သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံတောင်ပိုင်း မိုးကြီးမြေပြိုမှုကြောင့် အနည်းဆုံး လူ ၆၀ ကျော် သေဆုံး

အိန္ဒိယနိုင်ငံ ကယ်ရယ်လာပြည်နယ် မြေပြိုမှုအတွင်း သေဆုံးထိခိုက်များပြား (ဇူလိုင် ၃၀၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ ကယ်ရယ်လာပြည်နယ် မြေပြိုမှုအတွင်း သေဆုံးထိခိုက်များပြား (ဇူလိုင် ၃၀၊ ၂၀၂၄)

အိန္ဒိယနိုင်ငံက လက်ဖက်အများဆုံးထွက်တဲ့ ဒေသတခုဖြစ်တဲ့ Kerala ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာရရှိတဲ့ စာရင်းအရ အနည်းဆုံး လူ ၆၃ ဦးသေဆုံးပြီး ရွှံ့တွေ၊ အဆောက်အဦပျက်တွေအောက်က အနည်းဆုံး လူ ၂၅၀ လောက်ကို ကယ်တင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။​

နိုင်ငံတောင်ပိုင်း၊​ ပင်လယ်ကမ်းခြေဒေသတခုဖြစ်တဲ့ Kerelaပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီး မြေပြိုမှုတွေ အဆိုးရွားဆုံးဖြစ်နေတဲ့ Wayanad ခရိုင်ကို ဆက်သွယ်ပေးထားတဲ့ အရေးပါတဲ့ တံတားတခုပြိုကျခဲ့တာကြောင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။​

အိန္ဒိယနိုင်ငံ ကယ်ရယ်လာပြည်နယ် မြေပြိုမှုအတွင်း သေဆုံးထိခိုက်များပြား (ဇူလိုင် ၃၀၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ ကယ်ရယ်လာပြည်နယ် မြေပြိုမှုအတွင်း သေဆုံးထိခိုက်များပြား (ဇူလိုင် ၃၀၊ ၂၀၂၄)

သေဆုံးသူစာရင်းကို ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး K. Rajan က သတင်းထောက်တွေကို အတည်ပြုပြောဆိုပြီး ခရိုင်အစိုးရ တာဝန်ရှိသူ တဦးဖြစ်တဲ့ D.R. Meghasree ကလည်း လူ ၁၂၅ ဦးကို ဆေးကုသမှုပေးခဲ့ရတယ်လို့ ပြောပါတယ်။​

တခြား လူအများအပြားလည်း ထိခိုက် ဒဏ်ရာရခဲ့တာကြောင့် ကုသမှုပေးခဲ့ရတယ်လို့ ပြည်နယ် ကျန်းမာရေးဝန်ကြီး Veena George က PTI သတင်းအေဂျင်စီကို ပြောပါတယ်။ ပြည်နယ်အစိုးရရဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီ လုပ်ဆောင်ဖို့အတွက် တပ်ဖွဲ့ဝင် ၂၀၀ ကျော် စေလွှတ်ထားကြောင်း အိန္ဒိယစစ်တပ်ကလည်း ပြောပါတယ်။​

ဗဟိုအစိုးရအနေနဲ့ လိုအပ်တဲ့အကူအညီတွေပေးမယ့်အကြောင်း ပြည်နယ်အစိုးရကို အသိပေးထားကြောင်းလည်း ဝန်ကြီးချုပ် Narendra Modi က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG