သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟိႏၵဴတဦး အသတ္ခံရမႈေၾကာင့္ အိႏၵိယမွာ တင္းမာမႈေတြေပၚေပါက္ 


INDIA-RELIGION/TENSION

ဟိႏၵဴတဦး အသတ္ခံရမႈေၾကာင့္ အိႏၵိယမွာ တင္းမာမႈေတြေပၚေပါက္

{{Zawgyi/Unicode}}

အိႏိၵယႏိုင္ငံမွာ မြတ္ဆလင္ အမ်ဳိးသား ၂ ေယာက္ လက္ခ်က္နဲ႔ ဟိႏိၵဴအမ်ဳိးသားတဦး ေသဆုံးခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ရာက ေနာက္ဆက္တဲြ အၾကမ္းဖက္မႈေတြျဖစ္မွာ စုိးရိမ္တဲ့အတြက္ Udaipur ၿမိဳ႕မွာ ညမထြက္ရအမိန္႔ထုတ္ထားသလို၊ အေနာက္ပိုင္း Rajasthan ျပည္နယ္မွာေတာ့ အင္တာနက္လိုင္းေတြကိုပါ ျဖတ္ေတာက္ထားပါတယ္။

မြတ္ဆလင္ေတြ အထြတ္အျမတ္ထားတဲ့ တမန္ေတာ္မိုဟာမက္ကို ေစာ္ကားတဲ့ အိႏိၵယႏိုင္ငံေရးသမား Nupur Sharma ကို အားေပးေထာက္ခံၿပီး လူမႈကြန္ရက္မွာ ထပ္မံျဖန္႔ေ၀ခဲ့တာေၾကာင့္ ဟိႏၵဴစက္ခ်ဳပ္သမား Kanhaiya Lal ကို သတ္ျဖတ္ခဲ့ေၾကာင္း သံသယနဲ႔ ဖမ္းဆီးထားတဲ့ မြတ္ဆလင္ ၂ ဦးက ထြက္ဆိုခဲ့ေၾကာင္းလည္း သတင္းေတြ ထြက္ေပၚခဲ့တာပါ။

အသတ္ခံခဲ့ရသူ Kanhaiya Lal ဟာလည္း Twitter လူမႈကြန္ရက္ကေန ကူးယူေဖာ္ျပခဲ့တဲ့အတြက္ေၾကာင့္ ဒီလဆန္းမွာ ရဲတပ္ဖြဲ႔ရဲ႕ ေခတၱ ဖမ္းဆီးခံခဲ့ရသလို အမည္မသိတခ်ဳိ႕ကလည္း သတ္ျဖတ္မယ္လို႔ စာေရး ၿခိမ္းေျခာက္တာ ခံခဲ့ရပါတယ္။ ေသဆုံးသူရဲ႕ မိသားစုကေတာ့ အကာအကြယ္ေပးဖို႔ ပ်က္ကြက္မႈအတြက္ ရဲတပ္ဖြဲ႔ကို အျပစ္တင္ခဲ့ပါတယ္။ ဟိႏၵဴစက္ခ်ဳပ္သမား အသတ္ခံရတဲ့ ဗြီဒီယို လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ခဲ့ရာက တင္းမာမႈေတြလည္း ေပၚေပါက္လာခဲ့တာပါ။

အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ အာဏာရ ဟိႏိၵဴ လက္ယ်ာစြန္း BJP ပါတီ ေျပာေရးဆိုခြင့္ရွိသူ အမ်ဳိးသမီး Sharma ဟာ ၿပီးခဲ့တဲ့လက တမန္ေတာ္မိုဟာမက္နဲ႔ ပတ္သက္ၿပီး အျငင္းပြားစရာ မွတ္ခ်က္ေပးခဲ့တာေၾကာင့္ အစၥလာမ္ႏိုင္ငံေတြရဲ႕ အျပင္းအထန္ ေ၀ဖန္ရႈတ္ခ်တာ ခံခဲ့ရသလို၊ အိႏိၵယအစိုးရကိုလည္း တရား၀င္ ကန္႔ကြက္မႈေတြနဲ႔ ၾကံဳခဲ့ရပါတယ္။ BJP ပါတီကေတာ့ ေျပာခြင့္ရ အမ်ဳိးသမီးကို ပါတီ၀င္အျဖစ္ကေန ဆိုင္းငံ့ထားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................

ဟိန္ဒူတဦး အသတ်ခံရမှုကြောင့် အိန္ဒိယမှာ တင်းမာမှုတွေပေါ်ပေါက်

{{Zawgyi/Unicode}}
အိန္ဒိယနိုင်ငံမှာ မွတ်ဆလင် အမျိုးသား ၂ ယောက် လက်ချက်နဲ့ ဟိန္ဒိူအမျိုးသားတဦး သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ရာက နောက်ဆက်တွဲ အကြမ်းဖက်မှုတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် Udaipur မြို့မှာ ညမထွက်ရအမိန့်ထုတ်ထားသလို၊ အနောက်ပိုင်း Rajasthan ပြည်နယ်မှာတော့ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထားပါတယ်။

မွတ်ဆလင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော်မိုဟာမက်ကို စော်ကားတဲ့ အိန္ဒိယနိုင်ငံရေးသမား Nupur Sharma ကို အားပေးထောက်ခံပြီး လူမှုကွန်ရက်မှာ ထပ်မံဖြန့်ဝေခဲ့တာကြောင့် ဟိန္ဒူစက်ချုပ်သမား Kanhaiya Lal ကို သတ်ဖြတ်ခဲ့ကြောင်း သံသယနဲ့ ဖမ်းဆီးထားတဲ့ မွတ်ဆလင် ၂ ဦးက ထွက်ဆိုခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

အသတ်ခံခဲ့ရသူ Kanhaiya Lal ဟာလည်း Twitter လူမှုကွန်ရက်ကနေ ကူးယူဖော်ပြခဲ့တဲ့အတွက်ကြောင့် ဒီလဆန်းမှာ ရဲတပ်ဖွဲ့ရဲ့ ခေတ္တ ဖမ်းဆီးခံခဲ့ရသလို အမည်မသိတချို့ကလည်း သတ်ဖြတ်မယ်လို့ စာရေး ခြိမ်းခြောက်တာ ခံခဲ့ရပါတယ်။ သေဆုံးသူရဲ့ မိသားစုကတော့ အကာအကွယ်ပေးဖို့ ပျက်ကွက်မှုအတွက် ရဲတပ်ဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။ ဟိန္ဒူစက်ချုပ်သမား အသတ်ခံရတဲ့ ဗွီဒီယို လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ရာက တင်းမာမှုတွေလည်း ပေါ်ပေါက်လာခဲ့တာပါ။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ အာဏာရ ဟိန္ဒိူ လက်ယျာစွန်း BJP ပါတီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Sharma ဟာ ပြီးခဲ့တဲ့လက တမန်တော်မိုဟာမက်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ မှတ်ချက်ပေးခဲ့တာကြောင့် အစ္စလာမ်နိုင်ငံတွေရဲ့ အပြင်းအထန် ဝေဖန်ရှုတ်ချတာ ခံခဲ့ရသလို၊ အိန္ဒိယအစိုးရကိုလည်း တရားဝင် ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ BJP ပါတီကတော့ ပြောခွင့်ရ အမျိုးသမီးကို ပါတီဝင်အဖြစ်ကနေ ဆိုင်းငံ့ထားခဲ့ပါတယ်။

XS
SM
MD
LG