သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီအေပၚ EU ဒဏ္ခတ္အေရးယူမယ့္ အလားအလာ


Brussels

EU ဥေရာပသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြအေနနဲ႔ အာဏာသိမ္း ျမန္မာစစ္ေကာင္စီကို ပစ္မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ထပ္မံခ်မွတ္ၾကဖို႔ဆိုတဲ့ ဥေရာပပါလီမန္ရဲ႕ ဆုံးျဖတ္ခ်က္ကို ျမန္မာ့အေရးလႈပ္ရွားတဲ့ အဖြဲ႔ေတြက ၾကဳိဆိုလိုက္ၾကပါတယ္။ ဒါေပမဲ့ ျမန္မာ စစ္တပ္ကို ဝင္ေငြအေျမာက္အမ်ားရေစတဲ့ က႑ေတြကို အဓိကထား ျပစ္ဒဏ္ခတ္ ပိတ္ဆို႔ႏိုင္မွသာ ထိေရာက္မႈ ရွိႏိုင္လိမ့္မယ္လို႔ ေထာက္ျပၾကပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ျမန္မာစစ္ေကာင္စီအဖြဲ႔ကိုေရာ ၊ သူတို႔အတြက္ ဝင္ေငြလမ္းေၾကာင္း ျဖစ္ေစတဲ့ ေရနံသဘာဝ ဓါတ္ေငြ႕လုပ္ငန္းနဲ႔ ႏိုင္ငံပိုင္ဘဏ္လုပ္ငန္းေတြကိုပါ EU အဖြဲ႔ဝင္ႏိုင္ငံေတြက ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔ၾကဖို႔ ၊ EU ဥေရာပပါလီမန္မွာ ေအာက္တိုဘာလ (၇)ရက္ေန႔က ဆုံးျဖတ္ခ်က္ခ်မွတ္လိုက္တာကို ဥေရာပႏိုင္ငံတခ်ဳိ႕မွာရွိတဲ့ ျမန္မာ့အေရးလႈပ္ရွားတဲ့ အဖြဲ႔ေတြက ၾကဳိဆိုလိုက္ၾကပါတယ္။

ဥေရာပပါလီမန္ရဲ႕ ဆုံးျဖတ္ခ်က္ကို ၾကဳိဆိုေပမဲ့ ထိေရာက္ေအာင္လုပ္ဖို႔ လိုတယ္လို႔ ၿဗိတိန္အေျခစိုက္ Burma Campaign UK ရဲ႕ ဒါ႐ိုက္တာ Mark Farmaner က ေျပာပါတယ္။

" ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး EU အဖြဲ႔ဝင္ႏိုင္ငံေတြက ဒဏ္ခတ္ပိတ္ဆို႔မႈ အသစ္ေတြ ခ်မွတ္ရမယ့္အထဲမွာ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လို က႑မ်ဳိးကို ထည့္သြင္းဖို႔ ဥေရာပပါလီမန္ရဲ႕ ဆုံးျဖတ္ခ်က္ထဲ တိုက္တြန္းထားတာ ေတြ႕ရပါတယ္။ ဒါက က်ေနာ္တို႔ Burma Campaign UK အပါအဝင္ ၊ ဥေရာပထဲက အျခားျမန္မာ့အေရးလႈပ္ရွားေနတဲ့ အဖြဲ႔ေတြရဲ႕ သေဘာဆႏၵနဲ႔လည္း တထပ္တည္း က်ပါတယ္။ စစ္ေကာင္စီဟာ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ လုပ္ငန္းေတြကေန ဝင္ေငြအႀကီးအက်ယ္ ရေနတာျဖစ္ပါတယ္။ ဒီလိုမ်ဳိး ျမန္မာစစ္ေကာင္ရဲ႕ ႏိုင္ငံျခားေငြေၾကး ဝင္တဲ့လမ္းေၾကာင္းကို ပိတ္ဆို႔ႏိုင္မွသာ ထိေရာက္မႈရွိလာမယ္လို႔ ျမင္ပါတယ္။ "

ဒါေပမဲ့ ဥေရာပပါလီမန္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အဖြဲ႔ဝင္ႏိုင္ငံေတြ မျဖစ္မေန လိုက္နာ လုပ္ေဆာင္ရမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္မ်ဳိးေတာ့ မဟုတ္ပါဘူး။ ဥေရာပသမဂၢထဲက တႏိုင္ငံခ်င္းအလိုက္ သက္ဆိုင္ရာ အစိုးရေတြကို ေမတၱာရပ္ခံ တိုက္တြန္းႏိုင္မွသာ ျမန္မာစစ္ေကာင္စီအေပၚ ထိေရာက္တဲ့ ပိတ္ဆို႔မႈေတြ ျဖစ္လာႏိုင္မယ္လို႔ သုံးသပ္သူက ျပင္သစ္ႏိုင္ငံေရာက္ ျမန္မာမ်ားအဖြဲ႔ရဲ႕ ႏိုင္ငံျခားေရးတာဝန္ခံ ကိုထင္ေက်ာ္လြင္ ျဖစ္ပါတယ္။

"အခုအေျခအေနကေတာ့ စီးပြားေရးပိတ္ဆုိ႔မႈက ပိုျပင္းထန္လာစရာအေၾကာင္းရွိတယ္။ ျမန္မာျပည္မွာရွိေနၾကတဲ့ ႏိုင္ငံတကာရဲ႕ စီးပြားေရးေတြဟာ လုံၿခဳံမႈမရွိေတာ့ဘူး။ အာမခံခ်က္မရွိေတာ့တဲ့အတြက္ သူတို႔ရဲ႕ ကိုယ္က်ဳိးစီးပြားေတြကို ျပန္စဥ္းစားဖို႔အခ်ိန္ေရာက္လာၿပီ။ အဲဒီေတာ့ ခုနတုံးက သူတို႔အေနနဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈကို သူတို႔ဖာသာ သူတို႔ထြက္မလား။ ဒါမွမဟုတ္လို႔ရွိရင္ ဗမာျပည္တြင္းထဲမွာရွိေနၾကတဲ့ ကုိယ္က်ဳိးစီးပြားကို ဒီအာမခံခ်က္မရွိတဲ့ဟာကို လက္လႊတ္အဆုံးရႈံးခံမလားေပါ့။ အဲဒီအခ်က္ ၂ခ်က္ရွိတယ္။ အဓိကကေတာ့ ဗမာျပည္ရဲ႕ ႏိုင္ငံေရး စစ္ေရးေျပာင္းလဲေနတဲ့အေျခအေနေပၚမွာပဲ ႏိုင္ငံတကာက ၾကည့္ၿပီး လုပ္တဲ့သေဘာမွာရွိတယ္။ ဗမာျပည္တြင္းထဲက အေျခအေနမေျပာင္းဘူးဆိုလို႔ရွိရင္ သူတို႔ ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ၊ သူတို႔ရဲ႕ သံခင္းတမန္ခင္းေတြက ေျပာင္းလဲမွာ မဟုတ္ဘူး"

ဥေရာပသမဂၢထဲက ႏိုင္ငံတခ်ဳိ႕ဟာ သူတို႔ တိုင္းျပည္ရဲ႕အက်ဳိးစီးပြားေပၚ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ ႀကီးမားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ခ်င္ပုံမရဘူးလို႔ Burma Campaign UK ရဲ႕ ဒါ႐ိုက္တာ Mark Farmaner က ေထာက္ျပပါတယ္။

" ျမန္မာႏိုင္ငံတြင္း ေရနံနဲ႔သဘာဝဓါတ္ေငြ႕က႑ကို EU အေနနဲ႔ ဒဏ္ခတ္ပိတ္ဆို႔မယ့္ကိစၥမွာ ျပင္သစ္က ကန္႔ကြက္ေလ့ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပင္သစ္ရဲ႕ TOTAL ကုမၸဏီက ျမန္မာႏိုင္ငံတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ထားၿပီး အဲဒီကေန ေငြ အက်ဳိးအျမတ္ အမ်ားအျပား ရေနလို႔ျဖစ္ပါတယ္။ ဒါေပမဲ့ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕က႑မဟုတ္တဲ့ ျမန္မာအစိုးရပိုင္ဘဏ္လုပ္ငန္းနဲ႔ အျခား လုပ္ငန္းမ်ဳိးကိုသာ ပိတ္ဆို႔မႈလုပ္ဖို႔ ျပင္သစ္က အၾကံေပးေနတာပါ။ ေနာက္တႏိုင္ငံကေတာ့ ဂ်ာမနီပါ၊ ဂ်ာမနီကလည္း ျမန္မာႏိုင္ငံအေပၚ ဘယ္လို ပိတ္ဆို႔အေရးယူမ်ဳိးကိုမွ လုပ္ခ်င္ပုံ မျပပါဘူး။ ဒဏ္ခတ္ပိတ္ဆို႔မႈအသစ္ေတြ ျဖစ္လာေအာင္ က်ေနာ္တို႔ ဂ်ာမနီကို ဖိအားေပးသင့္ပါတယ္။ အဓိကအားျဖင့္ စစ္တပ္ပိုင္ ဒါမွမဟုတ္ သူတို႔နဲ႔ဆက္ႏႊယ္ေနတဲ့ ကုမၸဏီေတြကို အေရးယူႏိုင္မွသာ ျမန္မာျပည္သူေတြအေပၚ ဖိႏွိပ္ေနတဲ့ ယႏၲရားကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္တယ္လို႔ ယုံၾကည္ပါတယ္။ "

မၾကာေသးခင္ လပိုင္းေတြအတြင္း ျမန္မာစစ္ေကာင္စီအေပၚ ၿဗိတိန္ႏိုင္ငံေရာ၊ အေမရိကန္ကပါ ဒဏ္ခတ္မႈ အသစ္တခ်ဳိ႕ လုပ္ခဲ့ေပမယ့္ ထိေရာက္ေအာင္ တိက်တဲ့ ျဖည့္စြက္ေဆာင္ရြက္မႈေတြ မလုပ္ႏိုင္ခဲ့ဘူးလို႔ Burma Campaign UK အဖြဲ႔က ေထာက္ျပပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီကလည္း ျမန္မာစစ္အာဏာပိုင္ေတြနဲ႔ သူတို႔ရဲ႕လုပ္ငန္းေတြကို ပစ္မွတ္ထားၿပီး ဒဏ္ခတ္အေရးယူမယ့္ ဥပေဒၾကမ္းတခုကို တင္သြင္းထားပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ကြဖို့ဆိုတဲ့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမဲ့ မြန်မာ စစ်တပ်ကို ဝင်ငွေအမြောက်အများရစေတဲ့ ကဏ္ဍတွေကို အဓိကထား ပြစ်ဒဏ်ခတ် ပိတ်ဆို့နိုင်မှသာ ထိရောက်မှု ရှိနိုင်လိမ့်မယ်လို့ ထောက်ပြကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာစစ်ကောင်စီအဖွဲ့ကိုရော ၊ သူတို့အတွက် ဝင်ငွေလမ်းကြောင်း ဖြစ်စေတဲ့ ရေနံသဘာဝ ဓါတ်ငွေ့လုပ်ငန်းနဲ့ နိုင်ငံပိုင်ဘဏ်လုပ်ငန်းတွေကိုပါ EU အဖွဲ့ဝင်နိုင်ငံတွေက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ကြဖို့ ၊ EU ဥရောပပါလီမန်မှာ အောက်တိုဘာလ (၇)ရက်နေ့က ဆုံးဖြတ်ချက်ချမှတ်လိုက်တာကို ဥရောပနိုင်ငံတချို့မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။

ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပေမဲ့ ထိရောက်အောင်လုပ်ဖို့ လိုတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

" မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး EU အဖွဲ့ဝင်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ရမယ့်အထဲမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့လို ကဏ္ဍမျိုးကို ထည့်သွင်းဖို့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ထဲ တိုက်တွန်းထားတာ တွေ့ရပါတယ်။ ဒါက ကျနော်တို့ Burma Campaign UK အပါအဝင် ၊ ဥရောပထဲက အခြားမြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ သဘောဆန္ဒနဲ့လည်း တထပ်တည်း ကျပါတယ်။ စစ်ကောင်စီဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေကနေ ဝင်ငွေအကြီးအကျယ် ရနေတာဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာစစ်ကောင်ရဲ့ နိုင်ငံခြားငွေကြေး ဝင်တဲ့လမ်းကြောင်းကို ပိတ်ဆို့နိုင်မှသာ ထိရောက်မှုရှိလာမယ်လို့ မြင်ပါတယ်။ "

