သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အျပည္ျပည္ဆိုင္ရာအမ်ိဳးသမီးမ်ားေန႔ တိုင္းရင္းအမ်ိဳးသမီးအဖြဲ႕မ်ားဂုဏ္ျပဳ


အျပည္ျပည္ဆုိင္ရာ အမ်ဳိးသမီးမ်ားေန႔မွာ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး (KWO) က ဂုဏ္ျပဳမွတ္တမ္းတင္ခံရသူ ကရင္အမ်ဳိးသမီး ၁၀ မွာပါတဲ့ မေႏြးေႏြးဦး (ဓာတ္ပံု KPSN၊ မတ္လ ၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီေန႔ မတ္လ ၈ ရက္ေန႔မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ မွာ ျမန္မာႏိုင္ငံက ကရင္၊ မြန္၊ ကခ်င္တိုင္းရင္းသူ အမ်ိဳးသမီးေတြ အထိမ္းအမွတ္ ပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး (KWO) က ကရင္လူမႈအဖြဲ႕အစည္းေတြအပါအဝင္ နယ္ပယ္အသီးသီးမွာ အမ်ားအတြက္ ကိုယ္က်ိဳးစြန႔္ လုပ္ကိုင္ေနၾကတဲ့ ကရင္အမ်ိဳးသမီး ၁၀ ဦးကို အသိအမွတ္ျပဳ ဂုဏ္ျပဳခဲ့ပါတယ္။ မြန္လူ႔အခြင့္အေရးအဖြဲ႕ HURFOM၊ KWAT ကခ်င္အမ်ိဳးသမီးအဖြဲ႕ (ထိုင္းႏိုင္ငံ) နဲ႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေန မွတ္တမ္းတင္ေနတဲ့ ND-Burma တို႔က ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြရဲ႕ ရဲစြမ္းသတိေတြ စစ္အာဏာသိမ္းၿပီးေနာက္ အစမ္းသပ္ခံေနရတယ္ဆိုတဲ့ စာတမ္း ၁ ေစာင္ပူးတြဲထုတ္ျပန္ခဲ့ပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာသတင္းပို႔ထားပါတယ္။

၁၉၄၉ ခုႏွစ္ကတည္းကတည္ေထာင္ခဲ့တဲ့ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး KWO က ဒီေန႔ မတ္လ ၈ ရက္ေန႔မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔မွာ နယ္ပယ္အသီးသီးမွာ ေပးဆပ္လုပ္ေဆာင္ေနတဲ့ ကရင္အမ်ိဳးသမီး ၁၀ ဦးကိုဂုဏ္ျပဳခဲ့ပါတယ္။ ပညာေရး၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ လူ႔အခြင့္ေရး၊ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးနဲ႔ မီဒီယာလုပ္ငန္းေတြမွာ ဆယ္စုႏွစ္တခုမက ေပးဆပ္ခဲ့ၾကတဲ့ အမ်ိဳးသမီး ၁၀ ဦးကို ဒီႏွစ္မွာ ဂုဏ္ျပဳတာျဖစ္ပါတယ္။ ဒီလိုဂုဏ္ျပဳခံရတဲ့အထဲမွာ မယ္ေတာ္ေဆးခန္းရဲ႕ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေစာင့္ေရွာက္ေရး ဒုတိယၫႊန္ၾကားေရးမႉး မေႏြးေႏြးဦးလည္းပါဝင္ပါတယ္။ ဂုဏ္ျပဳခဲ့ရတာနဲ႔ပတ္သက္လို႔ မေႏြးေႏြးဦးက အခုလိုေျပာျပပါတယ္။

“အမ်ိဳးသမီးနဲ႔ကေလးကာကြယ္ေစာင့္ေရွာက္ေရးနဲ႔ပတ္သက္ၿပီးေတာ့ လုပ္ခဲ့တာေပါ့ေနာ္၊ KWO ပတ္သက္ၿပီးေတာ့ က်မတို႔က အထူးသျဖင့္ ကေလးကာကြယ္ေစာင့္ေရွာက္ေရးနဲ႔ပတ္သက္ၿပီး၊ IDP ျပည္တြင္းအိုးအိမ္မဲ့ ဒုကၡသည္ေတြနဲ႔ပတ္သက္ၿပီး ကေလးေစာင့္ေရွာက္ေရးမူးဝါဒေတြ Child right ေတြကို awareness ေတြကို လုပ္တာေတြကို အတူတူလုပ္တာေတြရွိတာေပါ့ေနာ္။ KWO ကရင္အမ်ိဳးသမီး အစည္းအ႐ုံးနဲ႔ အတူတြဲလုပ္ေနတာလည္းၾကာၿပီေပါ့ေနာ္။ က်မကိုေတာ့အမ်ိဳးသမီးနဲ႔ ကေလးကာကြယ္ေရးလုပ္တာေၾကာင့္ သူတို႔က ေပးတာေပါ့ေနာ္။ ကေလး ကာကြယ္ေရးလုပ္ငန္းေတြ၊ မူဝါဒေတြေရးဆြဲတာေတြကို ထဲထဲဝင္ဝင္လုပ္ေဆာင္ေပးတာေပါ့ေနာ္။ က်မတို႔ Migrant မွာလုပ္ခဲ့တဲ့အေတြ႕အႀကဳံနဲ႔ ကရင္ျပည္နယ္ထဲမွာဆီေလ်ာ္တဲ့လုပ္ငန္းေတြကို အတူတူေရးဆြဲၾကတယ္။ အတူတူလုပ္ကိုင္ၾကပါတယ္။”

၁၅ ႏွစ္ၾကာ မယ္ေတာ္ေဆးခန္းမွာ အလုပ္လုပ္ေနတဲ့ မေႏြးေႏြးဦးက အခုလို ဂုဏ္ျပဳခံရတဲ့အတြက္ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ ေစာင့္ေရွာက္ေရးလုပ္ငန္းေတြကို ပိုမိုလုပ္ကိုင္ႏိုင္လိမ့္မယ္လို႔ ယူဆေၾကာင္း အခုလိုေျပာပါတယ္။

“ေျပာခ်င္တာကေတာ့ အခုလိုေပးတဲ့အတြက္ ဝမ္းသာတာေပါ့ေနာ္။ ဒီလိုမ်ိဳးေအာင္ျမင္ၿပီးလုပ္ႏိုင္တာကလည္း က်မတို႔ရဲ႕ ကေလးကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းေတြ၊ အမ်ိဳးသမီးေတြရဲ႕က႑ေတြကို တဖက္ကလည္း ျမႇင့္တင္ေပးတဲ့အပိုင္းေတြလည္းျဖစ္တာေပါ့ေနာ္။ က်ားမ တန္းတူေရးေတြကိုေျပာတဲ့အခါ အမ်ိဳးသမီးေတြဦးေဆာင္မႈအပိုင္းေတြမွာပါႏိုင္ဖို႔အတြက္လည္း က်မတို႔လည္း ႀကိဳးစားေနၾကတာေပါ့ေနာ္၊ က်မတို႔ရဲ႕လုပ္ငန္းခြင္ေတြမွာလည္း တရားမွ်တမႈေတြရဖို႔ ႀကိဳးစားေနရတေပါ့ေနာ္။ က်မတို႔အမ်ိဳးသမီးေတြအေနနဲ႔ တန္းတူရဖို႔အတြက္ ဆက္လုပ္ႏိုင္ဖို႔ ကိုယ္ႏိုင္တဲ့ တေဒါင့္တေနရာကေန ႀကိဳးပမ္းသြားၾကရမွာေပါ့။”

ဒီေန႔က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔မွာ စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံက အမ်ဳးိသမီးေတြရဲ႕ ရဲစြမ္းသတၱိေတြ အစမ္းသပ္ခံေနရတဲ့အေၾကာင္း Resist ဆိုတဲ့ စာတမ္း ၁ ေစာင္ကို မြန္လူ႔အခြင့္အေရးအဖြဲ႕ HURFOM၊ KWAT ကခ်င္အမ်ိဳးသမီးအဖြဲ႕ (ထိုင္းႏိုင္ငံ) နဲ႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေန မွတ္တမ္းတင္ေနတဲ့ ND-Burma တို႔က ပူးတြဲထုတ္ျပန္ခဲ့ပါတယ္။

ဒီစာတမ္းမွာ လြန္ခဲ့တဲ့ ၁ ႏွစ္ေက်ာ္ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္မွာ ျမန္မာႏိုင္ ငံတလႊားက အမ်ိဳးသမီးေခါင္းေဆာင္ေတြထြက္ေပၚလာၿပီး ဆန႔္က်င္ဆႏၵျပပြဲေတြကို ဦးေဆာင္ခဲ့ၾကသလို အိုးအိမ္ပစ္ထြက္ေျပးၾကရတဲ့အမ်ိဳးသမီးေတြနဲ႔ ျပည္သူ႔ ကာကြယ္ေရးအဖြဲ႕ေတြအတြက္ လိုအပ္တဲ့ ပံ့ပိုးမႈေတြကိုလည္း လုပ္ခဲ့ၾကတယ္လို႔ စာတမ္းထဲမွာ ေျပာထားပါတယ္။ ဒါ့အျပင္ ဆရာဝန္ေတြ၊ ေဆးဝန္ထမ္းေတြ၊ ဆရာမေတြ၊ ဘဏ္ဝန္ထမ္းေတြ စတဲ့ က႑စုံက အမ်ိဳးသမီးေတြဟာ အၾကမ္းမဖက္အာဏာဖီဆန္ေရးမွာ ပါဝင္ၿပီး စစ္အာဏာသိမ္းမႈကို ဆက္လက္ တြန္းလွန္ေနၾကတာကို မီးေမာင္းထိုးျပထားပါတယ္။

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြ၊ အထူးသျဖင့္ ပဋိပကၡျဖစ္တဲ့ေနရာေတြမွာ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြနဲ႔ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြရဲ႕ အသက္ အႏၲရာယ္စိုးရိမ္းစရာျဖစ္တဲ့ လုပ္ရပ္ေတြကို အျမန္ဆုံးရပ္တံ့ဖို႔အတြက္ HURFOM ၊ KWAT နဲ႔ ND-Burma အဖြဲ႕ ၃ ခုက ေတာင္းဆိုထားပါတယ္။ စစ္အာဏာပိုင္ေတြအေပၚ အေရးယူမႈေတြကို အျမန္ဆုံး မလုပ္ရင္ သူတို႔ကို စိန္ေခၚေနတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ အႏၲရာယ္က်ေရာက္ႏိုင္တဲ့ အေျခအေန ပိုၿပီးက်ေရာက္ႏိုင္တယ္လို႔လည္း ဒီအဖြဲ႕ေတြက ေထာက္ျပထားပါတယ္။

Facebook လူမႈကြန္ရက္ရဲ႕ ကုမၸဏီ Meta ကလည္း အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့လုပ္ငန္းေတြ ေရရွည္ရပ္တည္ႏိုင္စြမ္းရွိေအာင္ ျပဳစုပ်ိဳးေထာင္ဖို႔ အေရးႀကီးတဲ့အေၾကာင္း ေဆာင္းပါးကို ထုတ္ျပန္ပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြဦးေဆာင္တဲ့ လုပ္ငန္းေတြရဲ႕ ကိန္းဂဏန္းအခ်က္အလက္ေတြကို ထည့္သြင္းေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါျဖစ္တဲ့အခ်ိန္ကစၿပီး Instagram အသုံးျပဳလာတဲ့ အမ်ိဳးသမီးပိုင္ စီးပြားေရးလုပ္ငန္း အေရအတြက္ ၅၀% ေက်ာ္ ျမင့္တက္လာခဲ့သလို Facebook ေပၚမွာ အမ်ိဳးသမီး ပိုင္ဆိုင္တဲ့ စီးပြားေရးလုပ္ငန္းေတြ စတင္လာတဲ့ အေရအတြက္ဟာ ကပ္ေရာဂါ စျဖစ္ခ်ိန္ကစလို႔ ၄၀% ေက်ာ္ တိုးျမင့္လာတယ္လို႔ Meta ကုမၸဏီက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တိုင်းရင်းအမျိုးသမီးအဖွဲ့များဂုဏ်ပြု

ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ မြန်မာနိုင်ငံက ကရင်၊ မွန်၊ ကချင်တိုင်းရင်းသူ အမျိုးသမီးတွေ အထိမ်းအမှတ် ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ကရင်လူမှုအဖွဲ့အစည်းတွေအပါအဝင် နယ်ပယ်အသီးသီးမှာ အများအတွက် ကိုယ်ကျိုးစွန့် လုပ်ကိုင်နေကြတဲ့ ကရင်အမျိုးသမီး ၁၀ ဦးကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့ပါတယ်။ မွန်လူ့အခွင့်အရေးအဖွဲ့ HURFOM၊ KWAT ကချင်အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ) နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ မှတ်တမ်းတင်နေတဲ့ ND-Burma တို့က မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ ရဲစွမ်းသတိတွေ စစ်အာဏာသိမ်းပြီးနောက် အစမ်းသပ်ခံနေရတယ်ဆိုတဲ့ စာတမ်း ၁ စောင်ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာသတင်းပို့ထားပါတယ်။

၁၉၄၉ ခုနှစ်ကတည်းကတည်ထောင်ခဲ့တဲ့ ကရင်အမျိုးသမီးအစည်းအရုံး KWO က ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ နယ်ပယ်အသီးသီးမှာ ပေးဆပ်လုပ်ဆောင်နေတဲ့ ကရင်အမျိုးသမီး ၁၀ ဦးကိုဂုဏ်ပြုခဲ့ပါတယ်။ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ မီဒီယာလုပ်ငန်းတွေမှာ ဆယ်စုနှစ်တခုမက ပေးဆပ်ခဲ့ကြတဲ့ အမျိုးသမီး ၁၀ ဦးကို ဒီနှစ်မှာ ဂုဏ်ပြုတာဖြစ်ပါတယ်။ ဒီလိုဂုဏ်ပြုခံရတဲ့အထဲမှာ မယ်တော်ဆေးခန်းရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေး ဒုတိယညွှန်ကြားရေးမှူး မနွေးနွေးဦးလည်းပါဝင်ပါတယ်။ ဂုဏ်ပြုခဲ့ရတာနဲ့ပတ်သက်လို့ မနွေးနွေးဦးက အခုလိုပြောပြပါတယ်။

“အမျိုးသမီးနဲ့ကလေးကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီးတော့ လုပ်ခဲ့တာပေါ့နော်၊ KWO ပတ်သက်ပြီးတော့ ကျမတို့က အထူးသဖြင့် ကလေးကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး၊ IDP ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ကလေးစောင့်ရှောက်ရေးမူးဝါဒတွေ Child right တွေကို awareness တွေကို လုပ်တာတွေကို အတူတူလုပ်တာတွေရှိတာပေါ့နော်။ KWO ကရင်အမျိုးသမီး အစည်းအရုံးနဲ့ အတူတွဲလုပ်နေတာလည်းကြာပြီပေါ့နော်။ ကျမကိုတော့အမျိုးသမီးနဲ့ ကလေးကာကွယ်ရေးလုပ်တာကြောင့် သူတို့က ပေးတာပေါ့နော်။ ကလေး ကာကွယ်ရေးလုပ်ငန်းတွေ၊ မူဝါဒတွေရေးဆွဲတာတွေကို ထဲထဲဝင်ဝင်လုပ်ဆောင်ပေးတာပေါ့နော်။ ကျမတို့ Migrant မှာလုပ်ခဲ့တဲ့အတွေ့အကြုံနဲ့ ကရင်ပြည်နယ်ထဲမှာဆီလျော်တဲ့လုပ်ငန်းတွေကို အတူတူရေးဆွဲကြတယ်။ အတူတူလုပ်ကိုင်ကြပါတယ်။”

၁၅ နှစ်ကြာ မယ်တော်ဆေးခန်းမှာ အလုပ်လုပ်နေတဲ့ မနွေးနွေးဦးက အခုလို ဂုဏ်ပြုခံရတဲ့အတွက် အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်နိုင်လိမ့်မယ်လို့ ယူဆကြောင်း အခုလိုပြောပါတယ်။

“ပြောချင်တာကတော့ အခုလိုပေးတဲ့အတွက် ဝမ်းသာတာပေါ့နော်။ ဒီလိုမျိုးအောင်မြင်ပြီးလုပ်နိုင်တာကလည်း ကျမတို့ရဲ့ ကလေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ၊ အမျိုးသမီးတွေရဲ့ကဏ္ဍတွေကို တဖက်ကလည်း မြှင့်တင်ပေးတဲ့အပိုင်းတွေလည်းဖြစ်တာပေါ့နော်။ ကျားမ တန်းတူရေးတွေကိုပြောတဲ့အခါ အမျိုးသမီးတွေဦးဆောင်မှုအပိုင်းတွေမှာပါနိုင်ဖို့အတွက်လည်း ကျမတို့လည်း ကြိုးစားနေကြတာပေါ့နော်၊ ကျမတို့ရဲ့လုပ်ငန်းခွင်တွေမှာလည်း တရားမျှတမှုတွေရဖို့ ကြိုးစားနေရတပေါ့နော်။ ကျမတို့အမျိုးသမီးတွေအနေနဲ့ တန်းတူရဖို့အတွက် ဆက်လုပ်နိုင်ဖို့ ကိုယ်နိုင်တဲ့ တဒေါင့်တနေရာကနေ ကြိုးပမ်းသွားကြရမှာပေါ့။”

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အမျုးိသမီးတွေရဲ့ ရဲစွမ်းသတ္တိတွေ အစမ်းသပ်ခံနေရတဲ့အကြောင်း Resist ဆိုတဲ့ စာတမ်း ၁ စောင်ကို မွန်လူ့အခွင့်အရေးအဖွဲ့ HURFOM၊ KWAT ကချင်အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ) နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ မှတ်တမ်းတင်နေတဲ့ ND-Burma တို့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

ဒီစာတမ်းမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်မှာ မြန်မာနိုင် ငံတလွှားက အမျိုးသမီးခေါင်းဆောင်တွေထွက်ပေါ်လာပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြသလို အိုးအိမ်ပစ်ထွက်ပြေးကြရတဲ့အမျိုးသမီးတွေနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေကိုလည်း လုပ်ခဲ့ကြတယ်လို့ စာတမ်းထဲမှာ ပြောထားပါတယ်။ ဒါ့အပြင် ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ၊ ဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေ စတဲ့ ကဏ္ဍစုံက အမျိုးသမီးတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးမှာ ပါဝင်ပြီး စစ်အာဏာသိမ်းမှုကို ဆက်လက် တွန်းလှန်နေကြတာကို မီးမောင်းထိုးပြထားပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အသက် အန္တရာယ်စိုးရိမ်းစရာဖြစ်တဲ့ လုပ်ရပ်တွေကို အမြန်ဆုံးရပ်တံ့ဖို့အတွက် HURFOM ၊ KWAT နဲ့ ND-Burma အဖွဲ့ ၃ ခုက တောင်းဆိုထားပါတယ်။ စစ်အာဏာပိုင်တွေအပေါ် အရေးယူမှုတွေကို အမြန်ဆုံး မလုပ်ရင် သူတို့ကို စိန်ခေါ်နေတဲ့ အမျိုးသမီးတွေအနေနဲ့ အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေ ပိုပြီးကျရောက်နိုင်တယ်လို့လည်း ဒီအဖွဲ့တွေက ထောက်ပြထားပါတယ်။

Facebook လူမှုကွန်ရက်ရဲ့ ကုမ္ပဏီ Meta ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ဖို့ အရေးကြီးတဲ့အကြောင်း ဆောင်းပါးကို ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဦးဆောင်တဲ့ လုပ်ငန်းတွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်တဲ့အချိန်ကစပြီး Instagram အသုံးပြုလာတဲ့ အမျိုးသမီးပိုင် စီးပွားရေးလုပ်ငန်း အရေအတွက် ၅၀% ကျော် မြင့်တက်လာခဲ့သလို Facebook ပေါ်မှာ အမျိုးသမီး ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်လာတဲ့ အရေအတွက်ဟာ ကပ်ရောဂါ စဖြစ်ချိန်ကစလို့ ၄၀% ကျော် တိုးမြင့်လာတယ်လို့ Meta ကုမ္ပဏီက ပြောပါတယ်။

=============

XS
SM
MD
LG