သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီ ၁၃ နှစ်ပြည့် နှစ်ပတ်လည် အိန္ဒိယမှာ ကျင်းပ


မှတ်တမ်းဓာတ်ပုံ - ဆူနာမီ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနား အိန္ဒိယမှာ ကျင်းပ။ ၂၀၀၈
မှတ်တမ်းဓာတ်ပုံ - ဆူနာမီ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနား အိန္ဒိယမှာ ကျင်းပ။ ၂၀၀၈

ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ အိန္ဒိယ သမုဒ္ဒယာအတွင်း ဆူနာမီ ရေလှိုင်းကြီး တိုက်ခတ်ခဲ့တဲ့ ၁၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖြစ်သွားခဲ့တဲ့ အဲဒီ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနဲ့ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက လူပေါင်း ၂၂၆,၀၀၀ ခန့် သေဆုံးခဲ့ရတာပါ။

အင်္ဂါနေ့ကတော့ ဆူနာမီ နှစ်ပတ်လည်အဖြစ် အိန္ဒိယနိုင်ငံတောင်ပိုင်း Chennai မြို့မှာ ဆူနာမီကြောင့် သေဆုံးသွားကြသူတွေ အတွက် အမှတ်ရ အောက်မေ့ဘွယ် အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆူနာမီကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဟာ ဖယောင်းတိုင်မီးတွေ ထွန်းညှိပြီး လမ်းမပေါ်မှာ ချီတက်ခဲ့ကြသလို ပင်လယ်အတွင်း နွားနို့တွေ သွန်းလောင်းပြီး သေဆုံးသူတွေအတွက် ဆုတောင်း မေတ္တာ ပို့သခဲ့ကြပါတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒယာအတွင်း ပြင်းအား ၉.၁၅ ရှိတဲ့ ရေအောက် ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ၅၇ ပေလောက်မြင့်တဲ့ ဆူနာမီ ရေလှိုင်းကြီးတွေ ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တွေက ကမ်းရိုးတန်း ဒေသတွေကို ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ကမ်းခြေတလျှောက်မှာရှိတဲ့ လူနေမှုအသိုင်းဝိုင်းတွေ တခုလုံး လုံး၀ ပျောက်ပျက်သွားတဲ့အထိ ဖြစ်ခဲ့တာပါ။

အိန္ဒိယနိုင်ငံ အနေနဲ့ကတော့ ဆူနာမီကြောင့် လူပေါင်း ၁၆,၂၇၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၇ သိန်းခွဲနီးပါးလဲ အိုးအိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဆူနားမီးကြောင့် ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တွေက လူပေါင်း ၂ သန်းနီးပါး အိုးအိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

ဘေးဒုက္ခသင့်သူတွေအတွက် နိုင်ငံတကာ အသိုင်းဝိုင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါး အကူအညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့ဒေသတွေမှာ အခုချိန်ထိ အဲဒီ ဆူနာမီရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ခံစားနေကြရတုန်းဘဲလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG