သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီ အသာစီးရနေ


အိန္ဒိယနိုင်ငံမှာ ရက်ပေါင်း ၄၀နီးပါး အကြီးအကျယ် ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကတော့ တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားပြီး၊ မဲပေးသူတွေကို ကောက်ယူတဲ့ စစ်တမ်းတွေအရ ဝန်ကြီးချုပ် Narendra Modi ရဲ့ပါတီက ဒုတိယ အစိုးရသက်တမ်းအတွက် အနိုင်ရမယ့်သဘော ရှိနေပါတယ်။

ရွေးကောက်ပွဲ နောက်ဆုံးအဆင့်အတွက် ပြည်နယ် ၈ ပြည်ခုက အမတ်နေရာ (၅၉)နေရာအတွက် သန်းနဲ့ချီတဲ့ ပြည်သူတွေ မဲပေးခဲ့ကြတာပါ။ ဝန်ကြီးချုပ် မိုဒီကို ထောက်ခံတဲ့ ဟိန္ဒူအများစုရှိရာ အူတာ-ပရာဒက်ရှ်-ပြည်နယ် ဘာယာနသီမြို့မှာတော့ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီက အသာစီးရပါတယ်။ မဲဆန္ဒနယ်မြေ ၅ ခုမှာ မဲပေးပြီးသူတွေကို ကောက်ယူတဲ့စစ်တမ်းအရ အမတ် (၂၈၇) နေရာကနေ (၃၀၅) နေရာလောက်အထိ မိုဒီရဲ့ BJP ပါတီက အနိုင်ရနေတာဖြစ်လို့ ပါလီမန်ရဲ့ အမတ် (၅၄၅) နေရာရဲ့ထက်ဝက်ကျော်ကို အသာလေးနဲ့ အနိုင်ရပြီးဖြစ်ပါတယ်လို့ ရုပ်သံ သတင်းတွေက ကြေညာလိုက်တာပါ။

Rahul Gandhi ဦးဆောင်တဲ့ အဓိကအတိုက်အခံ ကွန်ဂရက်ပါတီကတော့ BJP ပါတီနောက်ရဲ့ နောက်ကလိုက်နေပါတယ်။ ကွန်ဂရက်ပါတီက သူ့မဟာမိတ် ပါတီတွေနဲ့ပေါင်းပြီး အမတ်(၁၂၈)နေရာမှာ (၁၂၄)နေရာ အနိုင်ရဖို့ မှန်းထားပါတယ်။ အရင်ရွေးကောက်ပွဲတွေမှာ မဲရလဒ် ခန့်မှန်းချက်တွေက လွဲတတ်တဲ့ အတွေ့အကြုံ ရှိပါတယ်။ အိန္ဒိယမှာ လူသန်း(၉၀၀)လောက် မဲပေးခွင့်ရှိပြီး ရွေးကောက်ပွဲ မဲရေတွက်မှုက လာမယ့် ကြာသပတေးနေ့ကျမှ ပြီးပြည့်စုံမှာ ဖြစ်ပါတယ်။

အိန္ဒိယရွေးကောက်ပွဲ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီ အသာစီးရနေ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG