သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် မြန်မာနိုင်ငံကို လာရောက်မည်


အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန် Harsh Vardhan Shringla (ဓါတ်ပုံ MEA)
အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန် Harsh Vardhan Shringla (ဓါတ်ပုံ MEA)

အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် မြန်မာနိုင်ငံကို လာရောက်မည်

{{Zawgyi/Unicode}}

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Vardhan Shringla ဟာ ဒီကနေ့ ဗုဒ်ဓဟူးနေ့မှာ မြန်မာနိုင်ငံကို (၂)ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံက အဆင့်မြင့်အရာရှိတဦးလာရောက်တာဖြစ်ပါတယ်။

သူရဲ့ခရီးစဉ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ပတ်သက်တာတွေ၊ အိန္ဒိယ မြန်မာနယ်စပ်လုံခြုံရေးအခြေအနေတွေ နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးလိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန MEA က ထုတ်ပြန်ထားပါတယ်။ အဲဒါတွေအပြင် မြန်မာနယ်စပ် မဏီပူပြည်နယ် နဲ့ နာဂလန်းပြည်နယ်တွေမှာ မကြာသေးခင်က စစ်သွေးကြွအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ တိုးမြှင့်လာတဲ့အပေါ်မှာလည်း မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပွဲမှာ ပါဝင်လိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်အနေနဲ့ မြန်မာစစ်ကောင်စီနဲ့ တင်သာမက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးလိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနကြေညာချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလကတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြသူတွေကို အကြမ်းဖက်နိုမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရက ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။ ဒါပြင်ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒီလအစောပိုင်း က ထောင်ဒဏ်ချမှတ်လိုက်စဉ်ကလည်း အိန္ဒိယနိုင်ငံက စိတ်အနှောက်အယှက်ဖြစ်ရပါကြောင်း နဲ့ မြန်မာဒီမိုကရေစီရေး အသွင်ကူးပြောင်းရေးကို ထောက်ခံပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးခွင့်ရှိသူ Arindam Bagchi က ပြောပါတယ်။

............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}





XS
SM
MD
LG