သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိရီးယား K-pop အဆုိေတာ္ ၂ ေယာက္ အဓမၼကာမရယူမႈနဲ႔ ေထာင္က်


ကုိရီးယား K-pop အဆုိေတာ္ Jung Joon-young

(Zawgyi/Unicode)

ေတာင္ကုိရီးယား ႏုိင္ငံက နာမည္ေက်ာ္ K-pop အဆုိေတာ္လူငယ္ ၂ ေယာက္ကုိ အမ်ဳိးသမီးတဦးအေပၚ လိင္ပုိင္းဆုိင္ရာ အႏုိင္က်င့္မႈနဲ႔ ဒီကေန႔ပဲ တရား႐ုံးက ေထာင္ဒဏ္ အျပစ္ေပးလိုက္ပါတယ္။

သတိလစ္ ေမ့ေမ်ာေနသူ၊ ဒါမွမဟုတ္ မျငင္းဆန္ႏုိင္တဲ့ အေျခအေနမ်ဳိးမွာ ေရာက္ေနသူ တဦးအေပၚ အဓမၼကာမရယူရာမွာ ပူးေပါင္းႀကံစည္မႈနဲ႔ အသက္ ၃၀ အရြယ္ Jung Joon-young နဲ႔ အသက္ ၂၉ ႏွစ္အရြယ္ Choi Jong-hoon တုိ႔ကုိ ဆုိးလ္ၿမိဳ႕ေတာ္မွာရွိတဲ့ တရား႐ုံးက ေထာင္ဒဏ္စီရင္ခ်က္ ခ်လုိက္တာပါ။

အဓမၼျပဳက်င့္မႈ၊ ျပဳက်င့္မႈ က်ဳးလြန္တာကုိ ဗြီဒီယုိ႐ုိက္ယူထားၿပီး တျခား အေပါင္းအသင္းေတြၾကားမွာ ျဖန္႔ေ၀မွ်မႈေတြနဲ႔ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ခံခဲ့ရတဲ့ Jung ကုိေတာ့ ေထာင္ဒဏ္ ၆ ႏွစ္ အျပစ္ေပးခဲ့ၿပီး၊ Choi ကုိေတာ့ ပူးေပါင္းႀကံစည္မႈနဲ႔ ေထာင္ဒဏ္ ၅ ႏွစ္ အျပစ္ေပးခဲ့ပါတယ္။ အဆုိေတာ္ ၂ ေယာက္ကုိ လိင္ပုိင္းဆုိင္ရာ ရာဇ၀တ္မႈ က်ဳးလြန္သူေတြအတြက္ ကုစားေရး အစီအစဥ္မွာ နာရီ ၈၀ စီ ကုသခံဖုိ႔လည္း တရား႐ုံးက အမိန္႔ခ်ခ့ဲပါတယ္။

ေပါ့ပ္သီခ်င္းေတြ၊ တီဗြီဇာတ္လမ္းေတြေၾကာင့္ နာမည္ေက်ာ္တဲ့ ေတာင္ကုိရီးယား ႏုိင္ငံရဲ႕ ေဖ်ာ္ေျဖေရးလုပ္ငန္းဟာ အာရွမွာသာမက ကမာၻတ၀န္းမွာပါ ေရပမ္းစားေနတာပါ။ ဒါေပမဲ့လည္း မၾကာေသးခင္ႏွစ္ေတြကစလုိ႔ လိင္ပုိင္းဆုိင္ရာ အ႐ႈပ္ေတာ္ပုံ ျပႆနာေတြ ေပၚေပါက္လာရာက ေတာင္ကုိရီးယား ေဖ်ာ္ေျဖေရးလုပ္ငန္းရဲ႕ ေနာက္ကြယ္က ျပႆနာေတြကုိလည္း လူသိမ်ားလာခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

ကိုရီးယား K-pop အဆိုတော် ၂ ယောက် အဓမ္မကာမရယူမှုနဲ့ ထောင်ကျ

(Unicode)

တောင်ကိုရီးယား နိုင်ငံက နာမည်ကျော် K-pop အဆိုတော်လူငယ် ၂ ယောက်ကို အမျိုးသမီးတဦးအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ ဒီကနေ့ပဲ တရားရုံးက ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။

သတိလစ် မေ့မျောနေသူ၊ ဒါမှမဟုတ် မငြင်းဆန်နိုင်တဲ့ အခြေအနေမျိုးမှာ ရောက်နေသူ တဦးအပေါ် အဓမ္မကာမရယူရာမှာ ပူးပေါင်းကြံစည်မှုနဲ့ အသက် ၃၀ အရွယ် Jung Joon-young နဲ့ အသက် ၂၉ နှစ်အရွယ် Choi Jong-hoon တို့ကို ဆိုးလ်မြို့တော်မှာရှိတဲ့ တရားရုံးက ထောင်ဒဏ်စီရင်ချက် ချလိုက်တာပါ။

အဓမ္မပြုကျင့်မှု၊ ပြုကျင့်မှု ကျုးလွန်တာကို ဗွီဒီယိုရိုက်ယူထားပြီး တခြား အပေါင်းအသင်းတွေကြားမှာ ဖြန့်ဝေမျှမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတဲ့ Jung ကိုတော့ ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့ပြီး၊ Choi ကိုတော့ ပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့ပါတယ်။ အဆိုတော် ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျုးလွန်သူတွေအတွက် ကုစားရေး အစီအစဉ်မှာ နာရီ ၈၀ စီ ကုသခံဖို့လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။

ပေါ့ပ်သီချင်းတွေ၊ တီဗွီဇာတ်လမ်းတွေကြောင့် နာမည်ကျော်တဲ့ တောင်ကိုရီးယား နိုင်ငံရဲ့ ဖျော်ဖြေရေးလုပ်ငန်းဟာ အာရှမှာသာမက ကမ္ဘာတဝန်းမှာပါ ရေပမ်းစားနေတာပါ။ ဒါပေမဲ့လည်း မကြာသေးခင်နှစ်တွေကစလို့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံ ပြဿနာတွေ ပေါ်ပေါက်လာရာက တောင်ကိုရီးယား ဖျော်ဖြေရေးလုပ်ငန်းရဲ့ နောက်ကွယ်က ပြဿနာတွေကိုလည်း လူသိများလာခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG