သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Online ငွေကြးလိမ်လည်မှုတွေ နှိမ်နင်းရေး မြန်မာပြည်ထဲရေးဝန်ကြီးနဲ့ တရုတ်သံအမတ် တွေ့ဆုံ ဆွေးနွေး

တရုတ် သံအမတ်ကြီး Mr. Chen Hai (ဝဲ)နှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ နေပြည်တော်တွင်တွေ့ဆုံ (မေ ၃၁၊ ၂၀၂၃)
တရုတ် သံအမတ်ကြီး Mr. Chen Hai (ဝဲ)နှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ နေပြည်တော်တွင်တွေ့ဆုံ (မေ ၃၁၊ ၂၀၂၃)

မြန်မာ နယ်စပ်တလျှောက်မှာ အင်တာနက် Online ကနေ ငွေကြးလိမ်လည်မှု အပါအဝင် တရားမဝင် လုပ်ငန်းတွေကို အလေးထား နှိမ်နင်းရေး ဆွေးနွေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai ဟာ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးစိုးထွဋ်နဲ့ မေလ ၃၁ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ အင်တာနက် Online ကနေ လိမ်လည်မှုတွေဟာ ပြည်သူလူထုကိုသာမက လူ့အဖွဲ့အစည်းကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်လာတဲ့အတွက် ဒီလှုပ်ရှားမှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ပိုမိုအားစိုက် အရေးယူသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်တာနက် Online ကနေ ငွေကြးလိမ်လည်မှု တိုက်ဖျက်ရေးအတွက် ကနဦးလုပ်ဆောင်မှုတွေမှာ အောင်မြင်မှုတွေရှိခဲ့တယ်လို့လည်း တရုတ် သံအမတ်ကြီးက ပြောပါတယ်။ ပြည်သူလူထုကိုသာမက လူ့အဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်လာစေတဲ့ တရားမဝင်လှုပ်ရှားမှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ပိုမိုအားထုတ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အင်တာနက် Online လိမ်လည်မှုကတဆင့် မြန်မာနိုင်ငံကို ခိုးသွင်းတာခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို တရုတ်သံရုံးကနေတဆင့် ကယ်တင်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG