သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ၊ ဘင်္ဂလားဆိုင်ကလုန်း လူသန်းကျော် ဘေးလွတ်ရာပြေး


ရွာသားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြပုံ (မေ၊ ၀၃၊ ၂၀၁၉)
ရွာသားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြပုံ (မေ၊ ၀၃၊ ၂၀၁၉)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်မှာ Fani ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၁၂ ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး ဖြစ်ပါတယ်။

အဲဒီနောက် ဒီကနေ့ စနေနေ့မှာတော့ မုန်တိုင်းဟာ အရှေ့မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဦးတည်ရွေ့လျားသွားခဲ့ပြီး လူ ၁ သန်းကျော်လောက်လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

Fani မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးချိန်မှာတော့ အင်အားလျော့ကျသွားတယ်လို့ အိန္ဒိယမိုးလေဝသဌာနက ပြောပါတယ်။ Fani ဆိုင်ကလုံးမုန်တိုင်းကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို အိန္ဒိယအာဏာပိုင်တွေက လေ့လာအကဲဖြတ်နေကြပါတယ်။

မုန်တိုင်းလမ်းကြောင်းပေါ်က ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ပူရီမြို့မှာတော့ တနာရီကို ၁၂၄ မိုင်နှုန်း နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့သလို အိမ်ခေါင်မိုးတွေလန်တာ သစ်ပင်တွေလဲတာအပါအဝင် အပျက်အစီးအတော်များများရှိခဲ့ပြီး ပြည်နယ်တဝှမ်း ဒဏ်ရာရတဲ့သူ ၁၁၆ ယောက်ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လည်း မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်လှိုင်းတွေ မြင့်တက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းတလျှောက်က အနိမ့်ပို်င်းဒေသတွေက ရွာတွေ ဒါဇင်နဲ့ချီပြီ ရေမြုပ်ကုန်တယ်လို့ ဒါကာမြို့က ဘေးဒုက္ခကယ်ဆယ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အန္တရာယ် အများဆုံးကျရောက်နိုင်တဲ့ နေရာတွေက လူ ၁.၂ သန်း လောက်ကို မုန်တိုင်ကယ်ဆယ်ရေးစခန်း ၄၀၀၀ လောက်ကို ရွှေ့ပေးခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုအာခါလီခရိုင်မှာ အိမ်ခြေအတော်များများ ပျက်စီးသွားသလို ၂ နှစ်သားအရွယ် ကလေး ၁ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသခံအာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG