သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရပြည်နယ်အတွင်းတိုက်ပွဲဖြစ်၊ အိန္ဒိယစစ်သားတဦးသေ


လူမျိုးစုပဋိပက္ခကြောင့် လူသေကြေမှုတွေဖြစ်ပွားအပြီး အိန္ဒိယစစ်တပ်နဲ့ အာသံ (Assam) ရိုင်ဖယ် ပြည်သူ့စစ်များကို တရားမဝင်လက်နက်ရှာဖွေတဲ့ စစ်ဆင်ရေးတခုအတွင်းတွေ့ရစဉ် (ဇွန် ၃၊ ၂၀၂၃)
လူမျိုးစုပဋိပက္ခကြောင့် လူသေကြေမှုတွေဖြစ်ပွားအပြီး အိန္ဒိယစစ်တပ်နဲ့ အာသံ (Assam) ရိုင်ဖယ် ပြည်သူ့စစ်များကို တရားမဝင်လက်နက်ရှာဖွေတဲ့ စစ်ဆင်ရေးတခုအတွင်းတွေ့ရစဉ် (ဇွန် ၃၊ ၂၀၂၃)

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူ ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ပုန်ကန်သူတွေကြား တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတဲ့အကြောင်း အိန္ဒိယစစ်တပ်က ဒီကနေ့ ပြောဆိုပါတယ်။ လူတွေ သေကြေတဲ့အထိ ဖြစ်ခဲ့တဲ့ လူမျိုးစု ပဋိပက္ခတွေအပြီး အစိုးရ စစ်ဆင်ရေးအတွင်း လက်နက်ကိုင် အများအပြား သေဆုံးခဲ့ရပြီး ရက်ပိုင်းအကြာမှာ ခုလို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံနဲ့နယ်ချင်းထိစပ်နေတဲ့ မဏိပူ ပြည်နယ်မှာ မေလ အစောပိုင်းကစလို့ လူမျိုးစု ပဋိပက္ခတွေကြား လူ ၆၀ ထက်မနည်း သေဆုံးခဲ့ရပြီး နောက်ထပ် ၃၅,၀၀၀ ကျော် အိုးအိမ်မဲ့ခဲ့ရသလို၊ ဒေသတွင်း တင်းမာမှုတွေ ပြင်းထန်နေတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း လက်နက်ကိုင် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ဇွန်လ ၆ ရက် ဒီကနေ့နဲ့ မနေ့က ၅ ရက်နေ့တွေမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပုန်ကန်သူတွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အကြောင်း အိန္ဒိယစစ်တပ်က တွစ်တာလူမှုကွန်ရက်က တဆင့် ပြောဆိုခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ထိထိရောက်ရောက် တုံ့ပြန် နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးတော့ သေဆုံးခဲ့ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံ (Assam) ရိုင်ဖယ် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာ ရခဲ့တဲ့အကြောင်းလည်း အိန္ဒိယစစ်တပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ လူနည်းစု တောင်ပေါ်တိုင်းရင်းသားတွေအပေါ် ပညာရေး၊ ကျန်းမာရေးစတဲ့ အထူးအခွင့်အရေးပေးတဲ့စံနစ် ရှိနေတာမှာ မဏိပူရပြည်နယ်မှာလည်း တောင်ပေါ်တိုင်းရင်းသားတွေက အဲဒီ အခွင့်အရေးတချို့ကို ရထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ် တရားရုံးချုပ်က လူများစုဖြစ်တဲ့ ကသည်းမျိုးနွယ်စုတွေကိုပါ အဲဒီအခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် လူနည်းစု တောင်ပေါ် တိုင်းရင်းသားတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြကြရာက လူမျိုးရေး ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ စတင်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG