သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အကောင်အထည်ဖော်ဖို့ခြေလှမ်း အိန္ဒိယစတင် 


 အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အကောင်အထည်ဖော်ဖို့ တတိယအကြိမ်မြောက် ရွေးကောက်ပွဲမဝင်ခင် ကြေညာလိုက်တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi
အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အကောင်အထည်ဖော်ဖို့ တတိယအကြိမ်မြောက် ရွေးကောက်ပွဲမဝင်ခင် ကြေညာလိုက်တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi

အိန္ဒိယဝန်ကြီးချုပ် Narendra Modi အစိုးရက ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။ ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်တဲ့ ဝန်ကြီးချုပ်မိုဒီက တတိယအကြိမ်ပြန်လည်အရွေးခံဖို့ သီတင်းပတ်အလိုမှာ ခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ အိန္ဒိယကို ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ထွက်ပြေးဝင်ရောက်လာကြတဲ့ ဟိန္ဒူ၊ ပါစီ၊ ဆစ်ခ်၊ ဂျိမ်း၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေကိုတော့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးထားပါတယ်။ မွတ်ဆလင်တိုင်းပြည်တွေဖြစ်တဲ့ အဲဒီ ၃ နိုင်ငံက ထွက်ပြေးလာတဲ့ အစ္စလာမ်ဘာသာဝင်တွေတော့ ဒီဥပဒေမှာ အကျုံးမဝင်ပါဘူး။

၂၀၁၉ ခုနှစ်မှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေမူကြမ်းကို လွှတ်တော်ကအတည်ပြုခဲ့ကြပေမဲ့ မြို့တော်နယူးဒေလီအပါအဝင် နိုင်ငံအနှံ့မှာ လူတွေသေဆုံးခဲ့ရတဲ့ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့တာကြောင့် မိုဒီအစိုးရက ဥပဒေကို အကောင်အထည်မဖော်ဘဲ ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယအစိုးရက လူနည်းစု မွတ်ဆလင်တွေကို ဒီဥပဒေနဲ့ ခွဲခြားဖိနှိပ်လာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG