{{Zawgyi/Unicode}}
ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္ လီဒိုလမ္းမႀကီးေဘးမွာ႐ွိတဲ့ လ၀ါးရြာက စစ္ေဘးဒုကၡသည္စခန္းအတြင္း ဒုကၡသည္ ၈၀ ေက်ာ္ေလာက္ Covid 19 ေရာဂါပိုးကူးစက္ေနတယ္လို႔ စခန္းတာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။ လ၀ါးရြာအနီးပတ္၀န္းက်င္မွာလည္း တိုက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနသလို ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္ မံုးကိုး ဘက္မွာလည္း ဒီကေန႔ တုိက္ပဲြျဖစ္ပြားေနပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းက အေျခအေနေတြ ကိုရဲမြန္း က တင္ျပေပးပါမယ္။
ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႔နယ္ လီဒိုလမ္းမႀကီးတေလ ွ်ာက္ စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တုိ႔ တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ တိုက္ပြဲျဖစ္ရာ အနီးအနား႐ြာေတြက ႐ြာသူ ႐ြာသားေတြ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရပါတယ္။ ခြန္ဆိုင္ယန္ရြာက ထြက္ေျပးလာတဲ့ ရြာသား ၃၀၀ေက်ာ္ဟာ အနားက လ၀ါးရြာ႐ွိ ႏွစ္ျခင္းခရစ္ယာန္ဘုရားေက်ာင္းနဲ႔ ကက္သလစ္ ဘုရားေက်ာင္းမွာ စက္တင္ဘာလ ၂၅ရက္ေန႔တည္းက ေရာက္႐ွိ ခိုလႈံေနၾကပါတယ္။ သူတုိ႔ထဲက ႏွစ္ျခင္းခရစ္ယာန္ဘုရားေက်ာင္းမွာ ခိုလႈံေနတဲ့ စစ္ေဘးဒုကၡသည္ ၂၀၀ ေက်ာ္ကို တနလၤာေန႔က Covid 19 ေဆးစစ္ရာမွာ လူ ၈၀ေက်ာ္မွာ ကုိဗစ္ကပ္ေရာဂါပိုးေတြ႔ရိွခဲ့ေၾကာင္း စခန္းတာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။
“ KBC မွာ KBC စခန္းမွာေပါ့။ စစ္ေရွာင္စခန္းမွာေပါ့။ မေန႔က လာစစ္ေပးတာ၊ အကုန္လံုးစစ္တာ ဒီမွာ ၈၇ ေယာက္ေလာက္ ေတြ႔တယ္။ Positive ျဖစ္ေနတယ္။ မေန႔က ဆရာမေတြ၊ ဆရာမအဖဲြ႔ေတြ စစ္ၿပီးမွ ေဆးေတြ ဘာေတြ တိုင္းရင္းေဆးေတြေရာ လူငယ္၊ သက္ၾကီးအရြယ္ အကုန္လံုးကို ေသာက္ခုိင္းေနတယ္။ ဒီမနက္ ကနဲ႔။”
ကက္သလစ္ ဘုရားေက်ာင္းက စစ္ေဘးဒုကၡသည္ေတြကိုေတာ့ တနလၤာေန႔က ေဆးစစ္တာ မ႐ွိခဲ့ေပမဲ့ အရင္ အပတ္ေတြက စစ္ေဆးစဥ္က ကိုဗစ္အတည္ျပဳလူနာ ၇ ေယာက္ေလာက္ ေတ႔ြ႐ွိထားပါတယ္။
စစ္ေဘးဒုကၡသည္ေတြကိုု ဘာသာေရးအသင္းအဖဲြ႔ေတြ၊ ICRC ႏိုင္ငံတကာ ၾကက္ေျခနီအသင္း စတာေတြက ကူညီ၊ ေထာက္ပံံ့တာေတြ ရိွေပမဲ့ Covid 19 အတည္ျပဳလူနာေတြအတြက္ အဟာရျဖစ္မယ့္ အစားအစာနဲ႔ ေဆး၀ါးေတြ လုိအပ္ေနဆဲျဖစ္ပါတယ္။ ေလာေလာဆည္မွာေတာ့ Covid 19 လူနာေတြ သက္သာမွ ေနရပ္ျပန္ႏိုင္ၾကမယ့္ အေျခအေနရိွတယ္လို႔ ယာယီဒုကၡသည္စခန္းတာဝန္ခံက ေျပာပါတယ္။
