သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှိတ်ဟာဆီနာကို ပြန်ပို့ပေးဖို့တောင်းဆိုမှု အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကိုထိခိုက်နိုင်


အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (ဇန်နဝါရီ ၇၊ ၂၀၂၄)
အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (ဇန်နဝါရီ ၇၊ ၂၀၂၄)

အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကိုလွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တောင်းဆိုချက်ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အရှုပ်အထွေးဖြစ်စေ တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ရှိတ်ဟာဆီနာဟာ သြဂုတ်လက ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေအတွင်း ရာထူးကနေပြုတ်ကျသွားခဲ့ပြီးတဲ့နောက် အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့အိန္ဒိယကို ထွက်ပြေးသွားခဲ့တာပါ။ ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရအသစ်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။

အခုလို ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ တောင်းဆိုချက်ကိုလက်ခံရရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့ကအတည်ပြုခဲ့ပေမဲ့ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အခုလိုတောင်းချက်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တင်းမာလာဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

ဟာဆီနာကို တရားခံအဖြစ်လွှဲပြောင်းပေးရန်တောင်းဆိုချက်ဟာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် International Crimes (Tribunal) နိုင်ငံတကာရာဇတ်မှုရုံးကနေ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဝရမ်း ထုတ်လိုက်ပြီး နှစ်လအကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ လူထုဆန္ဒပြပွဲတွေကို နှိမ်နင်းမှာ ရာနဲ့ ချီ လူတွေသေဆုံးခဲ့တဲ့ဖြစ်ရပ်မှာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုစွဲချက်ကိုရင်ဆိုင်ဖို့ ရှိတ်ဟာဆီနာကို တရားရုံးက ဆင့်ခေါ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG