သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီကို အင်ဒိုလက်နက်ရောင်းမှုစုံစမ်းဖို့ လူ့အခွင့်အရးအဖွဲ့တွေတောင်းဆို


၂၀၂၁ မတ်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ေတွ လမ်းမပေါ်မှာ တွေ့ရစဥ်။
၂၀၂၁ မတ်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ေတွ လမ်းမပေါ်မှာ တွေ့ရစဥ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေကြောင်း သံသယဖြစ်စရာရှိတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တနင်္လာနေ့က တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီသုံးခုက မြန်မာနိုင်ငံကို လက်နက်ရောင်းတယ်လို့ သံသယရှိတာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတွေရဲ့ ရှေ့နေ Feri Amsari က ပြောပါတယ်။

တိုင်ကြားတဲ့အဖွဲ့မှာပါဝင်ကြတဲ့အဖွဲ့တွေကတော့ ချင်း လူ့အခွင့်အရေးအဖွဲ့၊ မြန်မာ တာဝန်ခံမှုစီမံချက်အဖွဲ့လို့ အဓိပ္ပါယ်ရနိုင်တဲ့ Myanmar Accountability Project နဲ့ ယခင် အင်ဒိုနီးရှား အစိုးရရှေ့နေချုပ်နဲ့ လူ့အခွင့်အရေး ဆော်ဩစည်းရုံးသူ Marzuki Darusman တို့ ပါဝင်ကြပါတယ်။ သူတို့ သံသယရှိတဲ့ အင်ဒိုနီးရှား နိုင်ငံတော်ပိုင်ကုမ္ပဏီသုံးခုကတော့ လက်နက်တွေ ထုတ်လုပ်တဲ့ PT Pindad၊ သင်္ဘောလုပ်တဲ့ PT PAL နဲ့ အာကာသဝေဟင် ကုမ္ပဏီ PT Dirgantara တို့ ဖြစ်ကြပါတယ်။ ဒီ ကုမ္ပဏီတွေက မြန်မာ စစ်ကောင်စီ ထဲက ဝန်ကြီးတယောက်ရဲ့သား ပိုင်တဲ့ TRUE NORTH ကုမ္ပဏီကို ရောင်းချပေးခဲ့တာဖြစ်တယ်လို့ တိုင်ကြားစာထဲမှာ ဖော်ပြထားတာပါ။

ပစ္စတို၊ တိုက်ခိုက်ရေးရိုင်ဇယ်နဲ့ ထိုးစစ်သုံးယာဥ်တွေကို ရောင်းချခဲ့တယ်လို့ တိုင်ကြားသူတွေက ပြောပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဒါမှမဟုတ် ပတ်သက်ရာ တတိယအဖွဲ့နဲ့ ဘာစာချုပ်မှ မရှိပါဘူးလို့ PT Dirgantara ကတော့ ပြောပါတယ်။ ၂၀၁၆ ကတည်းက မြန်မာနိုင်ငံကို သူ့ ထုတ်ကုန် ဘာမှ မရောင်းချခဲ့ပါဘူးလို့ PT Pindad ရဲ့ ညွှန်ကြားရေးမှူးက မီဒီယာတွေကို အစောပိုင်းက ပြောခဲ့ဖူးပါတယ်။ ဘယ်တုန်းက တင်ထားကြောင်း ရက်စွဲမပါတဲ့ TRUE NORTH ရဲ့ ကုမ္ပဏီ အင်တာနက်စာမျက်နှာမှာတော့ အဲဒီ အင်ဒိုနီးရှားနိုင်ငံတော်ပိုင် ကုမ္ပဏီတွေဟာ TRUE NORTH ရဲ့ မဟာဗျူဟာတွဲဘက်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG