သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယကုမ္ပဏီ မြန်မာစစ်ကောင်စီကို လက်နက်ရောင်း


အိန္ဒိယကုမ္ပဏီ မြန်မာစစ်ကောင်စီကို လက်နက်ရောင်း
အိန္ဒိယကုမ္ပဏီ မြန်မာစစ်ကောင်စီကို လက်နက်ရောင်း

{{Zawgyi/Unicode}}

အိန္ဒိယအစိုးရထိန်းချုပ်ထားပြီး အမေရိကန် နဲ ဥရောပ ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေပါဝင်တဲ့ ကုမ္ပဏီကနေ စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံကိုလက်စစ်လက်နှက်ပစ္စည်းတွေဆက်လက် ရောင်းချနေကြောင်း Justic For Myanmar “မြန်မာနိုင်ငံဆိုင်ရာတရားမျှတရေးအဖွဲ့”က အောက်တို ဘာလဆန်းပိုင်းမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်မှာ အခြေစိုက်တဲ့ ကုန်သွယ်ရေးနဲ့ ကုန်ပစ္စည်းပို့ဆောင်ရေး အချက်အလက်တွေစုဆောင်းတဲ့ကုမ္ပဏီတခုဖြစ်တဲ့ Panjiva ရဲ့မှတ်တမ်းတွေအပေါ်အခြေခံပြီးအစီရင်ခံခဲ့တာဖြစ်ပါတယ်။

အိန္ဒိယအစိုးရက အစုရှယ်ယာ ၅၁ ဒဿမ ၁ ရာနှုန်းပိုင်ဆိုင်တဲ့ Bharat Electronic ကုမ္ပဏီကနေ မြန်မာစစ်ကောင်စီကို အဝေးထိမ်းစနစ်နဲ့ ပစ်ခတ်နိုင်တဲ့လက်နက်တွေအတွက် အဝေးထိန်းစနစ်ဆိုင်ရာ ပစ္စည်းကရိယာအစိတ်အပိုင်းတွေကို ဇူလိုင်လထဲကတင်ပို့ရောင်းချခဲ့ကြောင်း Panjiva လေ့လာရေးဌာန ကဖေါ်ပြထားပါတယ်။

Bharat Electronic ကုမ္ပဏီမှာ အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Goldman Sachs Asset Management ကုမ္ပဏီနဲ့ The Vanguard Grop ကုမ္ပဏီတို့တိုလည်းအစုရှယ်ယာပါဝင်ပါတယ်။ ဒါ့အပြင် ပြင်သစ် ငွေကြေးနဲ့ဘဏ်လုပ်ငန်းကုမ္ပဏီ ဖြစ်တဲ့ BNP Paribas တို့လည်းအစုရှယ်ယာတွေပါဝင်ပါတယ်။

ဒီစစ်လက်နှက်ဆိုင်ရာပစ္စည်းတွေကို Bharat Electronic ကုမ္ပဏီကနေ ကြားပွဲစားကုမ္ပဏီဖြစ်တဲ့ Mega Hill Trading Company ကနေတဆင့်မြန်မာစစ်အစိုးရကိုရောင်းချခဲ့တာဖြစ်ပါတယ်။

..................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG