သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် အာဏာအကဲစမ်းရွေးကောက်ပွဲ ကျင်းပ


ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi
ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi

India နိုင်ငံမှာ ဝန်ကြီးချုပ် Narendra Modi ၂၀၁၄ ခုနှစ်မှာ အာဏာရလာပြီးနောက်ပိုင်း သူ့အတွက် အရေးအကြီးဆုံး စမ်းစစ်ချက်ဖြစ်မယ့် ဒေသန္တရရွေးကောက်ပွဲကို Mr. Modi ကိုယ်စားပြု ဝင်ယှဉ်ပြိုင်ခဲ့တဲ့ Gujarat ပြည်နယ်မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။

နိုင်ငံအဆင့်အုပ်ချုပ်ရေး တာဝန်တွေ မယူခင်က သူ ၁၃ နှစ်နီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံ အနောက်ပိုင်းက Gujarat ပြည်နယ်ကို ဆက်ပြီးထိန်းချုပ်ထားနိုင်ဖို့ သူ့ရဲ့ Janata Party ကြိုးစားပမ်းစား လုပ်ဆောင်နေရတာပါ။ နိုင်ငံရဲ့ ပျမ်းမျှနှုန်းကို သာလွန်ပြီး စီးပွားရေး အရှိန်အဟုန် ကောင်းကောင်းနဲ့ ကြီးထွားနေတဲ့ သူ့ရဲ့ပြည်နယ်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ဆိုတဲ့ ပုံရိပ်ကို ဆက်ထိန်း ထားနိုင်ဖို့ အတွက်က ဒီပြည်နယ်ရွေးကောက်ပွဲမှာ BJP ပါတီ အနိုင်ရဖို့ လိုတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

Mr. Modi ရဲ့ လူချစ်လူခင်ပေါတဲ့ အနေအထားရယ် Gujarat နယ်သားတွေကို ဆွဲဆောင် နိုင်မှုရယ်တွေကြောင့် သူတို့ပါတီ အနိုင်ရလိမ့်မယ်လို့ BJP ပါတီက မျှော်လင့်ထားပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးု ဖွံ့ဖြိုးမှု အရှိန်ကျလာတာကြောင့် လူထုအကြား မကျေနပ်မှုတွေ ရှိလာပြီး ဝန်ကြီးချုပ်ရဲ့ ပုံရိပ်ကို ထိခိုက်ရတာကြောင့် သူ့ပါတီပေါ် ထောက်ခံမှု ကျဆင်း လာတယ်လို့ စစ်တမ်းကောက်ယူ ချက်တွေမှာ တွေ့ရတာကြောင့် အခုရွေးကောက်ပွဲကို ပါတီခေါင်းဆောင်တွေ လန့်နေကြပါတယ်။ ဝန်ကြီးချုပ် Modi ကိုယ်တိုင်ကတော့ ဒီကနေ့ ရွေးကောက်ပွဲကို မဲဆန္ဒရှင် တွေအားလုံး လာရောက် မဲထည့်ဝင်ကြဖို့၊ အထူးသဖြင့် လူငယ်တွေ သူတို့ရွေးချယ် ချင်သူကို လာရောက်ရွေးချယ်ဖို့ သူ့ရဲ့ twitter လူမှု ကွန်ယက် စာမျက်နှာမှာ နှိုးဆော်ထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ Gujarat ပြည်နယ် ရွေးကောက်ပွဲမှာ စုစုပေါင်းမဲရုံ ၂ သောင်း ၄ ထောင် ရှိပြီး BJP ပါတီက အိန္ဒီယ အမျိုးသားကွန်ကရက် နဲ့ Bahujan Samaj ပါတီတို့နဲ့ ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အဆင့် ၂ ဆင့် ကျင်းပတဲ့ ဒီရွေးကောက်ပွဲ ပထမအဆင့် ဒီကနေ့မှာ စုစုပေါင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၉၇၇ ဦးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG