သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မဏိပူမှာ ညမထွက်ရအမိန့် ဖြေလျှော့၊ အင်တာနက်ဆက်ပိတ်


အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှာ လူမျိုးရေးပဋိပက္ခေတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရသူများ။ (မေ ၇၊ ၂၀၂၃။)
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှာ လူမျိုးရေးပဋိပက္ခေတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရသူများ။ (မေ ၇၊ ၂၀၂၃။)

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ လူမျိုးစုနှစ်စုကြား အကြမ်းဖက်မှုတွေအပြင်းအထန်ဖြစ်ပြီး ရက်ပိုင်းအကြာမှာ မေလ ၉ ရက်နေ့က ဒေသအများစုမှာ ညမထွက်ရအမိန့်ကို ဖြေလျှော့လိုက်ပေမယ့် အင်တာနက်ကိုတော့ ဆက်ပြီးပိတ်ထားပါတယ်။ ညမထွက်ရအမိန့် ဖြေလျှော့ပြီးနောက် မဏိပူပြည်နယ်ထဲမှာ အင်္ဂါနေ့က လုံခြုံရေး အထူးတိုးမြှင့်ထားပြီး ထောင်နဲ့ချီတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားပါတယ်။

အင်တာနက်ကွန်ရက်တွေကို မေလ ၁၃ ရက်နေ့အထိ ဆက်လက် ရပ်ဆိုင်းထားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အင်တာနက်ဖြတ်ထားလို့ မဏိပူရပြည်နယ်ဟာ ပြင်ပ ကမ္ဘာနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမှာ လူမျိုးရေးအဓိကရုဏ်းတွေ ရက်အတန်ကြာဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၆၀ သေဆုံးပြီး ၃၅,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တာပါ။ အမိန့်စတင်ဖြေလျှော့ပေးချိန်မှာပဲ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာပြီး လမ်းခုလပ်မှာ သောင်တင်နေသူတွကို အိမ်ပြန်နိုင်ဖို့ ဒါမှမဟုတ် ကယ်ဆယ်ရေး စခန်းတွေဆီပို့ဆောင်ပေးဖို့ သက်ဆိုင်ရာက လုံခြုံရေး ချပေးထားပါတယ်။

Churachandpur ခရိုင်ထဲမှာပိတ်မိနေတဲ့ လူပေါင်း ၅၀၀ ကျော်ကို လုံခြုံရေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပြည်နယ်မြို့တော်အင်ဖာက အားကစားရုံတခုကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသတွင်း သတင်းတွေကပြောပါတယ်။

မဏိပူမှာ မေလ ၃ ရက်နေ့ကစပြီး လူများစု Meitei လူမျိုးတွေနဲ့ မျိုးနွယ်စုတွေကြား စီးပွားရေး အကျိုးအမြတ်နဲ့ ခွဲတမ်းရရှိတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတွေစတင်ခဲ့တာပါ။လူပေါင်း ၃.၂ သန်းရှိတဲ့ အဲဒီပြည်နယ်ကို နယူးဒေလီမြို့တော်ကနေ ထောင်နဲ့ချီတဲ့ အရံတပ်တွေနဲ့ စစ်တပ်တွေ စေလွှတ်ပြီး အကြမ်းဖက်မှုတွေကို ထိန်းချုပ်ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG