သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတသစ် အဖွဲ့ဝင် ၁၀၀ ကျော်ပါ အစိုးရအဖွဲ့  ဖွဲ့စည်း


အင်ဒိုနီးရှားသမ္မတသစ် Prabowo Subianto ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား
အင်ဒိုနီးရှားသမ္မတသစ် Prabowo Subianto ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီ တော်ကြာမှာ အင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ အကြီးမားဆုံး အစိုးရအဖွဲ့ကို သမ္မတသစ် Prabowo Subianto က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ဝန်ကြီးဌာနအဆင့် အစိုးရအဖွဲ့အစည်းအသီးသီးတို့ရဲ့ ဦးစီးခေါင်းဆောင်အစရှိတဲ့ အစိုးရအဖွဲ့ဝင်ပေါင်း ၁၀၉ ယောက် သူ့အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။

ပရာဘိုဝိုဟာ အင်ဒိုနီးရှားရဲ့ ရှစ်ယောက်မြောက်သမ္မတဖြစ်ပါတယ်။ ယခင်သမ္မတ Joko Widodo လက်ထက်တုန်းကတော့ အစိုးရအဖွဲ့ဝင်ပေါင်း ၃၄ ယောက်ပဲ ရှိတာပါ။ သူ့အစိုးရအဖွဲ့ဟာ ကြီးမားတဲ့ ညွန့်ပေါင်းအစိုးရဖြစ်တယ်လို့ သမ္မတသစ်က ပြောပါတယ်။ သူ့အစိုးရအဖွဲ့မှာ မဟာမိတ်ပါတီ ၇ ပါတီက နိုင်ငံရေးသမားတွေပါသလို ယခင်အစိုးရအဖွဲ့က ဝန်ကြီးတွေလည်း ပါဝင်ပါတယ်။ ဒုတိယ သမ္မတကတော့ ယခင်သမ္မတဂျိုကို ဝီဒိုဒိုရဲ့ သား၊ အသက် ၃၇ နှစ်အရွယ် Surakarta မြို့တော်ဝန် ဟောင်း Gibran Rakabuming Raka ဖြစ်ပါတယ်။ ဂျိုကို ဝီဒိုဒို နဲ့ ပရာဘိုဝိုတို့ဟာ ၂၀၁၄ နဲ့ ၂၀၁၉ တို့မှာ သမ္မတရွေးကောက်ပွဲ ယှဥ်ပြိုင်ဘက်တွေဖြစ်ပြီး အဲဒီတုန်းက သူ့ ရှုံးတာကို လက်မခံခဲ့သူပါ။

ယခင် ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့တွေမှာ ဦးစီးဦးဆောင်တာဝန်ထမ်းခဲ့ပြီး ယခင်သမ္မတ ၂ ဆက်ကလည်း တာဝန်ယူခဲ့သူ Sri Mulyani Indrawati က သက်တမ်း ၃ ဆက် ဘဏ္ဍာရေးဝန်ကြီး ဆက်ဖြစ်လာပါတယ်။ ဝေဖန်သူတွေကတော့ သူ့အစိုးရကို “ဖက်တီးအစိုးရ”လို့ ခေါ်ကြပါတယ်။ ကာကွယ်ရေးအသုံးစရိတ်နဲ့ ဝန်ထမ်းလစာတွေတိုးပြီး ကျောင်းသား ၈၅ သန်းကို ကျောင်းမှာ နေ့လည်စာကျွေးမယ်လို့ သူက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG