သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုး ၈၈ ယောက် အင်ဒိုနီးရှားဖမ်းဆီး


တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)
တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)

ချစ်သူရည်းစားရမယ်ဆိုတဲ့ မက်လုံးနဲ့ တရုတ်နိုင်ငံက လူရာနဲ့ချီကို လိမ်လည်ခဲ့တဲ့ အွန်လိုင်းဂိုဏ်းတခုနဲ့ ပတ်သက်တယ်လို့ မသင်္ကာသူ တရုတ်နိုင်ငံသား ဒါဇင်နဲ့ချီကို အင်ဒိုနီးရှားနိုင်ငံမှာ ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားအရာရှိတွေက ဒီကနေ့ ပြောပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ Riau ကျွန်းက Batam မြို့မှာ အမျိုးသား ၈၃ ယောက်၊ အမျိုးသမီး ၅ ယောက်၊ စုစုပေါင်း ၈၈ ယောက်ကို မနေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဒီဂိုဏ်းဟာ အစိုးရအရာရှိ အများစုအပါအဝင် တရုတ်နိုင်ငံသား အများအပြားထံက အွန်လိုင်းကနေ ငွေညစ်ယူနေတဲ့အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ဖမ်းဆီးမိသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသားတွေ ပါမပါဆိုတာ စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး၊ တကယ်လို့ အားလုံးက တရုတ်နိုင်ငံသားချည်းဘဲဆိုရင် တရုတ်ပြည်ကို အကုန် ပြန်ပို့မယ်လို့ Riau ကျွန်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Zahwani Pandra Arsyad က AFP သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)
တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)

ဒီလူတွေဟာ ဗွီဒီယိုနဲ့ ဖုန်းခေါ်ပြောရင်း တဘက်လူအပေါ် မေတ္တာထားသယောင် ဟန်ဆောင်ပြီး ငွေလိမ်ယူနေတာလို့ ဆိုပါတယ်။ အမျိုးသမီး လိမ်လည်သူတွေဟာ အွန်လိုင်းကနေ တဘက်က အမျိုးသားကို လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖျားယောင်လေ့ရှိကြပြီး သူတို့နဲ့အတူရှိနေတဲ့ အမျိုးသားတွေက ဗွီဒီယို မှတ်တမ်းတင်ထားပြီး ငွေညှစ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG