သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရထားမတော်တဆမှုဖြစ်ရပ် မကျေနပ်သူများ ရဲတပ်ဖွဲ့ကို ခဲနဲ့ပေါက် ဆန္ဒပြ


သောကြာနေ့က ဟိန္ဒူမီးပွဲကြည့်နေသူ ၅၉ ဦး သေဆုံးခဲ့ရတဲ့ ရထားလမ်းနားမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ပြီး တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။

သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် လျှော်ကြေးချက်ချင်းပေးဖို့နဲ့ အလုပ်ပြုတ်သွားသူတွေကို အလုပ်ပြန်ပေးဖို့ ဆန္ဒပြသူ ၁၀၀လာက်က တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း Amritsar မြိုကလေးမှာ သောကြာနေ့က ဟိန္ဒူမီးပွဲကျင်းပချိန်က မီးရှုးမီးပန်းတွေ ပစ်ဖေါက်ပြီး အရုပ်ကြီးတွေကို မီးရှို့တာကို ကြည့်နေတဲ့ ရထားလမ်း တဝိုက်က လူအုပ်ကြီးကို ရထားက ဝင်ကျိတ်သွားတာ ဖြစ်ပါတယ်။

အများစုဟာ အမှောင်ထဲမှာ အရုပ်ကြီးတွေ မီးရှို့တာကို ကြည့်နေကြတာ ဖြစ်ပြီး ကျယ်လောင်တဲ့ ဗျောက်အိုးဖောက်သံတွေကြောင့် ရထားလာသံကို မကြားခဲ့ကြဘူးလို့ မျက်မြင်တွေ့သူတွေနဲ့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ရထားလမ်းတဝိုက် လူအများအပြားရှိနေတဲ့ နေရာမှာ ရထားမောင်းခွင့်ပေးတာအတွက် ကျန်ရစ်သူမိသားစုတွေက အပြစ်တင်ကြသလို ရထားတာဝန်ရှိသူတွေကတော့ ရထားလမ်းနားတဝိုက် ဒီလို မီးပွဲလုပ်ဖို့ အစီစဉ်ရှိတာကို မသိခဲ့ရကြောင်းနဲ့ ရထားလမ်းတွေနား လူတွေ ရပ်မနေသင့်ဘူးလို့ တုန့်ပြန်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ကျန်ရစ်သူ မိသားစုတွေနဲ့ ဒေသခံတွေဟာ အခင်းဖြစ်ပွားရာ နေရာတဝိုက်စုဝေးခဲ့ကြပြီး ပူဆွေးနေတဲ့ မိသားစုတွေ အတွက် ဘာအကူအညီမှ မရကြဘူးလို့ ပြောရင်း ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG