သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရထား မတော်တဆမှုမှာ သေဆုံးရသူတွေအတွက် နိုင်ငံတော်ဝမ်းနည်းခြင်းနေ့ အိန္ဒိယကြေညာ


Rescuers work at the site of passenger trains that derailed in Balasore district, in the eastern Indian state of Orissa, June 3, 2023.
Rescuers work at the site of passenger trains that derailed in Balasore district, in the eastern Indian state of Orissa, June 3, 2023.

ရထား မတော်တဆမှုမှာ သေဆုံးရသူတွေအတွက် နိုင်ငံတော်ဝမ်းနည်းခြင်းနေ့ အိန္ဒိယကြေညာ

အိန္ဒိယအစိုးရက Odisha ပြည်နယ်တွင်း ဖြစ်ပွါးခဲ့တဲ ရထားလမ်း မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ၃၀၀ နီးပါးနဲ့ ရာနဲ့ချီတဲ့ ဒဏ်ရာရသူတွေအတွက် စနေနေ့ကို တနိုင်ငံလုံး ဝမ်းနည်းကြေကွဲရတဲ့ နေ့အဖြစ် ကြေညာပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီမတော်တဆ ဖြစ်မှုမှာ အသက်မသေ ကျန်ရစ်သူတွေအတွက် တတ်နိုင်တာအားလုံး လုပ်ဆောင်ပေးမယ့်အပြင် တာဝန်ရှိသူတိုင်းကို ထိထိရောက်ရောက် အရေးယူမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

" ဒီမတော်တဆ ဖြစ်မှုဟာ အိန္ဒိယအစိုးရအတွက် သိပ်အလေးအနက်ထားတဲ့ ကိစ္စဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု သေသေချာချာလုပ်ဖို့ အမိန့်ထုတ်ထားသလို အပြစ်ရှိသူတိုင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ ဖြစ်ပါတယ်။"

ဝန်ကြီးချုပ် Modi ဟာ အခင်းဖြစ်ပွါးရာ နေရာကို စနေနေ့က သွားရောက်ခဲ့သလို ကယ်ဆယ်ကူညီမှုတွေကို ကြည့်ရှုခဲ့ပြီး၊ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ပါ တွေ့ဆုံပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေကို ပို့ထားတဲ့ ဆေးရုံကိုပါ သွားရောက်ပြီး လူနာတွေ၊ ကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရထားလမ်းချော်မှုကနေ စတင်ဖြစ်ပွါးတဲ့ မတော်တဆဖြစ်ရပ်မှာ အနည်းဆုံး ရထား ၃ စင်းပါဝင်ပတ်သက်နေပြီး လမ်းချော်တဲ့ တွဲပေါင်းက ၁၅ တွဲ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး အာဏာပိုင်တွေက ပြောပါတယ်။ Kolkata တောင်ဘက် မိုင် ၁၃၀ ကျော်လောက်မှာ သောကြာညဘက်က အခင်းဖြစ်ပွါးခဲ့တာဖြစ်ပြီး အနီးနားမှာ နေထိုင်သူတွေက ပြေးလာကာ အကူအညီပေးခဲ့ကြသလို Odisha ပြည်နယ် မီးသတ်နဲ့ အရေးပေါ်ဌာနက ည ၁၀ နာရီမှာ ကယ်ဆယ်ရေးတွေ စတင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ စနေနေ့မှာ ပျက်စီးနေတဲ့ ရထားတွဲတွေကို ဖယ်ရှားနေပြီဖြစ်သလို ရထားလမ်းတွေကိုတော့ မကြာခင်မှာပဲ ပြန်ပြင်တော့မှာ ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ရထားလမ်းတွေဟာ သက်တမ်းအတော်ကြာနေပြီဖြစ်တဲ့အတွက် မတော်တဆမှုတွေ မကြာခဏဖြစ်ပွားတတ်ပါတယ်။ ဒါပေမဲ့ လူပေါင်း ၁၂ သန်းကျော်ဟာ ရထားနဲ့ နေ့စဉ်သွားလာနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG