သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ်ရေငုပ်သင်္ဘောရဲ့ အမှုထမ်း မိသားစုဝင်ထံ အင်ဒိုသမ္မတ ဝမ်းနည်းစကားပါး


အင်ဒိုနီးရှားသမ္မတ Joko Widodo. (ဧပြီ ၂၂၊ ၂၀၂၁)
အင်ဒိုနီးရှားသမ္မတ Joko Widodo. (ဧပြီ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီပင်လယ်ပြင်အတွင်း နစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောပေါ် ပါသွားသူ ရေယာဉ်အမှုထမ်း ၅၃ ဦးရဲ့ မိသားစုဝင်တွေထံ အင်ဒိုနီးရှားသမ္မတ Joko Widodo က ဝမ်းနည်းစကား ပါးလိုက်ပါတယ်။

“ကျွနု်ပ်တို့ အင်ဒိုနီးရှားနိုင်ငံသားအားလုံး အနေနဲ့ ဒီ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်အတွက် အထူးသဖြင့် ဒီ ရေငုပ်သင်္ဘောပေါ် ပါသွားကြတဲ့ ရေယာဉ်ဝန်ထမ်းတွေရဲ့ မိသားစုတွေအတွက် အင်မတန်မှ ပူဆွေးသောက ဖြစ်ရတယ်ဆိုတာကို ပြောကြားလိုပါတယ်” လို့ သမ္မတ Joko Widodo က ဒီကနေ့ ပြောကြားလိုက်တာပါ။

ဒီရေငုပ်သင်္ဘော နောက်ဆုံးရှိခဲ့တဲ့ နေရာအနီးဝန်းကျင်ကနေ ဝတ်ပြုဆုတောင်းရင် ခင်းတဲ့ဖျာ၊ မှန်ပြောင်းနဲ့ တခြား လူအသုံးဆောင်ပစ္စည်းတွေ တွေ့ရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက စနေနေ့မှာ ပြောကြားခဲ့တဲ့အတွက် ရေငုပ်သင်္ဘောဟာ အက်ကွဲသွားတယ်လို့ ရေတပ်အနေနဲ့ ယူဆစရာ ဖြစ်လာခဲ့တာပါ။

ရေငုပ်သင်္ဘောနဲ့တူတဲ့ အရာဝတ္ထုတခုကို ရေအောက် ပေ ၂,၈၀၀ လောက်မှာ ဆိုနာနဲ့ လိုက်လံစမ်းသပ် ရှာဖွေစဉ်မှာ တွေ့ခဲ့ရကြောင်း အင်ဒိုနီးရှား ရေတပ်ဦးစီးချုပ် Yudo Margono က ပြောပါတယ်။ အဲဒီ ရေငုပ်သင်္ဘောနဲ့ နောက်ဆုံးဆက်သွယ်မှုရခဲ့တဲ့ နေရာအနီးမှာ ဒါဇင်နဲ့ချီတဲ့ ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေနဲ့ လိုက်လံရှာဖွေနေကြပြီး အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတို့က ကူညီ ရှာဖွေပေးနေကြပါတယ်။

ရေယာဉ်ဝန်ထမ်း ၅၃ ဦးပါတဲ့ ဒီရေငုပ်သင်္ဘောဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

-----------------------

(Unicode)







XS
SM
MD
LG