“ ျပန္လို႔ေတာ့ မရေသးဘူး။ တစ္ပတ္ေလာက္ ဒီ Positive လူနာေတြကို တစ္ပတ္ေလာက္ ေစာင့္ၾကည့္ၿပီးမွ သူတို႔ နည္းနည္းပါးပါးသက္သာၿပီ ဆုိရင္ေတာ့ ျပန္ရင္ ျပန္မယ္လို႔ အစီအစဥ္ေတာ့ ရိွတယ္။”
ဖားကန္႔ၿမိဳ႔နယ္ လီဒိုလမ္းတေလ်ာက္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာေနာက္ဆံုးပတ္ေလာက္က စတင္ၿပီး တိုက္ပဲြေတြ ျဖစ္ပြားခဲ့တာပါ။
တနလၤာေန႔ကလည္း လ၀ါးရြာအနီးမွာ မိုင္းခဲြ တိုက္ခိုက္တာ ၂ ၾကိမ္ျဖစ္ခဲ့ေၾကာင္းလည္း ေဒသခံတစ္ဦးက ေျပာပါတယ္။
“ မေန႔ကေတာ့ သူတုိ႔ ဒီက ဆင္းသြားတဲ့ဟာကို ကခ်င္ျပည္နယ္ PDF အဖဲြ႔က ဆဲြမိုင္းခဲြတာ ဒါပဲရိွတယ္။ တျခား ေတာ့ မရိွပါဘူး။ ခဲြတာက ဒီ ဒြမ္ဘန္နဲ႔ ခြန္ဆိုင္ယန္ၾကား တစ္ျဖတ္၊ ေနာက္ၿပီးမွ လ၀ါးနဲ႔ ဒြန္ဘံုးၾကားတစ္ျဖတ္ အဲဒါပဲ။”
တခ်ိဳ႔သတင္းမီဒီယာေတြမွာေတာ့ စစ္ေကာင္စီတပ္က ကားအစီး ၄၀ ေလာက္ပါတဲ့ ယာဥ္တန္းကို KIA က မိုင္းခဲြၿပီး ၾကားျဖတ္တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ျပပါတယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္ မံုးကိုးဘက္မွာလည္း စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္ဖဲြ႔အၾကား တိုက္ပြဲျဖစ္ေနတာ ၃ ရက္ဆက္တိုက္႐ွိၿပီလို႔ မံုးကိုး ေဒသခံက ေျပာပါတယ္။
“ တစ္ေန႔ကညက သူတုိ႔ ေဖာင္ဆိုင္းဘက္မွာ ျဖစ္တာေပါ့ေနာ။ တစ္ေန႔ကရယ္၊ မေန႔ကေပါ့။ ေဖာင္ဆိုင္းဘက္ကေတာ့ လက္နက္ေတြအၾကီးေတြ ၾကားတာေပါ့ေနာ။ မံုးကိုးထိ ၾကားတယ္။ အဲဒါ လုယင္ထန္ ဘက္ဗ်။ ၂ေနရာဗ်။ လက္နက္ၾကီးသံက်ေတာ့ သူက တစ္ေန႔လံုးမွာ ပစ္တာ အလံုး ၂၀ ေလာက္ပစ္ႏိုင္တာေနာ။ အဲဒါ ၾကားတာ။ တစ္ေန႔ကေပါ့။ တစ္ေန႔က ည။ မေန႔ကေတာ့ သိပ္မၾကားဘူးဗ်။ တစ္နာရီ ႏွစ္နာရီေလာက္ပဲ ျဖစ္မွာေပါ့။ ခုနက သူတို႔ ဗ်ဴဟာကုန္းမွာ လာထုေနတယ္ မံုးကိုးထဲမွာေပါ့ေနာ။ တစ္နာရီခြဲေလာက္ကေပါ့။ ခုထိလည္း ပစ္ေနတံုးပဲ။”
ဒီေန႔ ေန႔ခင္း ၂နာရီခဲြေလာက္က ေျပာျပတာျဖစ္ပါတယ္။
MNDAA ကိုးကန္႔တပ္ဖဲြ႔ရဲ့ ျပန္ၾကားေရးဌာနကေတာ့ ဒီကေန႔ တုိက္ပဲြျဖစ္တယ္ဆိုတာသိရေပမဲ့ သတင္းအတိအက်မရေသးေၾကာင္း ဗီအိုေအအေမးကို Messenger ကေန ေျဖဆိုပါတယ္။ MNDAA ကိုးကန္႔တပ္ဖဲြ႔ရဲ့ ျပန္ၾကားေရးဌာန လူမႈကြန္ယက္စာမ်က္ႏွာမွာေတာ့ မံုးကိုးရိွ သူတို႔ အေျခစိုက္စခန္းကို စစ္ေကာင္စီတပ္က လက္နက္ၾကီးနဲ႔ ပစ္ခတ္ခဲ့ေၾကာင္းနဲ႔ ဒီရက္ပိုင္းအတြင္း တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ပြားေနေၾကာင္း ေဖာ္ျပထားပါတယ္။
ကခ်င္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာျဖစ္ေနတဲ့ တိုက္ပဲြသတင္းေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က ေလာေလာဆယ္အထိ ထုတ္ျပန္တာ မရိွေသးပါဘူး။
............................................
{{Unicode}}
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးဘေးမှာရှိတဲ့ လဝါးရွာက စစ်ဘေးဒုက္ခသည်စခန်းအတွင်း ဒုက္ခသည် ၈၀ ကျော်လောက် Covid 19 ရောဂါပိုးကူးစက်နေတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လဝါးရွာအနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုး ဘက်မှာလည်း ဒီကနေ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေတွေ ကိုရဲမွန်း က တင်ပြပေးပါမယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးတလေ ျှာက် စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် တိုက်ပွဲဖြစ်ရာ အနီးအနားရွာတွေက ရွာသူ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ခွန်ဆိုင်ယန်ရွာက ထွက်ပြေးလာတဲ့ ရွာသား ၃၀၀ကျော်ဟာ အနားက လဝါးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနဲ့ ကက်သလစ် ဘုရားကျောင်းမှာ စက်တင်ဘာလ ၂၅ရက်နေ့တည်းက ရောက်ရှိ ခိုလှုံနေကြပါတယ်။ သူတို့ထဲက နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ကို တနင်္လာနေ့က Covid 19 ဆေးစစ်ရာမှာ လူ ၈၀ကျော်မှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ KBC မှာ KBC စခန်းမှာပေါ့။ စစ်ရှောင်စခန်းမှာပေါ့။ မနေ့က လာစစ်ပေးတာ၊ အကုန်လုံးစစ်တာ ဒီမှာ ၈၇ ယောက်လောက် တွေ့တယ်။ Positive ဖြစ်နေတယ်။ မနေ့က ဆရာမတွေ၊ ဆရာမအဖွဲ့တွေ စစ်ပြီးမှ ဆေးတွေ ဘာတွေ တိုင်းရင်းဆေးတွေရော လူငယ်၊ သက်ကြီးအရွယ် အကုန်လုံးကို သောက်ခိုင်းနေတယ်။ ဒီမနက် ကနဲ့။”
ကက်သလစ် ဘုရားကျောင်းက စစ်ဘေးဒုက္ခသည်တွေကိုတော့ တနင်္လာနေ့က ဆေးစစ်တာ မရှိခဲ့ပေမဲ့ အရင် အပတ်တွေက စစ်ဆေးစဉ်က ကိုဗစ်အတည်ပြုလူနာ ၇ ယောက်လောက် တေ့ွရှိထားပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ဘာသာရေးအသင်းအဖွဲ့တွေ၊ ICRC နိုင်ငံတကာ ကြက်ခြေနီအသင်း စတာတွေက ကူညီ၊ ထောက်ပံံ့တာတွေ ရှိပေမဲ့ Covid 19 အတည်ပြုလူနာတွေအတွက် အဟာရဖြစ်မယ့် အစားအစာနဲ့ ဆေးဝါးတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ လောလောဆည်မှာတော့ Covid 19 လူနာတွေ သက်သာမှ နေရပ်ပြန်နိုင်ကြမယ့် အခြေအနေရှိတယ်လို့ ယာယီဒုက္ခသည်စခန်းတာဝန်ခံက ပြောပါတယ်။
“ ပြန်လို့တော့ မရသေးဘူး။ တစ်ပတ်လောက် ဒီ Positive လူနာတွေကို တစ်ပတ်လောက် စောင့်ကြည့်ပြီးမှ သူတို့ နည်းနည်းပါးပါးသက်သာပြီ ဆိုရင်တော့ ပြန်ရင် ပြန်မယ်လို့ အစီအစဉ်တော့ ရှိတယ်။”
ဖားကန့်မြို့နယ် လီဒိုလမ်းတလျောက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးပတ်လောက်က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
တနင်္လာနေ့ကလည်း လဝါးရွာအနီးမှာ မိုင်းခွဲ တိုက်ခိုက်တာ ၂ ကြိမ်ဖြစ်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ မနေ့ကတော့ သူတို့ ဒီက ဆင်းသွားတဲ့ဟာကို ကချင်ပြည်နယ် PDF အဖွဲ့က ဆွဲမိုင်းခွဲတာ ဒါပဲရှိတယ်။ တခြား တော့ မရှိပါဘူး။ ခွဲတာက ဒီ ဒွမ်ဘန်နဲ့ ခွန်ဆိုင်ယန်ကြား တစ်ဖြတ်၊ နောက်ပြီးမှ လဝါးနဲ့ ဒွန်ဘုံးကြားတစ်ဖြတ် အဲဒါပဲ။”
တချို့သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီတပ်က ကားအစီး ၄၀ လောက်ပါတဲ့ ယာဉ်တန်းကို KIA က မိုင်းခွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်နေတာ ၃ ရက်ဆက်တိုက်ရှိပြီလို့ မုံးကိုး ဒေသခံက ပြောပါတယ်။
“ တစ်နေ့ကညက သူတို့ ဖောင်ဆိုင်းဘက်မှာ ဖြစ်တာပေါ့နော။ တစ်နေ့ကရယ်၊ မနေ့ကပေါ့။ ဖောင်ဆိုင်းဘက်ကတော့ လက်နက်တွေအကြီးတွေ ကြားတာပေါ့နော။ မုံးကိုးထိ ကြားတယ်။ အဲဒါ လုယင်ထန် ဘက်ဗျ။ ၂နေရာဗျ။ လက်နက်ကြီးသံကျတော့ သူက တစ်နေ့လုံးမှာ ပစ်တာ အလုံး ၂၀ လောက်ပစ်နိုင်တာနော။ အဲဒါ ကြားတာ။ တစ်နေ့ကပေါ့။ တစ်နေ့က ည။ မနေ့ကတော့ သိပ်မကြားဘူးဗျ။ တစ်နာရီ နှစ်နာရီလောက်ပဲ ဖြစ်မှာပေါ့။ ခုနက သူတို့ ဗျူဟာကုန်းမှာ လာထုနေတယ် မုံးကိုးထဲမှာပေါ့နော။ တစ်နာရီခွဲလောက်ကပေါ့။ ခုထိလည်း ပစ်နေတုံးပဲ။”
ဒီနေ့ နေ့ခင်း ၂နာရီခွဲလောက်က ပြောပြတာဖြစ်ပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးဌာနကတော့ ဒီကနေ့ တိုက်ပွဲဖြစ်တယ်ဆိုတာသိရပေမဲ့ သတင်းအတိအကျမရသေးကြောင်း ဗီအိုအေအမေးကို Messenger ကနေ ဖြေဆိုပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးဌာန လူမှုကွန်ယက်စာမျက်နှာမှာတော့ မုံးကိုးရှိ သူတို့ အခြေစိုက်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဖော်ပြထားပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က လောလောဆယ်အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။