သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mozambique ဆိုင်ကလုံး သေဆုံးသူတွေအတွက် ၃ ရက်ကြာ ဝမ်းနည်းအထိမ်းအမှတ် ကျင်းပ


မိုဇမ်းဘစ် နိုင်ငံက ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်သူများ။
မိုဇမ်းဘစ် နိုင်ငံက ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်သူများ။

တောင်အာဖရိက တိုက်မှာ ဆယ်စုနှစ် များစွာအတွင်း အပြင်းထန်ဆုံးဖြစ်ပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ မုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် မိုဇမ်းဘစ် နိုင်ငံမှာ ဝမ်းနည်းကြောင်း အထိမ်းအမှတ် သုံးရက်ကို ဗုဒ္ဓဟူးနေ့က စတင်လိုက်ပါတယ်။

Idai ဆိုင်ကလုံးဟာ တနာရီ ကီလိုမီတာ ၁၇၀ ဒါမှမဟုတ် မိုင် ၁၀၅ မိုင်နှုန်းနဲ့ မိုဇမ်းဘစ် နိုင်ငံ Beira ဆိပ်ကမ်းကို ကြာသပတေးနေ့က ဝင်ရောက်ခဲ့ပြီးတဲ့နောက် ကုန်းတွင်းပိုင်း ဇင်ဘာဘွေနဲ့ မာလာဝီ နိုင်ငံတို့ဆီ ဆက်လက် တိုက်ခတ်သွားတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းဦးမယ်လို့ ခန့်မှန်းထားပြီး ရေကြီးမှု မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အကူအညီတွေ အပူတပြင်း လိုအပ်နေတဲ့ အသက်ရှင် ကျန်ရစ်သူတွေ အတွက် အရေးပေါ် ပစ္စည်းတွေကို ထောက်ပံ့ရေး အဖွဲ့တွေက ကြိုးစားပေးပို့ နေကြပါတယ်။

မိုဇမ်းဘစ် သမ္မတ Filipe Nyusi က သေဆုံးသူ ၁,၀၀၀ ကျော် ရှိမယ်လို့ တနလာၤနေ့က ခန့်မှန်း ပြောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ မိုဇမ်းဘစ်၊ ဇင်ဘာဘွေနဲ့ မာလာဝီ တို့မှာ စုစုပေါင်း သေဆုံးသူ ၃၀၀ ကျော် ရှိပြီလို့ အတည်ပြုနိုင်ခဲ့ပါပြီ။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က လူ ၆ သိန်းအတွက် လုံလောက်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့ခဲ့ပြီး ကုလသမဂ္ဂ အရေးပေါ် ရံပုံငွေက ဒေါ်လာ သန်း ၂၀ ခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG