သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံယာဉ်တန်း တိုက်ခိုက်ခံရမှု အင်ဒိုနီးရှားသမ္မတ ပြစ်တင်ရှုတ်ချ


အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို အာဆီယံအစည်းအဝေးမတိုင်ခင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (မေ ၈၊ ၂၀၂၃)
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို အာဆီယံအစည်းအဝေးမတိုင်ခင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (မေ ၈၊ ၂၀၂၃)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံဖို့ လာတဲ့ အာဆီယံသံတမန်တွေရဲ့ ယာဉ်တန်းကို မနေ့က မနက်ပိုင်း အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိသလို ရှုတ်ချပြစ်တင်တဲ့အကြောင်း အင်ဒိုးနီးရှားနိုင်ငံ သမ္မတ Joko Widodo က ပြောဆိုပါတယ်။

အင်အားသုံး အကြမ်းဖက်မှုတွေ ရပ်ဆိုင်းကြဖို့၊ ဒီလို တိုက်ခိုက်တဲ့အတွက် လူတွေပဲ အတိဒုက္ခရောက်ကြရမှာဖြစ်တဲ့ အကြောင်းနဲ့ ဒီအခြေအနေဟာ ဘယ်သူမှ အနိုင်ရတဲ့ အခြေအနေ မဟုတ်ပါသလို၊ အားလုံးအတူထိုင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့ အခြေအနေကို ဖန်တီးကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်လို့ အင်ဒိုနီးရှား သမ္မတ Joko Widodo က ဒီကနေ့ ပြောဆိုသွားတာပါ။ ဆီဆိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးကို အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံက သံတမန်တွေနဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ- AHA စင်တာ တာဝန်ရှိသူတွေ လာခဲ့ကြတာပါ။

ယာဉ်တန်းနဲ့အတူ PNLO ကိုယ်စားလှယ်နဲ့ ရှမ်းပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ လိုက်ပါလာခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက ပြန်လည်ပစ်ခတ်ချိန်မှာ ခြုံခိုတိုက်ခိုက်တဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဆိုပြီး ထုတ်ဖေါ်ပြောဆိုတာ မရှိသလို ဒေသခံ လက်နက်ကိုင်အဖွဲ့တော်တော်များများက တိုက်ခိုက်မှု ဖြစ်စဉ်ကို မသိတဲ့အကြောင်း တုံပြန်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်းမှာ မနက်ဖြန် အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံပြီး ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်၊ မြန်မာနိုင်ငံရဲ့ အရေး အစည်းအဝေးမှာ လွှမ်းမိုးမယ့်အလားအလာ ရှိနေချိန်မှာပဲ အာဆီယံသံတမန်တွေ လိုက်ပါခဲ့တဲ့ ယာဉ်တန်း ပစ်ခတ်ခံရတာဖြစ်ပါတယ်။

XS
SM
MD
LG