သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Internet လူမှုကွန်ယက် ကလေးတွေစိတ်ဖိစီးမှုဖြစ်


ဂျာကာတာမြို့ရှိ Internet ဆိုင်တွင် facebook သုံးနေသော ကလေးများကိုတွေ့ရစဉ် (ဒီဇင်ဘာ ၂၀၁၃)
ဂျာကာတာမြို့ရှိ Internet ဆိုင်တွင် facebook သုံးနေသော ကလေးများကိုတွေ့ရစဉ် (ဒီဇင်ဘာ ၂၀၁၃)

အမေရိကန်လူမျိုး ၉၀% နီးပါးဟာ သူတို့ရဲ့ Email, Text message နဲ့ လူမှုကွန်ယက်တွေကို အဆက်မပြတ် ဒါမှမဟုတ် မကြာခဏကြည့်မိနေတဲ့အတွက် စိတ်ဖိစီးမှုဖြစ်ရတယ်လို့ပြောကြကြောင်း အမေရိကန် စိတ်ပညာဆိုင်ရာ အဖွဲ့အစည်း APA ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ လေ့လာတွေ့ရှိချက်မရ အဆက်မပြတ် Online ပေါ်ကအကြောင်းအရာတွေကို ကြည့်ဖြစ်နေကြသူတွေရဲ့ စိတ်ဖိစီးမှုရေချိန်ဟာ ကြည့်တဲ့အကြိမ်ရေ နည်းသူတွေထက် ပိုပြီးမြင့်မားတာတွေ့ရပါတယ်။

စိတ်ဖိစီးမှုအဆင့် ၁ ကနေ ၁၀ သတ်မှတ်ပြီး လေ့လာခဲ့တာမှာ Smart လက်ကိုင်ဖုန်းတွေကို တချိန်လုံးနေကြသူတွေရဲ့ စိတ်ဖိစီးမှုက ၅.၃ အဆင့်မှာရှိပြီး သူတို့လောက် တချိန်လုံးမကြည့်ကြသူတွေက ၄.၄ အဆင့်မှာ ရှိကြပါတယ်။

အလုပ်ပိတ်ရက်မှာလည်း အလုပ်နဲ့ဆိုင်တဲ့ Email တွေကိုကြည့်ကြသူတွေရဲ့ စိတ်ဖိစီးမှုအဆင့်ကတော့ ၆ မှာရှိတာကို လေ့လာတွေ့ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လက်ကိုင်ဖုန်းတွေ Tablet computer တွေ၊ လူမှုကွန်ယက်တွေ အသုံးများလာကြတာက အမေရိကန်တွေရဲ့ နေ့တဓူဝ နေထိုင်မှုနဲ့ တယောက်နဲ့တယောက်ဆက်သွယ်မှုပုံစံကို ပြောင်းလဲသွားစေခဲ့တယ်လို့ APA ရဲ့ လက်တွေ့သုတေသနဲ့ မူဝါဒရေဒရာ အမှုဆောင်ဒါရိုက်တာ Lynn Bufka ကပြောပါတယ်။

တချိန်လုံး Text Message တွေ၊ လူမှုကွန်ယက်တွေသုံးနေကြတဲ့ ကလေးတွေမှာ ဖြစ်လာတဲ့ စိတ်ဖိစီးသောကရောက်မှုတွေကို မိဘတွေက သတိထားမိတာကိုလည်း လေ့လာချက်မှာ တေ့ွခဲ့ကြပါတယ်။ လေ့လာချက်မှာပါဝင်တဲ့ မိဘ ၉၄% က သူတို့ကလေးတွေ လက်ကိုင်ဖုန်းတွေ computer တွေသုံးတာကို ကန့်သတ်ဖို့ကြိုးစားတယ်လို့ ပြောကြပါတယ်။ ကလေးတွေနဲ့ သူတို့လက်ကိုင်ဖုန်းတွေ သီးခြားခွဲထားလို့မရဘူးလို့ မိဘ ၅၈% ကထင်ကြပါတယ်

Internet လူမှုကွန်ယက် ကလေးတွေစိတ်ဖိစီးမှုဖြစ်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG