သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မပြုကျင့် သတ်ဖြတ်မှု စွပ်စွဲခံရသူ ၄ ဦး အိန္ဒိယရဲအသေပစ်သတ်


(Zawgyi/Unicode)

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ဆေးကု ဆရာဝန်တဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနဲ့ စွပ်စွဲခံရသူ ၄ ဦးကို ရဲတွေက အသေပစ်သတ်လိုက်ပါတယ်။ Telangana ပြည်နယ် Hyderabad မြို့က အဓမ္မပြုကျင့်သတ်ဖြတ်မှု ဖြစ်ရာနေရာကို (မှု့ခင်းဖြစ်ရပ်သရုပ်ပြဘို့)ပြန်ခေါ်လာချိန်မှာ (တရားခံတွေက) ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

အစောင့်တွေထံက လက်နက်လုယူဖို့ ကြိုးစားခဲ့တဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာမင်းကြီး Prakash Reddy က AFP သတင်းဌာနကို ပြောပါတယ်။

အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသူ တိရစ္ဆာန်ဆေးကု ဆရာဝန်အမျိုးသမီးရဲ့ ဖခင်ကတော့ သမီးဖြစ်သူ သေဆုံးတာ ၁၀ ရက်ရှိပြီဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရဲတွေ ပစ်သတ်ခံခဲ့ရတဲ့နေရာကို ရာနဲ့ချီတဲ့ လူတွေလာရောက်ပြီး မီးရှုးမီးပန်းတွေပစ်ဖောက်၊ ရဲတွေကို ပန်းတွေပေး ဂုဏ်ပြုခဲ့ကြတာပါ။ တရားမျှတမှု ရရှိရေး၊ လက်တုံ့ပြန်အရေးယူရေး ဒေါသတကြီး တောင်းဆိုဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ တရားဥပဒေနဲ့အညီ အရေးမယူဘဲ သတ်ဖြတ်မှုတွေအပေါ် စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြတာပါ။

တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးရဲ့ မီးလောင်နေတဲ့ အလောင်းကိုတော့ အိမ်ကနေ ထွက်သွားပြီး နောက်တနေ့မှာပဲ တွေ့ခဲ့တာဖြစ်ပါတယ်။ အိမ်ကနေ ထွက်သွားပြီး အဝေးပြေးလမ်း တနေရာမှာ ကားဘီးပေါက်တဲ့အတွက် ထရပ်ကားသမားတယောက်က ပြင်ပေးနေတယ်လို့လည်း မိသားစု ဝင်တဦးကို ဖုန်းဆက်ပြောခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ လူပြတ်တဲ့ အဝေးပြေးလမ်းအနီး သူ့ကိုဆွဲခေါ်သွားပြီး တယောက်တလဲ အဓမ္မပြုကျင့်၊ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုခဲ့တာပါ။ ဒီနောက်မှာတော့ စောင်နဲ့ပတ်ပြီး တံတားတခုပေါ်ကနေ ပစ်ချထားတဲ့ အလောင်းကို လမ်းသွားလမ်းလာ တယောက်က တွေ့ခဲ့တာလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

အဓမ်မပွုကငြ့ျ သတျဖွတျမှု စှပျစှဲခံရသူ ၄ ဦး အိန်ဒိယရဲအသပေဈသတျ







XS
SM
MD
LG