ဒါပေမဲ့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေ မဖြစ်မနေ လိုက်နာ လုပ်ဆောင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ ဥရောပသမဂ္ဂထဲက တနိုင်ငံချင်းအလိုက် သက်ဆိုင်ရာ အစိုးရတွေကို မေတ္တာရပ်ခံ တိုက်တွန်းနိုင်မှသာ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ ပိတ်ဆို့မှုတွေ ဖြစ်လာနိုင်မယ်လို့ သုံးသပ်သူက ပြင်သစ်နိုင်ငံရောက် မြန်မာများအဖွဲ့ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ကိုထင်ကျော်လွင် ဖြစ်ပါတယ်။

"အခုအခြေအနေကတော့ စီးပွားရေးပိတ်ဆို့မှုက ပိုပြင်းထန်လာစရာအကြောင်းရှိတယ်။ မြန်မာပြည်မှာရှိနေကြတဲ့ နိုင်ငံတကာရဲ့ စီးပွားရေးတွေဟာ လုံခြုံမှုမရှိတော့ဘူး။ အာမခံချက်မရှိတော့တဲ့အတွက် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို ပြန်စဉ်းစားဖို့အချိန်ရောက်လာပြီ။ အဲဒီတော့ ခုနတုံးက သူတို့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို သူတို့ဖာသာ သူတို့ထွက်မလား။ ဒါမှမဟုတ်လို့ရှိရင် ဗမာပြည်တွင်းထဲမှာရှိနေကြတဲ့ ကိုယ်ကျိုးစီးပွားကို ဒီအာမခံချက်မရှိတဲ့ဟာကို လက်လွှတ်အဆုံးရှုံးခံမလားပေါ့။ အဲဒီအချက် ၂ချက်ရှိတယ်။ အဓိကကတော့ ဗမာပြည်ရဲ့ နိုင်ငံရေး စစ်ရေးပြောင်းလဲနေတဲ့အခြေအနေပေါ်မှာပဲ နိုင်ငံတကာက ကြည့်ပြီး လုပ်တဲ့သဘောမှာရှိတယ်။ ဗမာပြည်တွင်းထဲက အခြေအနေမပြောင်းဘူးဆိုလို့ရှိရင် သူတို့ ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ သူတို့ရဲ့ သံခင်းတမန်ခင်းတွေက ပြောင်းလဲမှာ မဟုတ်ဘူး"

ဥရောပသမဂ္ဂထဲက နိုင်ငံတချို့ဟာ သူတို့ တိုင်းပြည်ရဲ့အကျိုးစီးပွားပေါ် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ချင်ပုံမရဘူးလို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ထောက်ပြပါတယ်။

" မြန်မာနိုင်ငံတွင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍကို EU အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မယ့်ကိစ္စမှာ ပြင်သစ်က ကန့်ကွက်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်သစ်ရဲ့ TOTAL ကုမ္ပဏီက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ထားပြီး အဲဒီကနေ ငွေ အကျိုးအမြတ် အများအပြား ရနေလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍမဟုတ်တဲ့ မြန်မာအစိုးရပိုင်ဘဏ်လုပ်ငန်းနဲ့ အခြား လုပ်ငန်းမျိုးကိုသာ ပိတ်ဆို့မှုလုပ်ဖို့ ပြင်သစ်က အကြံပေးနေတာပါ။ နောက်တနိုင်ငံကတော့ ဂျာမနီပါ၊ ဂျာမနီကလည်း မြန်မာနိုင်ငံအပေါ် ဘယ်လို ပိတ်ဆို့အရေးယူမျိုးကိုမှ လုပ်ချင်ပုံ မပြပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ဖြစ်လာအောင် ကျနော်တို့ ဂျာမနီကို ဖိအားပေးသင့်ပါတယ်။ အဓိကအားဖြင့် စစ်တပ်ပိုင် ဒါမှမဟုတ် သူတို့နဲ့ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေကို အရေးယူနိုင်မှသာ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်နေတဲ့ ယန္တရားကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ "

မကြာသေးခင် လပိုင်းတွေအတွင်း မြန်မာစစ်ကောင်စီအပေါ် ဗြိတိန်နိုင်ငံရော၊ အမေရိကန်ကပါ ဒဏ်ခတ်မှု အသစ်တချို့ လုပ်ခဲ့ပေမယ့် ထိရောက်အောင် တိကျတဲ့ ဖြည့်စွက်ဆောင်ရွက်မှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ Burma Campaign UK အဖွဲ့က ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီကလည်း မြန်မာစစ်အာဏာပိုင်တွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမယ့် ဥပဒေကြမ်းတခုကို တင်သွင်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG