သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နိုင်ငံတကာမီဒီယာအချို့စွပ်စွဲချက် မမှန်ကန်- စုံစမ်းရေးကော်မရှင်


ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ သွားရောက်လေ့လာစဉ် (MOI)
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ သွားရောက်လေ့လာစဉ် (MOI)

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေခံတာမဟုတ်ကြောင်း ၃ရက်ကြာ ပဏာမ စုံစမ်းစစ်ဆေးမှုအပြီးမှာ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တဦးက ထုတ်ဖော်ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စုံစမ်းရာမှာ သက်ဆိုင်ရာ ရွာသားတွေက ငြင်းဆို ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာလ ၉ရက်နဲ့ နိုဝင်ဘာလ ၁၂-၁၃ရက်တွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ဒီဇင်ဘာလ ၁၁ရက်ကနေ ၁၃ရက်နေ့အထိ အဲဒီဒေသကို သွားရောက်စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဒီခရီးစဉ်မှာ အဓိက တွေ့ရှိရတဲ့အချက်ကို ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အခုလို ပြောပါတယ်။

“အဓိကကျတဲ့ တွေ့ရှိချက်ကတော့ ၂၀၁၂ တုန်းကအနေအထားနဲ့ ကွဲပြားခြားနားပါတယ်။ ဟိုတုန်းကတော့ လူမျိုးရေးပြဿနာ ဘာသာရေးပြဿနာဆိုတဲ့ အသွင်သဏ္ဍန် ဆောင်ကျတော့ တယောက်နဲ့ တယောက်က တော်တော်ကြီးကို စိမ်းစိမ်းကြီးဖြစ်နေတာပေါ့။ အခုကျတော့ လူ့အသိုင်းအဝိုင်းအချင်းချင်းက ရင်းရင်းနှီးနှီးရှိနေတာတွေ့ရတယ်။ နောက်တခုက ဘာသာရေးပြဿနာမဟုတ်ဘူးဆိုတောတွေ့ရတယ်။ နောက်တခုကတော့ တပ်မတော်၊ ပြည်သူ့ရဲအစရှိတဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေအပေါ်မှာပေါ့လေ ၊ မကျေနပ်ချက်လည်းမဟုတ်ဘူးဆိုတာ ကျနော်တို့ မေးမြန်းစုံစမ်းလို့ရပါတယ်။”

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရောက်ရှိနေချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းစဉ် ကြက်ရိုးပြင်ရွာက အမျိုးသမီးတွေကို အဓမ္မပြု့ကျင့်တာ၊ အဓမ္မပြုသတ်ဖြတ်တာအပြင် အခြား ရွာသားတွေကိုလည်း သတ်ဖြတ်တာတွေရှိကြောင်း ပြည်ပသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီလို ဖော်ပြတာနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့တဲ့အခြေအနေကို ဦးအောင်ကြည်က အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ ရရှိတဲ့ သတင်းကတော့ ဒီအခြေအနေတွေဟာ ဒေသခံလူထုက အဲဒီ ပုဂ္ဂိုလ်တွေလည်းဒီမှာ မရှိဘူး၊ မြင်လည်းမမြင်ဘူး။ ဒီလိုဖြစ်စဉ်မျိုးပေါ့ သူတို့ပြောတဲ့ဖြစ်စဉ်မျိုး လည်း ဒီမှာမရှိဘူးဆိုပြီးတော့ ငြင်းဆိုတာမျိုးတွေ ၊ အားလုံးပါ ကလေးသူငယ်ပါမကျန်ပေါ့ သူတို့ ငြင်းဆိုတာတွေ့ရပါတယ်။ ဒါကတော့ အမှန်တကယ်ဖြစ်ခဲ့တဲ့ အလုပ်မဟုတ်ဘူးဆိုတာ တော့ ကျနော်တို့ အဲဒီလိုမျိုးလေး ယူဆပါတယ်။”

စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ရခိုင်ပြည်နယ် မောင်တောဒေသကို ရောက်ရှိစဉ်မှာ အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ အထောက်အပံ့မရသေးတဲ့ ကျေးရွာတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကိစ္စတွေ ၊ နောက်တခုက အထောက်အပံ့တွေ ပြည့်ပြည့်စုံစုံ ရရဲ့လား မရဘူးလား၊ ဆိုတာကို ကျနော်တို့က ပြန်လည်ဆန်းစစ်တဲ့အပိုင်းတွေပေါ့နော်၊ ဒါလေးတွေ အဓိကထားပြီးတော့ မေးမြန်းခဲ့ပါတယ်။ နောက်တခုက လူမှုရေး ပညာရေးလိုအပ်တဲ့ အချက်တွေပေါ့လေ သူတို့ကိုယ်ကပေါ့လေ ကျောင်းလေးတွေဘာလေးတွေ ပြန်ဖွင့်ချိန်ရတယ်၊ အဲဒါလေးတွေလည်း ကျနော်တို့က စီစဉ်ပေးခဲ့တယ်၊ နောက်ဆက်သွယ်ရေးလမ်းကြောင်းတွေလည်းပွင့်အောင် ကားတွေလည်း သွားလာရအောင်ပေါ့နော် ဈေးတွေလည်းပြန်ဖွင့်နိုင်အောင် အဲဒီလိုလေး စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။”

ဒီလ ၁၃ရက်နေ့က ပြီးဆုံးသွားတဲ့ခရီးစဉ်က ရရှိတဲ့ အချက်အလက်တွေကို ပြန်လည်လေ့လာဆန်းစစ် အတည်ပြုသွားမှာ ဖြစ်ကြောင်းနဲ့ အတည်ပြုနိုင်ဖို့လည်း အကြိမ်ကြိမ်ကြိုးစား ဆောင်ရွက် မှာဖြစ်ကြောင်း ပြောပါတယ်။ ဒီလို အတည်ပြုချက်ရယူပြီးတဲ့နောက်မှာတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်မှာ နိုင်ငံတော်သမ္မတဆီကို တိုက်ရိုကု်အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG