သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမရပူရမွာမိတဲ့ လက္နက္ေတြ KIA ထုတ္ ဆိုတာ မဟုတ္မွန္ေၾကာင္း KIA ျငင္းဆို


စစ္ေကာင္စီက သတင္းထုတ္ျပန္ ျပသခဲ့တဲ့ ဖမ္းဆီးရမိလက္နက္မ်ား။ (ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

(Zawgyi / Unicode)

မႏၱေလးတိုင္းေဒသႀကီး အမရပူရၿမိဳ႕နယ္မွာ ဖမ္းမိခဲ့တယ္ဆိုတဲ့ လက္နက္ေတြဟာ KIA ထုတ္ေတြ ျဖစ္တယ္လို႔ စစ္ေကာင္စီက စြပ္စြဲထားတဲ့အေပၚ မဟုတ္မွန္ေၾကာင္း KIA ဘက္က ျပန္ျငင္းပါတယ္။ တဆက္တည္းမွာပဲ ကခ်င္ျပည္နယ္အတြင္းမွာ တုိက္ပဲြေတြ ဆက္ျဖစ္ေနၿပီး မိုးညႇင္းၿမိဳ႕နယ္မွာေတာ့ KIA ေရွ႕တန္းတပ္စခန္းကို စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ လက္နက္ဖမ္းဆီးမႈနဲ႔ တုိက္ပဲြအေျခအေန ရန္ကုန္ကလာတဲ့ သတင္းကို ကိုေက်ာ္ေက်ာ္သိန္း ေျပာျပထားပါတယ္။

မႏၱေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ကမ္းနားလမ္း၊ ေရႊၾကက္ယက္ဘုရားအနီးမွာ ဆီသယ္ယာဥ္တစီးကို ဒီလ ၅ ရက္ေန႔က လံုၿခံဳေရးတပ္ဖဲြ႔က စစ္ေဆးတာမွာ ေမာင္းျပန္ေသနတ္ အလက္ ၂၀၀၊ စက္ေသနတ္ အလက္ ၂၀၊ ခြင္းဗံုး ၈၉ လံုး၊ က်ည္ဆန္ ၃၀,၀၀၀ ေက်ာ္နဲ႔ က်ည္အိမ္ ၅၄ ခု စတာေတြ ဖမ္းဆီးရမိေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ခဲ့တာပါ။

ဖမ္းဆီးရမိတဲ့ လက္နက္ေတြဟာ KIA ထုတ္ လက္နက္ေတြအျဖစ္ ေဖာ္ျပထားေပမယ့္ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူက ဒါကို ျငင္းဆိုပါတယ္။

“ဒီလက္နက္ေတြကေတာ့ က်ေနာ္တို႔ KIO/KIA နဲ႔ ပတ္သက္မႈ မရိွဘူးခင္ဗ်။ ဒီ ဘယ္အဖဲြ႔အစည္းကိုလည္း က်ေနာ္တုိ႔ ေရာင္းေပးတာေတြ၊ ကူညီေပးတာေတြ ဘာမွမရိွဘူး။ အဲဒါေၾကာင့္ အဲဒီဘက္က ဖမ္းမိတဲ့ လက္နက္ႀကီးငယ္ေတြ အားလံုးကေတာ့ က်ေနာ္တုိ႔ KIO/KIA နဲ႔ေတာ့ ဘာမွ ပတ္သက္မႈ မရိွဘူးခင္ဗ်။ လက္နက္တူတာေတြကေတာ့ အမ်ားႀကီးရိွပါတယ္။ တျခားအဖြဲ႔အစည္းေတြလည္း ဒါမ်ဳိးသံုးတာ အမ်ားႀကီးရွိပါတယ္။ က်ေနာ္ အဲလုိပဲ ေျပာလုိပါတယ္။”

ဒီလက္နက္ေတြကို ဆီသယ္ယာဥ္ရဲ႕ အကန္႔ ၅ ကန္႔အနက္က ေနာက္ဆံုးအကန္႔မွာ အံဝွက္နဲ႔ သယ္ေဆာင္လာတာျဖစ္ေၾကာင္းနဲ႔ ဖမ္းဆီးရမိတဲ့ တရားခံကို စစ္ေဆးေမးျမန္းလ်က္ရိွၿပီး သတင္းဆက္လက္ ထုတ္ျပန္ေပးသြားမွာျဖစ္ေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္တဲ့ သတင္းမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လကလည္း မႏၱေလးတုိင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ ပန္းယ်ရြာအနီး မႏၱေလး-မိုးကုတ္ကားလမ္းမွာ ေထာ္လာဂ်ီတစီးေပၚကေန ေမာင္းျပန္ေသနတ္ အလက္ ၆၀၊ လက္ပစ္ဗံုး ၈၀၊ ခြင္းဗံုး ၈၅ လံုး၊ က်ည္ဆန္မ်ိဳးစံု ၈,၀၀၀ ေက်ာ္နဲ႔ က်ည္အိမ္ ၁၁၀ ခု အပါအဝင္ လက္နက္အမ်ားအျပား ဖမ္းဆီးရမိခဲ့ဖူးပါတယ္။

ဒီအေတာအတြင္းမွာပဲ ကခ်င္ျပည္နယ္၊ မုိးညႇင္းၿမိဳ႕နယ္၊ အင္းေတာ္ႀကီးဘက္နဲ႔ ဖားကန္႔ၿမိဳ႕နယ္၊ လီဒိုလမ္းမေပၚမွာ တိုက္ပဲြျဖစ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ဗိုလ္မွဴးႀကီးေနာ္ဘူက အခုလုိ ဆက္ေျပာပါတယ္။

“တိုက္ပဲြကေတာ့ အင္းေတာ္ႀကီးဘက္မွာ တုိက္ပဲြရိွပါတယ္။ တိုက္ပဲြေတာ့ မဟုတ္ပါဘူး။ စစ္ေကာင္စီဘက္ကေန က်ေနာ္တုိ႔ KIA တပ္ရင္း ၂၆ ရဲ႕ ေရွ႕တန္းနယ္ေျမဘက္မွာ ေလယာဥ္နဲ႔လာၿပီးမွ ဗံုးႀကဲတာ ရိွပါတယ္။ ေန႔လယ္ေလာက္ေပါ့ေနာ္။ ၁၁ နာရီ ၄၅ မိနစ္ ဝန္းက်င္ေလာက္မွာ လာၿပီးမွ ဗံုးႀကဲတာရိွပါတယ္။ ေနာက္တခုရိွတာကေတာ့ လီဒိုလမ္းဘက္မွာ ဒီေန႔လည္း ဆက္ၿပီးမွ လမ္းလံုၿခံဳေရးယူတဲ့ အဖဲြ႔ေတြနဲ႔ က်ေနာ္တုိ႔ KIA ေတြ တိုက္ပဲြျဖစ္တာ ရိွပါတယ္။ အဲဒီႏွစ္ေနရာ ရိွပါတယ္ခင္ဗ်။”

ဒီတုိ္က္ပဲြျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး သတင္းအေသးစိတ္ေတာ့ မရရိွေသးေၾကာင္း ေျပာပါတယ္။ ဖားကန္႔ေဒသခံတဦးက ဖားကန္ၿမိဳ႕နယ္အတြင္း တုိက္ပဲြျဖစ္ပြားတဲ့ အေျခအေနကို အခုလိုေျပာပါတယ္။

“ဒီမနက္ ၉ နာရီေလာက္ကတည္းကေန ႀကိဳးၾကားႀကိဳးၾကား အသံၾကားလိုက္ ျပန္ၿငိမ္သြားလိုက္၊ အသံၾကားလုိက္ ျပန္ၿငိမ္သြားလိုက္ အဲဒါမ်ိဳးနဲ႔ ျဖစ္ေနတာ။”

ေဒသတြင္း သတင္းမီဒီယာေတြကေတာ့ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးဘက္မွာ စစ္ေကာင္စီက ဂ်က္ေလယာဥ္ ၂ စီးနဲ႔ ၄ ႀကိမ္ထက္မနည္း ဗံုးႀကဲတိုက္ခိုက္ခဲ့ေၾကာင္းနဲ႔ ဖားကန္႔ၿမိဳ႕နယ္၊ လီဒိုလမ္းမွာေတာ့ ဒြမ္ဘန္နဲ႔ ခြန္ဆန္ယန္ရြာအၾကားမွာ အင္အား ၂၀၀ ေလာက္ရိွတဲ့ စစ္ေၾကာင္းကို KIA က မိုင္းခဲြၿပီး တိုက္ပဲြျဖစ္ေၾကာင္း ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ ေနာင္မီးေက်းရြာနဲ႔ မံပန္ရြာအၾကားမွာ တုိက္ပဲြျဖစ္ခဲ့ၿပီး စစ္ေကာင္စီတပ္က မံပန္ေက်းရြာအတြင္းကို လက္နက္ႀကီး၊ လက္နက္ငယ္နဲ႔ ပစ္ခတ္တာေၾကာင့္ ဘုရားေက်ာင္းဝန္းက ေနအိမ္တလံုးနဲ႔ ကားတစီး ပ်က္စီးခ့ဲေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

အဲဒီပစ္ခတ္မႈ ျဖစ္ၿပီးတဲ့ေနာက္ မံပန္ရြာသားေတြဟာ နမၼတီးၿမိဳ႕ဘက္ တိမ္းေရွာင္သူေတြ ရိွခဲ့သလို တခ်ိဳ႕ကေတာ့ ေတာေတာင္ေတြထဲမွာ ထြက္ေျပး ပုန္းေအာင္းေနၾကပါတယ္။

တႏိုင္း၊ ဖားကန႔္နဲ႔ မိုးေကာင္းၿမိဳ႕နယ္တြင္းက လီဒိုလမ္းတေလွ်ာက္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလကုန္ေလာက္ကတည္းကစၿပီး တိုက္ပြဲေတြ ဆက္တိုက္ဆိုသလို ျဖစ္ေနတာပါ။

ေဒသခံေတြကေတာ့ တႏိုင္းဘက္ကို လူ၊ လက္နက္ခဲယမ္းနဲ႔ ရိကၡာပို႔တဲ့ စစ္ေၾကာင္းေတြကို KIA က အသြားနဲ႔ အျပန္ခရီးမွာ ၾကားျဖတ္တိုက္ခိုက္တာ ျဖစ္ႏုိင္ေၾကာင္း သံုးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အမရပူရမှာမိတဲ့ လက်နက်တွေ KIA ထုတ် ဆိုတာ မဟုတ်မှန်ကြောင်း KIA ငြင်းဆို

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ဖမ်းမိခဲ့တယ်ဆိုတဲ့ လက်နက်တွေဟာ KIA ထုတ်တွေ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားတဲ့အပေါ် မဟုတ်မှန်ကြောင်း KIA ဘက်က ပြန်ငြင်းပါတယ်။ တဆက်တည်းမှာပဲ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မိုးညှင်းမြို့နယ်မှာတော့ KIA ရှေ့တန်းတပ်စခန်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ဖမ်းဆီးမှုနဲ့ တိုက်ပွဲအခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်း ပြောပြထားပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကမ်းနားလမ်း၊ ရွှေကြက်ယက်ဘုရားအနီးမှာ ဆီသယ်ယာဉ်တစီးကို ဒီလ ၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးတာမှာ မောင်းပြန်သေနတ် အလက် ၂၀၀၊ စက်သေနတ် အလက် ၂၀၊ ခွင်းဗုံး ၈၉ လုံး၊ ကျည်ဆန် ၃၀,၀၀၀ ကျော်နဲ့ ကျည်အိမ် ၅၄ ခု စတာတွေ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ လက်နက်တွေဟာ KIA ထုတ် လက်နက်တွေအဖြစ် ဖော်ပြထားပေမယ့် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒါကို ငြင်းဆိုပါတယ်။

“ဒီလက်နက်တွေကတော့ ကျနော်တို့ KIO/KIA နဲ့ ပတ်သက်မှု မရှိဘူးခင်ဗျ။ ဒီ ဘယ်အဖွဲ့အစည်းကိုလည်း ကျနော်တို့ ရောင်းပေးတာတွေ၊ ကူညီပေးတာတွေ ဘာမှမရှိဘူး။ အဲဒါကြောင့် အဲဒီဘက်က ဖမ်းမိတဲ့ လက်နက်ကြီးငယ်တွေ အားလုံးကတော့ ကျနော်တို့ KIO/KIA နဲ့တော့ ဘာမှ ပတ်သက်မှု မရှိဘူးခင်ဗျ။ လက်နက်တူတာတွေကတော့ အများကြီးရှိပါတယ်။ တခြားအဖွဲ့အစည်းတွေလည်း ဒါမျိုးသုံးတာ အများကြီးရှိပါတယ်။ ကျနော် အဲလိုပဲ ပြောလိုပါတယ်။”

ဒီလက်နက်တွေကို ဆီသယ်ယာဉ်ရဲ့ အကန့် ၅ ကန့်အနက်က နောက်ဆုံးအကန့်မှာ အံဝှက်နဲ့ သယ်ဆောင်လာတာဖြစ်ကြောင်းနဲ့ ဖမ်းဆီးရမိတဲ့ တရားခံကို စစ်ဆေးမေးမြန်းလျက်ရှိပြီး သတင်းဆက်လက် ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပန်းယျရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းမှာ ထော်လာဂျီတစီးပေါ်ကနေ မောင်းပြန်သေနတ် အလက် ၆၀၊ လက်ပစ်ဗုံး ၈၀၊ ခွင်းဗုံး ၈၅ လုံး၊ ကျည်ဆန်မျိုးစုံ ၈,၀၀၀ ကျော်နဲ့ ကျည်အိမ် ၁၁၀ ခု အပါအဝင် လက်နက်အများအပြား ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

ဒီအတောအတွင်းမှာပဲ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဘက်နဲ့ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်မှာ တိုက်ပွဲဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“တိုက်ပွဲကတော့ အင်းတော်ကြီးဘက်မှာ တိုက်ပွဲရှိပါတယ်။ တိုက်ပွဲတော့ မဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကနေ ကျနော်တို့ KIA တပ်ရင်း ၂၆ ရဲ့ ရှေ့တန်းနယ်မြေဘက်မှာ လေယာဉ်နဲ့လာပြီးမှ ဗုံးကြဲတာ ရှိပါတယ်။ နေ့လယ်လောက်ပေါ့နော်။ ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင်လောက်မှာ လာပြီးမှ ဗုံးကြဲတာရှိပါတယ်။ နောက်တခုရှိတာကတော့ လီဒိုလမ်းဘက်မှာ ဒီနေ့လည်း ဆက်ပြီးမှ လမ်းလုံခြုံရေးယူတဲ့ အဖွဲ့တွေနဲ့ ကျနော်တို့ KIA တွေ တိုက်ပွဲဖြစ်တာ ရှိပါတယ်။ အဲဒီနှစ်နေရာ ရှိပါတယ်ခင်ဗျ။”

ဒီတိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်းအသေးစိတ်တော့ မရရှိသေးကြောင်း ပြောပါတယ်။ ဖားကန့်ဒေသခံတဦးက ဖားကန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“ဒီမနက် ၉ နာရီလောက်ကတည်းကနေ ကြိုးကြားကြိုးကြား အသံကြားလိုက် ပြန်ငြိမ်သွားလိုက်၊ အသံကြားလိုက် ပြန်ငြိမ်သွားလိုက် အဲဒါမျိုးနဲ့ ဖြစ်နေတာ။”

ဒေသတွင်း သတင်းမီဒီယာတွေကတော့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဘက်မှာ စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးနဲ့ ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမှာတော့ ဒွမ်ဘန်နဲ့ ခွန်ဆန်ယန်ရွာအကြားမှာ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို KIA က မိုင်းခွဲပြီး တိုက်ပွဲဖြစ်ကြောင်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ နောင်မီးကျေးရွာနဲ့ မံပန်ရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က မံပန်ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ဘုရားကျောင်းဝန်းက နေအိမ်တလုံးနဲ့ ကားတစီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှု ဖြစ်ပြီးတဲ့နောက် မံပန်ရွာသားတွေဟာ နမ္မတီးမြို့ဘက် တိမ်းရှောင်သူတွေ ရှိခဲ့သလို တချို့ကတော့ တောတောင်တွေထဲမှာ ထွက်ပြေး ပုန်းအောင်းနေကြပါတယ်။

တနိုင်း၊ ဖားကန့်နဲ့ မိုးကောင်းမြို့နယ်တွင်းက လီဒိုလမ်းတလျှောက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်လောက်ကတည်းကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာပါ။

ဒေသခံတွေကတော့ တနိုင်းဘက်ကို လူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ စစ်ကြောင်းတွေကို KIA က အသွားနဲ့ အပြန်ခရီးမှာ ကြားဖြတ်တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG