သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက အလိုရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးကို မြန်မာလွဲပေး


United National Liberation Front (UNLF) မဏိပူရ တပ်သားများ (ဓါတ်ပုံ-UNLF)
United National Liberation Front (UNLF) မဏိပူရ တပ်သားများ (ဓါတ်ပုံ-UNLF)

(Zawgyi/Unicode)

မဏိပူရနဲ့ အာသံပြည်နယ်တွေထဲ အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကို သောကြာနေ့က မြန်မာနိင်ငံက အိန္ဒိယနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီ သောင်းကျန်းသူတွေကို အိန္ဒိယနိုင်ငံက အချိန် အတော်ကြာထဲက အလိုရှိနေခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ တောင်းဆိုချက်ကို ပထမဆုံးအကြိမ် လက်ခံပြီး လွှဲပြောင်း ပေးအပ်ခဲ့တာလို့လည်း The New Indian Express သတင်းစာက ပြောပါတယ်။

လွှဲပြောင်းပေးခဲ့သူ ၂၂ ဦးထဲက ၁၂ ဦးက မဏိပူရပြည်နယ်က ဖြစ်ပြီး အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF)၊ ပြည်သူ့တော်လှန်ရေးပါတီ (PREPAK)၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)နဲ့ KYKL တို့က ဖြစ်ပါတယ်။

အဲဒီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အထူးလေယာဉ်နဲ့ လွှဲပြောင်းပေးခဲ့တာလို့လည်း ဆိုပါတယ်။ လေယာဉ်က မဏိပူရပြည်နယ် အင်ဖာ မြို့ကို ပထမဆုံးဆိုက်ရောက်ပြီး သောင်းကျန်းသူ ၁၂ ဦးကို ပြည်နယ် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးပြီးတဲ့နောက်မှာ ကျန်တဲ့သူတွေကို အာသံ ပြည်နယ် Guwahati မြို့က ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တာပါ။ လွှဲပြောင်းပေးသူတွေ ပါတဲ့ လေယာဉ် ရောက်ရှိလာပြီ ဆိုတာကို အာသံပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Bhaskar Jyoti Mahantaက အတည်ပြုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူတစ်ယောက်ကတော့ မြန်မာနိုင်ငံက အခုလို လွှဲပြောင်းပေးတာဟာ နောက်ကွယ်ကနေ သံတမန်ရေးအရ ကြိုးပမ်းမှုရဲ့ ရလဒ်လို့လည်း ပြောပါတယ်။

မနှစ် ဇန်နဝါရီလက မြန်မာ စစ်တပ်က အိန္ဒိယ အနောက်မြောက်ပိုင်း နယ်စပ်အနား လှုပ်ရှားနေတဲ့ စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေး တွေ ဆက်တိုက်လုပ် တိုက်ခိုက်ခဲ့ရာမှာ အတော်များများကို ဖမ်းဆီးထောင်ချထားခဲ့တာပါ။ အဲဒီဒေသတွေက စစ်သွေးကြွတွေ အများစု က မြန်မာနိုင်ငံနယ်နိမိတ်ထဲ လှုပ်ရှားနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG