သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူပြည်နယ်တွင်း အဓိကရုန်းတွေဆက်လက်ဖြစ်ပွား


000_1MZ5Q3
000_1MZ5Q3

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်မှာ မေလ ၃ ရက်နေ့ကစပြီး အဓိကရုန်းတွေ ဖြစ်ပွါးနေရာကနေ ကြာသပတေးနေ့ကတော့ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပါွးခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် Biren Singh ကတော့ မဏီပူပြည်နယ်တွင်း အားနည်းတဲ့ ဒေသအားလုံးမှာ လုံခြုံရေးနဲ့ ရဲတွေချထားကြောင်းပြောပါတယ်

မဏိပူပြည်နယ်တွင်း အထိကရုန်းတွေဆက်လက်ဖြစ်ပွား

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်မှာ မေလ ၃ ရက်နေ့ကစပြီး အဓိကရုန်းတွေ ဖြစ်ပွါးနေရာကနေ ကြာသပတေးနေ့ကတော့ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပါွးခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် Biren Singh ကတော့ မဏီပူပြည်နယ်တွင်း အားနည်းတဲ့ ဒေသအားလုံးမှာ လုံခြုံရေးနဲ့ ရဲတွေချထားကြောင်း ပြောပါတယ်

ပြည်နယ်ဝန်ကြီးချုပ်ဟာ မဏိပူအစိုးရ လုံခြုံရေးအကြံပေး Kuldeip Singh နဲ့ရော အာသံရိုင်ဖယ်တပ်ဖွဲ့ နဲ့ပါ အတူတကွ ဆွေးနွေးခဲ့ကြပြီး လုံခြုံရေးအားနည်းတဲ့ ဒေသအားလုံးအတွက် ရဲနဲ့လုံခြုံရေးတွေ ချထားကြောင်း ပြောသွားတာပါ။

ကြာသပတေးမနက်က ဆန္ဒပြလူအုပ်ကို စစ်တပ်က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဖြိုခွဲမှု အတွင်း သေဆုံး မယ်လို့ ယူဆရသူ တွေရဲ့ အလောင်းတွေ တွေ့ခဲ့ရတာပါ။ အခင်းဖြစ်ပွါးရာ Haraothel ရွာကလေးမှာ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တိုင်းရင်းသား အဖွဲ့က ရွာသားတွေနဲ့ လုံခြုံရေး ရဲတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အခု သေဆုံးခဲ့ရသူတွေက ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်သူ့လက်ချက်နဲ့ သေဆုံးတယ်ဆိုတာကို ရဲတွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဌာနေတိုင်းရင်းသား အဖွဲ့တွေကြား မေလ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အခုချိန်အထိဆို သေဆုံးရသူ ၈၀ ထက် မနည်း ရှိနေပြီး လူပေါင်း ၄ သောင်းလောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူပြည်နယ်ထဲမှာ အခုချိန်အထိ အကြမ်းဖက် တိုက်ခိုက်မှုတွေ မီးရှို့မှုတွေ ဖြစ်ပွါးနေပြီး လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG