သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ရာဇဝတ်ဂိုဏ်း နှိမ်နှင်းရေး ထိုင်းဒု-ရဲချုပ် မဲဆောက်ကိုရောက်


ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ / Courtesy: The People's Map)
ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ / Courtesy: The People's Map)

ထိုင်းဒုရဲချုပ် ဆူရချေ့ ဟတ်ပါန် (Pol. Gen. Surachate Hakpal) ဟာဇူလိုင်လ ၇ရက်နေ့က ထိုင်းမြန်မာ နယ်စပ်မဲဆောက်မြို့ကို ရောက်ရှိလာပြီး ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်၊ မြဝတီခရိုင် အတွင်းက တရားမဝင် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ၊ လောင်းကစားဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေကို ပိုမိုဖိအားပေး နှိမ်နှင်းဖို့ သက်ဆိုင်ရာ ထိုင်းဌာနဆိုင်ရာအဖွဲ့စည်းတွေနဲ့ လာရောက်ညှိနှိုင်းဆောင်ရွက်ခဲ့ပါ တယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲမှာ ဆိုင်ဘာလိမ်လည်ဂိုဏ်းတွေနဲ့ လောင်းကစားဂိုဏ်း တွေ အခြေစိုက်လှုပ်ရှားနေပြီး ထိုင်းအပါအဝင် နိုင်ငံပေါင်း ၃၀လောက်က နိုင်ငံခြားသားတွေ လူကုန်ကူးခံ ရတာတွေရှိနေတာကြောင့် ထိုင်းဒုရဲချုပ် ဆူရချေ့ ဟတ်ပါန် (Pol. Gen. Surachate Hakpal) ဟာ ဇူလိုင်လ ၇ရက်နေ့က ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီး ထိုင်းနိုင်ငံကသက်ဆိုင်ရာဌာန ဆိုင်ရာတွေနဲ့တွေ့ဆုံပြီး ဒီကိစ္စကိုထိုင်းဖက်ကနေ ဖိအားပေးနှိမ်နှင်းနိုင်ရေးဆွေးနွေးခဲ့တာပါ။

အစည်းဝေးမှာတော့ ရဲချုပ် ဆူရချေ့ဟတ်ပါန်က ဆိုင်ဘာလိမ်လည်ဂိုဏ်းတွေဟာ ထိုင်းလူမျိုးတွေကို ဆီကနေ ငွေကြေး လိမ်လည်နေတာတွေ ရပ်တန့်မသွားသေးပဲ ဆက်လက်လုပ်ကိုင်နေတဲ့အတွက် အရှိန်အဟုန်မြင့်ပြိး ဆက်လက်ဖိအားပေးသွားမှာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ပြောသွားပါတယ် ။

ဇူလိုင်လ၇ ရက်နေ့ကစခဲ့တဲ့ ထိုင်းဒုရဲချုပ်ရဲခရီးစဉ်အတွင်း နယ်မြေရဲတပ်ဖွဲ့ လဝက နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေအပြင် ရုပ်သံနဲ့ ဆက်သွယ်ရေး ဆိုင်ရာအဖွဲ့စည်းတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ ရဲချုပ်ကတင်ပြဆွေနွေးသွားတဲ့ အဓိကအကြောင်းအရာကတော့ မြန်မာနိုင်ငံကရင်ပြည်နယ်၊ မြဝတီခရိုင် ရှိနေတဲ့ ဆိုင်ဘာလိမ်လည်ဂိုဏ်းတွေမှာ ထိုင်းနိုင်ငံသားတွေ အများအပြား ဓါးစာခံအဖြစ် လိမ်ခံနေရပြီး ခိုင်းစေခံနေရတာကိုထိုင်းဖက်က ပူးပေါင်းအရှိန်မြှင့် နိမ်နင်းနိုင်ဖို့တွေလည်းပါဝင်ပါတယ်။

မတ်လအတွင်းက တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံဆွေးနွေးသဘောတူညီထားတာကတော့ တရားမဝင် ဒုစရိုက်လုပ်ငန်းတွေမှာ ရောက်နေတဲ့ နိုင်ငံတကာနဲ့ ထိုင်းနိုင်ငံသားတွေကို အပြည့်အ၀ ကယ်တင်နိုင်ဖို့ ပူပေါင်းကယ်တင်ဖို့ သဘောတူညီချက်တွေရရှိထားပြီဖြစ်တယ်လို့ဆိုပါတယ်။

လူကုန်းကူးခံရသူတွေအတင်းအကြပ်အလုပ်ခိုင်းစေခံရသူတွေနဲ့ပတ်သက်လို့ ကယ်တင်ရေးကိစ္စ အမြန်ဆုံးအကောင်ထည်ဖေါ်နိုင်ဖို့ လုပ်ဆောင်ရာမှာ ဒီဂိုဏ်းတွေ လုပ်ငန်းမလည်ပါတ်နိုင်အောင် ဆက်သွယ်ရေးအင်တာနက်နဲ့ ဖုန်းလိုင်းတွေကို အဆက်ဖြတ်တောက်ဖို့ စတဲ့ကိစ္စရပ်တွေကိုလည်း ဆွေးနွေးထားတယ်လို့ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံဖက်အခြမ်း ကရင်ပြည်နယ်၊ မြဝတီခရိုင်ဖက်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားလိုင်းကို မြဝတီမြို့ကလွဲရင် ကျန်ရှိတဲ့ ရွှေကုက္ကိုလ် မြို့သစ်အပါအဝင် နေရာ (၃) ခုကို ဇွန်လ ၅ရက်နေ့ ည ၁၂နာရီကျော်အချိန်ကစပြီး ထိုင်းအစိုးရကဖြတ်တောက်ခဲ့ပြီး ဖုန်းလိုင်း တချို့ ဖြတ်တောက်တာတွေလည်း လုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ မြဝတီခရိုင်ထဲက ထိုင်းဖုန်းနဲ့ အင်တာနက်သုံးသူတွေကို စောင့်ကြည့်ပြီး ကာစီနို လောင်းကစားအပါအဝင် ဆိုက်ဘာလိမ်လည်မူတွေနဲ့ ပတ်သက်နေသူတွေကိုတော့ ထိုင်းဖက်က ပေးနေတဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကိုပါ ဆက်ပြီး ဖြတ်တောက်သွားမယ်လို့ မဲဆောက်ရောက် ထိုင်းဒုရဲချုပ်က ပြောပါတယ်။

အခုအခါမှာတော့ ထိုင်းမြန်မာနယ်စပ်က နိုင်ငံဖြတ်ကျော်ရာဇဝတ်မူတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်သွားဖို့ ထိုင်းဖက်က ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG