်းကျော် ရှိပါတယ်။

သောကြာနေ့ ညနေပိုင်းမှာတော့ မုန်တိုင်းက အနောက်ဘင်္ဂလားပြည်နယ်ဘက်ကို ရွှေ့လျှားသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းလမ်းကြောင်းမှာ လူသန်း ၁၀၀ ကျော်လောက်ရှိနေတာပါ။

မုန်တိုင်းအခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံတဝှမ်း ရထားခရီးစဉ်ပေါင်း အနည်းဆုံး၂၀၀ ဖျက်သိမ်းထားရပါတယ်။ အနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် ကိုလ်ကာတားက လေဆိပ်ကိုလည်း မနေ့ကနဲ့ ဒီကနေ့မနက်အထိ ပိတ်ထားရပါတယ်။

အဲဒီဒေသက အဓိကအဝေးပြေးလမ်းမကြီးကလည်း မုန်တိုင်းကြောင့် သစ်ပင်နဲ့ ဓါတ်တိုင်တွေလဲနေလို့ သွားရေးလာရေး ခက်ခဲနေပါတယ်။

Fani ဆိုင်ကလုံး Odisha ကတဆင့် အနောက်ဘင်္ဂလားကို ဦးတည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG