သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က လက်နက်မှောင်ခိုသွင်းမှုတွေ ရှိနေကြောင်း အိန္ဒိယထောက်လှမ်းရေးစွပ်စွဲ


မဏိပူရ အဓိကရုဏ်းအတွင်း မီးလောင်နေတဲ့ လူနေအိမ်များ၊ မေ ၂၈ ၊ ၂၀၂၃
မဏိပူရ အဓိကရုဏ်းအတွင်း မီးလောင်နေတဲ့ လူနေအိမ်များ၊ မေ ၂၈ ၊ ၂၀၂၃

လူမျိုးရေး တင်းမာမှုနဲ့ အကြမ်းဖက်အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်အတွင်း အသုံးပြုခဲ့တဲ့ လက်နက်တွေဟာမြန်မာနိုင်ငံဘက်က ဖြတ်ပြီး သယ်လာတဲ့ လက်နက်တွေ ဖြစ်တဲ့အကြောင်း အိန္ဒိယ ထောက်လှမ်းရေး သတင်းရပ်ကွက်ရဲ့ အစီရင်ခံစာကို India Today သတင်းစာမှာ ရေးသားပါတယ်။မြန်မာနိုင်ငံဘက်က လမ်းကြောင်းတွေကတဆင့် ဒီလအတွင်း မဏိပူနယ်ထဲကို လက်နက်တွေ အများအပြား ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယ ထောက်လှမ်းရေး အစီရင်ခံစာက ရေးပါတယ်။

အကြမ်းဖက်မှု ကျုးလွန်သူတွေအပြင် လက်ရှိ အိန္ဒိယအစိုးရကို ပုန်ကန်နေတဲ့ သူပုန်တွေအတွက်လည်း ကားသုံးစီးတိုက် လက်နက်တွေ ပြီးခဲ့တဲ့လက ရောက်ခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။ ဒီလက်နက်တွေဟာ တရုတ်မြန်မာ နယ်ခြား မှောင်ခိုဈေးကွက်ကတဆင့် ဝယ်ခဲ့တဲ့ လက်နက်တွေ ဖြစ်ပြီး ဒီလို တရားမဝင် လက်နက်တွေ ဝင်နေတဲ့အတွက် အိန္ဒိယ အာသံ ရိုင်ဖယ်တပ်ဖွဲ့အနေနဲ့ အထူးသတိထားပြီး မြန်မာနဲ့ နယ်ခြားကို အထူး စောင့်ကြပ်ကြည့်နေတဲ့အကြောင်း အန္ဒိယ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မဏိပူပြည်နယ်အတွင်းမှာ လက်နက် တထောင့်တရာကျော်နဲ့ ကျည်တသောင်းသုံးထောင်ကျော်အပြင် ဗုံးမျိုးစုံ ၂၅၀ ကျော်ကို အိန္ဒိယရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး ကတုတ်ကျင်း တဒါဇင်လောက်ကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ ကာဖျုးအမိန့်ချိုးဖေါက်တာအပါအဝင်၊ ရာဇဝတ်မှု ကျုးလွန်တဲ့ လူ ၁၃၀ ကျော်ကိုလည်း အိန္ဒိယရဲက ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG