သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီမှာ တိုက်ပွဲပြင်းထန်


ချင်းညီနောင် (Operation CB) နှင့် မဟာမိတ်များမှ စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခမရ ၃၀၄ သိမ်းပိုက်ပြီး ထုတ်ပြန်ထားသည့် မှတ်တမ်း ဓာတ်ပုံများ။
ချင်းညီနောင် (Operation CB) နှင့် မဟာမိတ်များမှ စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခမရ ၃၀၄ သိမ်းပိုက်ပြီး ထုတ်ပြန်ထားသည့် မှတ်တမ်း ဓာတ်ပုံများ။

ချင်းပြည်နယ် မတူပီမြို့နယ်ထဲက စစ်တပ်စခန်းတွေကို သိမ်းနိုင်ဖို့ ချင်းညီနောင် မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်နေတာမှာ ၂ ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်တပ်စခန်း ခမရ (၃၀၄) ကိုတော့ ဇွန် ၁၇ ရက်က သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းညီနောင် ပူးပေါင်းတော်လှန်ရေး အဖွဲ့က ဗွီအိုအေကိုပြောပါတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၂ ဘက် အကျအဆုံးများတယ်လို့လည်းပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို တင်ပြထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာရှိတဲ့ စစ်ကောင်စီအခြေစိုက် ဗျူဟာစခန်းတွေကို သိမ်းပိုက်နိုင်ဖို့အတွက် ချင်းညီနောင်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇွန်လ ၉ ရက်ထဲကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ ဇွန်လ ၁၇ ရက်မှာတော့ ခမရ ၃၀၄ ကို သိမ်းပိုက်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ စစ်ကောင်စီ တပ်စခန်းဘက်က လက်နက်မချပဲ ပြန်လည်ခုခံရာမှာ တပ်သား ၁၀၀ နီးပါး ကျဆုံးခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ဦးတည်ချက်အတိုင်းပဲ ဆက်လက်ပြီးတော့ ဗျူဟာကုန်းနဲ့ (၁၄၀) ရရှိရေးကို အပြင်းထန်ဆုံးပေါ့ ဆက်လက်ပြီးမှ စစ်ဆင်ရေး လုပ်နေပါတယ်။ သူလက်ကလည်း အခု လက်နက်ကြီးတွေနဲ့ ကာကွယ်ပြီးတော့ ကျနော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့ တနေကုန်လှမ်းထုနေတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ခမရ (၃၀၄)က ဘယ်လိုပြောရမလဲ အကုန်လုံး အသေခံလိုက်တာပေါ့ စခန်းထဲမှာ။ တယောက်မှာ အပြင်ထွက်ပြေးဖို့တို့ သူတို့ဘက်က မစဉ်းစားဘူး၊ နောက်ပိုင်းလက်ကျန်တွေမှပဲ ကျနော်တို့ အရှင်ဖမ်းမိရထားတာ ပေါ့နော်။ ကျနော်တို့ဘက်ကလည်း အတော်အသင့် ပေးဆပ်မှုတော့ ရှိပါတယ်။"

ချင်းညီနောင် (Operation CB) နှင့် မဟာမိတ်များမှ စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခမရ ၃၀၄ သိမ်းပိုက်ပြီး ထုတ်ပြန်ထားသည့် မှတ်တမ်း ဓာတ်ပုံများ။
ချင်းညီနောင် (Operation CB) နှင့် မဟာမိတ်များမှ စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခမရ ၃၀၄ သိမ်းပိုက်ပြီး ထုတ်ပြန်ထားသည့် မှတ်တမ်း ဓာတ်ပုံများ။

ချင်းပြည်နယ် ခမရ (၃၀၄) တပ်သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ တပ်သားတွေ ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

