သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ကယ်တင်ဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလတိုက်တွန်း


အသစ်ရောက်လာတဲ့ ရိုဟင်ဂျာလှေစီးပြေး ၂၆၄ ယောက်ကို ဒုက္ခသည်စာရင်းသွင်းဖို့ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသမှာ ဆောင်ရွက်နေစဥ်။ (ဇန်နဝါရီ ၆၊ ၂၀၂၅)
အသစ်ရောက်လာတဲ့ ရိုဟင်ဂျာလှေစီးပြေး ၂၆၄ ယောက်ကို ဒုက္ခသည်စာရင်းသွင်းဖို့ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသမှာ ဆောင်ရွက်နေစဥ်။ (ဇန်နဝါရီ ၆၊ ၂၀၂၅)

အခုနှစ် နှစ်ဆန်းပိုင်း ၅ ရက်အတွင်းမှာတင် ဒေသတွင်းနိုင်ငံတွေကို ခိုလှုံဖို့ရောက်လာကြတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့အသက်ကို ကယ်တင်နိုင်မယ့်ကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်ကြဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့က မလေးရှားကို ၁၉၆ ဦးနဲ့ ဇန်နဝါရီလ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို ၂၆၄ ဦး၊ စုစုပေါင်း ၄၆၀ ဦး အသီးသီး ပင်လယ်ပြင်မှာ သီတင်းပတ်နဲ့ချီလှေစီးပြီး ရောက်ရှိလာခဲ့တာနဲ့ ပတ်သက်လို့ UNHCR က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ပင်လယ်ပြင်ကိုဖြတ်သန်းလာခဲ့တဲ့ ခရီးစဉ်အတွင်း လူ ၁၀ ဦး သေဆုံးခဲ့သလို ဒီမတိုင်ခင် သီတင်းပတ် ၃ ပတ်အလိုတုန်းကလည်း သီရိလင်္ကာနိုင်ငံကို ရိုဟင်ဂျာ ၁၁၅ ဦး ရောက်လာခဲ့တာမှာ ၆ ဦးက လမ်းခရီးမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အသက်ကယ်တင်ရေးကို ဦးစားပေးလုပ်သင့်တယ်လို့ UNHCR ရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Hai Kyung Jun က ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။

 ရိုဟင်ဂျာတွေ ကယ်တင်ဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလတိုက်တွန်း
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG