သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Papua ခွဲထွက်ရေးသူပုန် နဲ့ အင်ဒိုနီးရှား ကြား ပြင်းထန်လာတဲ့ ပဋိပက္ခ


အင်ဒိုနီးရှားစစ်ဘက် ပြောခွင့်ရသူ Julius Widojojono
အင်ဒိုနီးရှားစစ်ဘက် ပြောခွင့်ရသူ Julius Widojojono

{{Zawgyi/Unicode}}

အင်ဒိုနီးရှားနိုင်ငံ Papua ဒေသမှာ ခွဲထွက်ရေးသူပုန်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အင်ဒိုနီးရှားစစ်ဘက်က တဦးသေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားစစ်တပ်က ပြောပါတယ်။ နယူးဇီလန်လေယာဉ်မောင်းတဦးကို ပြန်ပေးဆွဲဖမ်းဆီးထားတယ်လို့ ယူဆရတဲ့နေရာအနီး တိုက်ပွဲဖြစ်ခဲ့တာလို့ အင်ဒိုနီးရှားစစ်ဘက် ပြောခွင့်ရသူ Julius Widojojono က ဂျာကာတာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“နယူးဇီလန်ပိုင် Susu Air လေယာဉ်ပိုင်းလော့ကို ကယ်တယ်ဖို့လုပ်တဲ့ စစ်ရေးအစီအစဉ်အစိတ်အပိုင်းဖြစ်ပါတယ်။ နောက်ထပ် စစ်ရေးအစီအစဉ်တွေကို ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ ရှေ့ဆက်ဆောင်ရွက်သွားမှာပါ။”

အခုနှစ်ဖေဖော်ဝါရီလအတွင်းက သူပုန်တွေဖမ်းဆီးတာခံခဲ့ရတဲ့ လေယာဉ်ပိုင်းလေ့ာကို ကယ်တင်ဖို့ လုပ်ရာမှာ ရာသီဥတုအခြေအနေက အကြီးမားဆုံးအနှောက်အတားဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။ သူပုန်အဖွဲ့ဖြစ်တဲ့ အနောက် Papua ဒေသ လွတ်မြောက်ရေးတပ် TPNPB ရဲ့ ပြောခွင့်ရသူကတော့ ဆွေးနွေးဖို့ညှိနှိုင်းချက်ကို အင်ဒိုနီးရှားအစိုးရဘက်က တုံ့ပြန်မှုမရတဲ့နောက် စစ်ဘက်ပုဂ္ဂိုလ် ၉ ဦးကို သတ်ပစ်လိုက်တယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။

ဝေးလံခေါင်သီပြီး သဘာဝအရင်းအမြစ်ပေါကြွယ်တဲ့ Papua ဒေသမှာ အင်ဒိုနီးရှားနိုင်ငံကနေခွဲထွက်ဖို့ ပုန်ကန်လှုပ်ရှားမှု ဆယ်စုနှစ်တခုကြာ ဖြစ်နေတာပါ။ ဒါပေမယ့် မကြာခင်နှစ်တွေအတွင်းမှာ အစိုးရတပ်နဲ့သူပုန်အကြား ပဋိပက္ခတွေ ပိုပြင်းထန်လာတယ်လို့ လေ့ာသူတွေက သုံးသပ်ပြောဆိုပါတယ်။

Papua ခွဲထွက်ရေးသူပုန် နဲ့ အင်ဒိုနီးရှား ကြား ပြင်းထန်လာတဲ့ ပဋိပက္ခ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

-----------------

{{Unicode}}






XS
SM
MD
LG