မတူပီ ခမရ(၃၀၄) ကျပြီးတဲ့နောက်မှာ စစ်ကောင်စီက လေကြောင်းသုံးပြီး ဗုံးအလုံးရေ ၃၀နီးပါး ကြဲချခဲ့ကြောင်းလည်း သူက ပြောပါတယ်။ မတူပီမြို့ဟာ စီးပွားရေး၊ နိုင်ငံရေးအရ အချက်အချာကျတဲ့ နေရာတခုဖြစ်လို့ မြို့ကိုသိမ်းပိုက်နိုင်ရေးဝိုင်း၀န်းအကူအညီပေးနိုင်ရေး ကြိုးပမ်းနေတဲ့အခြေအနေနဲ့ ပတ်သက်လို့ မတူပီ အောင်မြင်ရေး ရန်ပုံငွေရှာအဖွဲ့ ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ တာ၀န်ခံတဦးကအခုလို ပြောသွားပါတယ်။

" သတင်းတွေ ကြားရတာလည်း အားရတယ်၊ ကျေနပ်တယ်။ မတူပီဆိုတာက ပြည်မကြီးနဲ့ ဆက်သွယ်ပြီးတော့ ဒီဘက်မှာဆိုရင်တော့ အိန္ဒိယရဲ့ နယ်စပ်နဲ့လည်း ထိစပ်နေတယ် မီဇိုရမ်နဲ့။ ပြောရမယ်ဆိုရင် မတူပီလမ်းကြောင်း ပွင့်ပြီဆိုရင် ဒီဘက်က နိုင်ငံတကာ ဆက်ဆံမှုတွေအရရော အားလုံးက အိန္ဒိယနယ်စပ်နဲ့ထိပြီး အရေးပါတဲ့ နေရာဖြစ်တယ်။ အဲဒါကြောင့်မို့ သူကဗျူဟာထိုင်ထားတာ။ အထူးသဖြင့် မင်းတပ်နဲ့ဆို ၁၀၁မိုင် ဝေးတယ်ပေါ့နော်၊ မတူပီက အောင်မြင်သွားပြီဆိုရင် ဒီရဲ့ထွက်ပေါက်ဖြစ်တဲ့ လမ်းကြောင်းဖြစ်တဲ့ မင်းတပ်ပြီးရင်၊ ပခုက္ကူဘက် ဆက်သွယ်တဲ့ အဓိက ချိတ်ဆက်ရေး လမ်းကြောင်းကြီးပေါ့။ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးကအစ အားလုံးပွင့်သွားပြီးတော့ တကယ့်အခရာကျတဲ့ ဆက်သွယ်ရေး လမ်းကြောင်းကြီးဖြစ်တယ်။"

ချင်းညီနောင် (Operation CB) နှင့် မဟာမိတ်များမှ စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခမရ ၃၀၄ သိမ်းပိုက်ပြီး ထုတ်ပြန်ထားသည့် မှတ်တမ်း ဓာတ်ပုံများ။
ချင်းညီနောင် (Operation CB) နှင့် မဟာမိတ်များမှ စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခမရ ၃၀၄ သိမ်းပိုက်ပြီး ထုတ်ပြန်ထားသည့် မှတ်တမ်း ဓာတ်ပုံများ။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးတပ်စခန်းကိုလည်း ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ၃ လနီးပါး တိုက်ခိုက်ခဲ့ပြီး ဧပြီလ၂၉ ရက်မှာ စစ်ကောင်စီရဲ့ တပ်စခန်းကို ရရှိခဲ့ပါတယ်။ အခု မတူပီမြို့နယ်က စစ်ကောင်စီရဲ့ မခရ (၃၀၄) စခန်းကို သိမ်းပိုက်ရရှိထားပေမဲ့ အဓိက ဗျူဟာ တပ်စခန်းတချို့ ကျန်ရှိနေကြောင်းလည်း ချင်းလက်နက်ကိုင် အဖွဲ့တချို့က ပြောပါတယ်။ လက်ကျန် စခန်းတွေမှာတော့ စစ်ကောင်စီတပ်သား အယောက် ၅၀၀ နီးပါး ကျန်ရှိနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ချင်းညီနောင်ဘက်က ပြောပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက စစ်ကောင်စီ) ဘက်ကတော့ မတူပီတိုက်ပွဲအခြေအနေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ချင်း-မကွေးသွားတဲ့ လမ်းတချို့ကိုတော့ လုံခြုံရေးအရ တော်လှန်ရေး အဖွဲ့တွေက အချိန်အကန့်အသတ်နဲ့ပဲ လက်တလောမှာ သွားခွင့်ပေးထားပါတယ်။

မတူပီမှာ တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:03:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG